မေတ္တာနဲ့ထွေးပေးပါ
###########
တစ်ခါတုန်းက အလွန်ဆင်းရဲတဲ့လင်မယားနှစ်ယောက်ရှိတယ်
ပကာသနတွေမရှိကြပေမယ့် သူတို့အရမ်းချစ်ကြတယ်
ပျော်ရွင်ကြတယ် ကြင်နာကြတယ် ယုယကြတယ်
သူ့တို့အသက်ကြီးမှ သမီးမိန်းကလေးတစ်ယောက်ရတယ်
အဲ့ကလေး မွေးချိန်က ပတ်ဝန်းကျင် က တီးတိုးပြောတယ်
လူ့လောကရဲ့ ဆင်းရဲခြင်းကို မျှဝေခံစားဖို့
လူတစ်ယောက်တိုးလာပြန်ပြီးတဲ့
အဲ့စကားကို ဆင်းရဲသား လင်မယားကြားသွားတယ်
ယောင်္ကျားဖြစ်သူက သူ့မိန်းမကို ကလေးသေချာစောင့်ရှောက်ပါ
ဒီနေ့ကစပြီး သမီးလေးရဲ့ လိုအပ်ချက်တိုင်းကို
ဖြည့်ဆည်းပေးနိုင်ရမယ်ဆိုပြီး
ဖခင်ဖြစ်သူဟာနေ့မနား ညမနား အလုပ်တွေမျိုးစုံလုပ်တယ်
ဒီလိုနဲ့ သူဟာ တဖြည်းဖြည်း ခြင်း
ကုန် တိုက် ပိုင်ရှင်ကြီးဖြစ်လာတယ်
သစ်ရောင်းဝယ်ရေး တွေ ဆန် လုပ်ငန်းကိုပါ
ပို်င်ဆိုင်လာတယ်
ဒါပေမယ့် စီးပွားရေး လုပ်ငန်းတွေအရ
မိသားစု နဲ့ ခွဲခွာပြီးနေကြတယ်
လိုအပ်ချက်မှန်သမျှငွေကြေးကိုဖြည့်ဆည်းပေးတယ်
ဇိမ်ခံ ပစ္စည်းတွေ အကောင်းဆုံးဆိုတဲ့အရာတွေကို
အဝေးက ထောက်ပံ့ပေးအပ် တယ်
အဲ့လိုနဲ့ သမီး ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ကြတော့
သမီးလေးကို စိန်ဆွဲကြိုး စိန်လက်စွတ်ကို
မွေးနေ့လက်ဆောင်ပေးတယ်
ပြီးတော့ နံမည်ကြီးအထည်ဆိုင်တစ်ခုကို
ခေါ်ဆောင်သွားပြီး သူ့သမီးလေးကြိုက်မယ်ထင်တဲ့
အရာတွေဝယ်ပေးတယ်
ည အိပ်ရာဝင်ချိန်မှာ အဖေလုပ်သူကသမီးလုပ်သူကိုမေးတယ်
ဘာတွေလိုအပ်သေးလဲ သမီး
မနက်ဖြန် ဖေဖေ အလုပ်ကိုပြန်တော့မှာ
လိုအပ်တာပြော ပို့ပေးမယ်
သမီးဘဝမှာ ဖေဖေ့ကို ဘာမှ မတောင်းဆိုခဲ့ဖူးဘူး
တောင်းဆိုခဲ့ရင်ရော လိုက်လျောမှာလားဖေဖေ
သမီးလိုချင်တာမှန်သမျှ ဖေဖေဖြည့်စွမ်းပေးနိုင်တယ်
ဘာလိုချင်လဲ ရွှေနဲ့ရက်လုပ်ထားတဲ့ အင်္ကျီလား
နောက်ဆုံးပေါ်ကားလား ပြောသမီးလေး
ဘာမှမဟုတ်ပါဘူး ဖေဖေရယ်
သမီးတို့မိသားစုက အရမ်းဆင်းရဲတယ်တဲ့
မေမေပြောပြတာ...
ဖေဖေ ချွေးနဲ့ ဆင်းရဲခြင်းကို ဖယ်ရှားခဲ့ပြီလေ
ခုသမီးလိုချင်တာဖြစ်ရမှာပေါ့ပြောပါ
အရင်လို လူဆင်းရဲပြန်ဖြစ်ချင်တယ်ဖေဖေ
အနည်းဆုံးတော့ မေမေ စိတ်မဆင်းရဲတော့ဘူး
သမီးလည်း ဖခင်မေတ္တာ မငတ်တော့ဘူးပေါ့။
ဟင် သမီး တို့သားအမိအတွက် ဖေဖေကြိုးစားနေတာ
သမီးတို့ကို မြင့်မားတဲ့ဘဝကိုပေးစွမ်းချင်ခဲ့လို့
ခုလိုကြိုးစားရုန်းကန်ခဲ့တာ
သမီးလိုချင်တာမှန်သမျှ ဖေဖေ ဝယ်ပေးနိုင်ပြီလေ
ငွေကြေးက လူဘဝရဲ့
ရပ်တည်မှုကိုဖော်ပြပေးစွမ်းနိုင်တယ်ဖေဖေ
ဖေဖေ ကြိုးစားမှု ရင်းနှီမှုတွေကြောင့်သာ
သမီးတို့ဘဝ မြင့်မားတာပါ
ဒါပေမယ့် သမီးလိုချင်တာ
မေတ္တာနဲ့ ထွေးပွေ့မှုမျိုးပါဖေဖေ
လှတာနဲ့ကြိုက်နှစ်သက်တာမတူညီဘူးဖေဖေ
အလှတရားဆိုတာ အားလုံးမှာရှိတယ်
လှတဲ့အရာတိုင်းကို ကြိုက်နှစ်သက်ရမယ်လို့တော့မရှိဘူး
သမီးလိုချင်တာ ဖေဖေ့မေတ္တာရိပ်
ဖေဖေ ပေးမယ့်အချိန်တွေကို
သားသမီးတစ်ယောက်အနေနဲ့ မျှော်လင့်တာပါ
ဒါဟာငါ့အဖေပါဆိုတဲ့စကားကို
ဓာတ်ပုံပြပြီးပြောခဲ့ရတဲ့ ရက်လနှစ်တွေ
ငါ့အဖေက အရမ်းချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတာထက်
ငါ့အဖေက လူမချမ်းသာပေမယ့်
ငါ့ကိုစိတ်ချမ်းသာအောင်ထားနိုင်တယ်ဆိုတာမျိုးပဲ
ဂုဏ်ယူဝင့်ကြွားချင်တယ်ဖေဖေ
ကျေးဇူးပြု၍ မေတ္တာ နဲ့ ထွေးပေးပါ
သမီး နွေးထွေးမှုကိုခံစားချင်လို့ပါဖေဖေရယ်။
ဘာမထီဘွား...အတွေးစာစုလေးများ