မိုး ခါး ရေ

Words
175
Reading
1 min
Listen
Play
9y

#မိုးခါးရေ

''ဟျောင့် ပစ်ချလိုက်စမ်းပါ
အဲ့ဒါကြီးကိုင်မထားနဲ့ ''

''အေ့လေ ဟုတ်သားပဲ
ရွံစရာကြီးကွာ ကိုင်မထားစမ်းပါနဲ့ ''

လူအုပ်ကြီးမှလည်း
''ဟျောင့် နံဆော်နေတာပဲကွာ ဘေးလူတွေကို အားနာဦးဟ
လွှင့်ပစ်စမ်းပါ
အဲ့ဒါကြီးကို''

ကျနော်ယောင်နနဖြစ်လာမိသည်
ဒီပစ္စည်းကို မစွန့် ပစ်ရက်တာမို့ 
ဒီလူတွေကို စွန့် ခွာခဲ့မိသည်
လက်ထဲတွင် မြဲမြံစွာကိုင်ထားမိသော အမှန်တရားက ကျနော့်ကို အထင်တကြီး မော့ကြည့်ရင်းလိုက်ပါလာခဲ့လေ
သည်

ဒီလိုနဲ့  လျှောက်လာရင်း လမ်းတစ်နေရာအရောက်မှာ
''ညီလေး လာ ဝင်သောက်သွားပါဦး''

ကျနော်ကြည့်မိတော့ လူအများဟာ
ဝိုင်းဖွဲ့ ပြီးသောက်နေကြတယ်
တချို့ ကတော့ မသောက်ရသေးသူတွေကို သောက်ဖို့  ဖိတ်ခေါ်နေကြတယ်

လာသမျှလူတိုင်းကို တိုက်နေတာဖြစ်သလို လာသမျှသူတိုင်းကလည်း သောက်နေကြတယ်

''ဘာအရည်မို့  အတင်းတိုက်နေတာလည်းအစ်ကို''

''မိုးခါးရေလေကွာ လာပါညီလေးရ သောက်လို့  သိပ်ကောင်းတာ''

မသောက်သေးတဲ့ ကျနော့်ကို သူတို့  ကအရူးလိုဝိုင်းကြည့်ကြသည်

စကားဝိုင်းတစ်ခုမှ အသံတစ်ခုထွက်လာသည်
''အမျိုးဘာသာ သာသနာကို စောင့်... ..''

နောက်ဝိုင်းတစ်ခုမှလည်း ''မေမေ့ အကွက်လေး... ''

ခေါင်းတွေမူးလာသည်

''တိုင်းပြည်ချောက်ထဲကျရန်.... ''

''တို့ ဘက်ကလူတွေက ဘာမှ မလုပ်ပဲကို တော်နေ...''

''တို့ ကချင်တွေသိထားရမှာက ဗမာတွေ စောက်ကျင့်မကောင်း ...''

ကျနော်ဆုပ်ကိုင်ထားမိတဲ့ စည်းလုံးခြင်းအမှန်တရားဟာ ဒီသွေးကွဲနေတဲ့ ရန်လိုနေတဲ့
လော်ချင်နေတဲ့ စကားသံတွေကို နားမခံနိုင်စွာ တုန်ယင်နေတယ်
ပြိုကွဲချင်နေတယ်

ထွက်မသွားဖို့  ကျနော်အတင်းတားပေးမယ့်
ကျနော့်အင်အားလောက်နဲ့ 
ဒီစည်းလုံးခြင်းကို မပြိုကွဲအောင် မထိန်းထားနိုင်ဘူး

ကျနော့်ရဲ့ လူအဖွဲ့ အစည်းကြီးကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိတယ်
စိတ်တွေကလည်း ယိုင်မိလာယ်
''ပေးဗျာ ကျနော်လည်း သောက်မယ်''

''ရော့ကွာ သောက်''

''တစ်ခွက်သောက်ပြီးတော့
ပါးစပ်က လွှတ်ခနဲထွက်သွားမိတယ်
''စောက်ကုလားတွေ''

နှစ်ခွက်သောက်မိတော့ ဘေးနားက
ဂျိုင်းထောက်နဲ့  ဖြတ်သွားတဲ့ စစ်သားဟောင်းကြီးကို
''မအေဘေး စစ်ခွေးတွေ''

သုံးခွက်သောက်မိတော့
စိတ်ထဲပြုံးချင်မိလာတယ်
ပါးစပ်က ထပ်တလဲလဲ ရွတ်မိလာတာက ''မေမေ့ အကွက်လေးတွေ သိပ်လှတယ်''

ဒီလိုနဲ့ ခွက်တွေအများကြီးသောက်မိသွား
တယ်
''ပေးဆပ်မှုအများဆုံး ရယူမှုအနည်းဆုံးနဲ့  ကျနော် အမတ်လုပ်ချင်လာတယ်''
လူတွေစည်းရုံးနေရင် စောက်မြင်တွေကပ်လာတယ်
သေနပ်သံတွေကြားချင်လာတယ်

''ညီလေး မသောက်နဲ့ တော့
မင်းသိပ်မူးနေုပြီ''

လက်ထဲမှာ ကိုင်ထားတဲ့ စည်းလုံးခြင်းကို
လည်လိမ်ချိုးလိုက်ပြီး
''ဒါကို ဖုတ်ပြီးသုတ်ပေး
ကျုပ်ဒါနဲ့ မြည်းမယ်''

ဟိုးအဝေးတစ်နေရာက ရွှေပြည်တော်ကြီးကို
ကျောခိုင်းလိုက်ရင်း
သောက်နေမိတဲ့ မိုးခါးရေတွေဟာ တစ်ခွက်ပြီးတစ်ခွက် ...
တစ်ခွက်ပြီးတစ်ခွက်
image
writer by@susuyee

မိုး ခါး ရေ | Ecency