ရေးခဲ့ဖူးသော ဝတ္ထုတိုလေး

ကျွန်တော်ရယ် ကျွန်တော့်အဖော်နှစ်ယောက်ရယ်
တောအုပ်တစ်ခုကို ဖြတ်သန်းခဲ့တယ်...
အိမ်မက်ဆိုတဲ့အတိုင်း အကြောင်းပြချက်တော့မဲ့ တာပေါ့... ရုတ်တရက်...
သေနတ်ကိုယ်စီနဲ့ လူတွေရောက်လာတယ်...
ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ မြန်မာဇာတ်ကားတွေ ထဲကအတိုင်း ကျွန်တော်တို့ ကို သူတို့ စခန်းရှိရာ
ဖမ်းခေါ်သွားတယ်....

ခေါင်းဆောင်ဖြစ်ဟန်တူသူက...
'ဟိုသုံးကောင် မင်းတို့ ဘယ်ကကောင်တွေလဲ'

ပြန်မဖြေသေးခင်မှာပဲ
'ထားလိုက်တော့ ငါမသိချင်တော့ဘူး မင်းတို့ က မကြာခင်သေရမှာဆိုတော့'

သုံးယောက်လုံး ထိတ်ခနဲ ဖြစ်သွားတယ်

'ဒါပေမယ့် မင်းတို့ ကို ဒီတိုင်းမသတ်ဘူး
သဘောထားလေးတွေမေးမယ်'

သူ့ မေးစေ့ကို ပွတ်သပ်ရင်းစဉ်းစားနေတယ်...

'သေချာနားထောင် မင်းတို့ မသေခင် ပြောချင်တဲ့ စကားတစ်ခွန်း...တစ်သံပဲထွက်ရမယ် ငါ့ကို လုံလောက်တဲ့ ဖြေရှင်းချက်ပေးရင် လွတ်မယ်'

ပထမလူကိုစမေးတယ်...

'ရပြီဖြေတော့'

ဇောချွေးတွေပျံနေပြီး အလွန်အမင်းထိတ်လန့် နေ တယ်။

''အား''

အသံနက်ကြီးတစ်ခုထွက်လာပြီး အဲ့ဒိလူလဲကျသွား တယ်။ဓါးပြအဖွဲ့ ကလူတွေ တစ်ယောက်ကိုတစ် ယောက်ကြည့်ပြီး အံ့အားသင့်နေကြတယ်...
ဘယ်သူပစ်လိုက်တာလဲ ဘယ်သူသတ်လိုက်တာ လဲ။

'တစ်ယောက်လာဦး....သွားစစ်ကြည့်စမ်း'

'ဘာမှမဖြစ်ဘူးဆရာ အကောင်းကြီး'

''အား''လို့ အော်တဲ့သူက မျက်နှာသေလေးနဲ့  ပြန်ထလာတယ်....

'ဟေ့ကောင် ငါ့ကိုကြည့်စမ်း မင်းကငါတို့ ကိုနောက် တာလား'

'မဟုတ်ပါဘူးဆရာ... ဆရာကတစ်ခွန်းတည်း တစ်သံတည်းထွက်ရမယ်ဆိုလို့  ''အား'' လို့ အော် လိုက်တာ'

'ဖြေရှင်းချက်ပေးစမ်း'

'ကျွန်တော်သေရတော့မယ် ဒါပေမယ့်ကျွန်တော် မသေချင်သေးဘူး ကျွန်တော့်မှာ မိသားစုရှိတယ်
ကျွန်တော်ထွက်ပြေးဖို့ လည်း စဉ်းစားတယ် ဒါပေမယ့်မလွတ်နိုင်ဘူး ပြန်ခံချဖို့ ဆို ပိုမဖြစ်နိုင်ဘူး.
ဒီတော့ ဆရာတို့ ဆန္ဒကိုလိုက်ရောပြီး တစ်ခွန်းတည်းအော်လိုက်တာပါ ''အား''လို့ '

'မင်းမှာတောင်းပန်ဖို့ စိတ်ကူးမရှိဘူးလား တချို့ဆို မသတ်ပါနဲ့ ဆိုပြီးတောင်းပန်ကြတယ်လေ'

'ဟုတ်ကဲ့ စိတ်ကူးရှိပါတယ် ဒါပေမယ့် ကျွန်တော်က ပထမဆုံးလူပါ...ကျွန်တော်တောင်းပန်လို့  လွှတ်ပေးလိုက်ရင် နောက်နှစ်ယောက်ကလည်း တောင်းပန်လိမ့်မယ်...ဒီတော့ ဆရာတို့ စခန်းကို ရောက်လာတဲ့ သူစိမ်းသုံးယောက်ကို ဓါးပြစိတ်နဲ့  တော့ ဘယ်လွှတ်ပေးပါ့မလဲ...ဒါကြောင့်ကျွန်တော် ကြည်ကြည်ဖြူ ဖြူ အသေခံမယ်'

'ခုန မင်းကိုကြည့်ရတာ ကြောက်နေတဲ့ရုပ်ပါ အခု ဘယ်လိုဖြစ်ပြီး တည်ငြိမ်သွားတာလဲ...'

'ကျွန်တော်နာကျင်စွာ အော်လိုက်တဲ့ အား ဆိုတဲ့ အသံနဲ့ အတူ ကျွန်တော့်ရဲ့ ကြောက်ရွံ့ ခြင်းတွေ သေဆုံးသွားပါပြီ မယုံရင် သေနတ်နဲ့ ပစ်ကြည့်ပါ
''အား''ဆိုတဲ့ အသံဆရာတို့ ကြားရမှာ မဟုတ်ဘူး'

'မိုက်တယ်ကွာ ဒီနေ့ မေးရတာ သိပ်တန်တာပဲ...
မင်းတို့ သုံးယောက်ထဲက တစ်ယောက်ရှင်မယ်ဆို ရင်မင်းဘယ်သူ့ ကို ရှင်စေချင်လဲ'

သူကျွန်တော့်ကိုလှမ်း ကြည့်တယ် ကျွန်တော့်ဘေး ကဒုတိယလူကိုဆက်ကြည့်တယ်...ကျွန်တော်တို့  နှစ်ယောက်လုံးက အသနားခံတဲ့ မျက်ဝန်းတွေနဲ့ ပြန်ကြည့်မိကြတယ်...

'ကျွန်တော်မဖြေချင်ဘူး'

'ဘာဖြစ်လို့ လဲ'

'ကျွန်တော့် အတ္တအရ ရှင်သန်ချင်တာ ကျွန်တော်ပါ ဒါပေမယ့် ဒါဟာ ဆရာလိုချင်တဲ့ အဖြေမဟုတ်ဘူး
သူရဲကောင်းဝါဒနဲ့ နှစ်ယောက်ထဲက တစ်ယောက် ကိုရွေးရင် တစ်ယောက်အပေါ် မတရားရာကျမယ်
ကျွန်တော်ရှင်သန်ချင်ပါတယ် ဒါပေမယ့် မယုတ်မာ ချင်ဘူး ဘက်မလိုက်ချင်ဘူး ခရီးသွားချင်းအတူတူ တန်းတူ မေတ္တာထားပါတယ်'

'မင်းသေရမှာမကြောက်ဘူးလား'

'ကြောက်ပါတယ် ဒါပေမယ့် ယုတ်မာပျော့ညံ့ ရမှာ ပိုကြောက်တယ်'

လက်ခုပ်သံတွေ ထွက်လာတယ်
ခေါင်းဆောင်ကပြုံးသွားတယ်

'ငါတို့ ကဓါးပြတွေကွ ငါတို့ နေရာမှာမင်းဆိုရင် ပြန်လွှတ်မလား သတ်ပစ်မလား'

'စိတ်ရင်းအတိုင်းဖြေပါ့မယ် ကျွန်တော် ဓါးပြတစ် ယောက်နေရာကနေ ဝင်ကိုယ်ချင်းစာလို့ မရဘူး
ဘာဖြစ်လို့ လဲဆိုတော့ ဘယ်အခြေအနေရောက် ရောက် ကျွန်တော်ဓါးပြလုပ်ဖို့ စိတ်ကူးမရှိလို့'

'ဟ...ဒီလိုဖြေရင် မင်းအသက်သေသွားမှာပေါ့... မင်းမတွေးမိဘူးလား'

' ''အား ''ဆိုတဲ့အော်သံနဲ့ အတူကျွန်တော်သေသွားပါ ပြီ... အခုလိုလူပီသခွင့်ရနေတာ ကျွန်တော့် အမြတ်ပါ'

လက်ခုပ်သံတွေ ထပ်ထွက်လာတယ်

''ဟေး ''ဆိုတဲ့ ပျော်ရွှင်တဲ့ အသံ တစ်ခုကို လူနှစ် ယောက်ပါးစပ်ကထွက်လာတယ်....

'ခုနအော်တာ မင်းတို့ လား'

ကျွန်တော်နဲ့ ကျွန်တော့်ဘေးကလူ က ပြုံးပြီးခေါင်း ငြိမ့်ပြလိုက်တယ်

'ဘာဖြစ်လို့ အော်တာလဲ'

'ပျော်လို့  ကျေနပ်လို့ '

'ဘာ'

'တစ်ခွန်းတည်း တစ်သံထဲကို ကျွန်တော်တို့ နှစ် ယောက် ပြောဖို့ ကျန်သေးတယ် တစ်သက်လုံး ကျွန်တော်တွေးခဲ့တာ သေဖို့ စဉ်းစားတိုင်း ကြောက် နေမိတယ် ရှောင်လွှဲလို့ မရမှန်း သိသိကြီးနဲ့  ဘယ်လိုရင်ဆိုင်မယ်ဆိုတာ မတွေးတတ်ခဲ့ဘူး...
အခုသိပြီ... ဒါကြောင့်ကျွန်တော်တို့ ပျော်တယ်
အနည်းဆုံးတော့ ''ဟေး'' လို့ အော်ခွင့်ရှိသေးတယ် မဟုတ်လား''
...........
........
.......
'သုံးယောက်လုံးပြန်လွှတ်လိုက်တော့'
''ဟေး''

image
အားလုံးရဲ့ ကျူးရင့်သံ
writer by @soesandar

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center