ဘာမှတော့မဆိုင်ဘူး စသားတွေတော့မိုက်တယ်

''ချစ်သူဖတ်ဖို့ ''

နှလုံးသား သက္ကရာဇ်ရဲ့ အစဟာ ချစ်သူ
ကိုတွေ့ တဲ့နေ့ ကစတယ်... မင်းမူသူမရှိလို့ .. သခင်မဲ့နေတဲ့ ထီးနန်း ရယ် အမှုတော်ထမ်းချင်နေတဲ့ ကျွန်တော်ရယ်...
သူမကို မျှော်နေကြ တယ်...
သြော်...ရောမမြို့ကြီးတည် ဆောက်ဖို့ အချိန် ဘယ်လောက်ယူ ခဲ့လည်းမသိ...
သစ္စာနဲ့ ကတိတွေက မြို့ ရိုးတွေလို ခိုင်ခံ့နေခဲ့တယ်...

ဒီထီး ဒီနန်း...ချစ်ရသူမြန်းဖို့ ...
ကိုယ့် လက်တွေကမ်းထားတယ်... ချစ်သူအတွက်ဆိုရင် သူရဲကောင်းမဟုတ်ဘဲ သူရဲကောင်းလုပ်ရဲတယ်...
ဒီခေတ်မျိုး မှာ ဓါးလှံတွေကို
ရင်ဆိုင်ရဖို့ မသေချာပေမယ့်
လောကဓံ ကိုတော့ ရင်ဆိုင်ကြရမယ်...

အိနြေ္ဒ အတုတွေနဲ့  သိမ့်မွေ့ ချင်ယောင် ဆောင်နေမယ့်အစား လှပရဲရင့်လိုက်စမ်းပါ...ကိုယ့်အချစ်တွေက ဘယ်တော့မှ အနှောင်အဖွဲ့  မဆန်စေရဘူး...ချစ်သူအတွက် အထောက်အပံ့ပဲ ဖြစ်စေရမယ်...

မတူညီတဲ့နေရာတွေက လာခဲ့ပေမယ့် တူညီသောဘူတာလေးမှာ ...
ကိုယ်တို့ ဆိုက်ရောက်ကြမယ်...
ခေါင်းဆောင်လည်းမဟုတ် နောက်လိုက်လည်းမလုပ်ဘဲ...လောကဓံကို အတူတူ လက်နဲ့ ပုတ်ကြတာပေါ့...တခါတလေ ပျော်ရွှင်စွာ လဲကျ ကြမယ်...အရင်ထနိုင်သူက ထူကြေး..

ကဗျာဆိုတာ စိတ်ကူးယဉ်ဆန်မှုသက်သက်မဟုတ်ဘူး...
လိုအပ်တဲ့အခါ ဘဝဆန်တယ်...ကိုယ်လက်ဖဝါးတစ်
စုံနဲ့  ကမ္ဘာ ကြီးကို မိုးလုံအောင် မအုပ် မိုးနိုင်မှန်း ကိုယ်သိတယ်...
ဒါပေမယ့် ချစ်သူတော့ လုံစေရမယ်...
မင်းယုံဖို့ ပဲလိုတယ်...

ကမ္ဘာ
@@@@

နှလုံးသားအဖြူ ဖြင့်မွမ်းမံသော
ကမ္ဘာမြေတစ်နေရာမှာ
ငြိမ်းချမ်းစွာအိပ်စက်
အဆုံးသတ်ချိန်တန်တဲ့အခါ
သေရတာဟာ နေရတာထက် မြတ်တယ်....

လက်နက်တွေမဲ့သောကမ္ဘာကို
အပြန်အလှန်ယုံကြည်ကြတဲ့
တစ်နေ့ မှာပိုင်ဆိုင်မယ်……

နာကျင်စရာနေ့ ရက်တွေကို
အပြန်အလှန် ကြင်နာကြတဲ့
တစ်နေ့ မှာ ကျောခိုင်းမယ်……

စိမ်းကားတဲ့ နံရံတွေအစား
ကမ်းလင့်တဲ့တံတားတွေ အစားထိုးမယ်……

စည်ကားသော်လည်း
ဆိတ်ငြိမ်နေမယ့်ကမ္ဘာ…
ဗုံးသံကျည်သံတွေအစား
ဂီတသံတွေနဲ့  လွှမ်းနေမယ့်ကမ္ဘာ…

စစ်ဘေးသင့်ပြည်သူတွေ
မရှိတဲ့ကမ္ဘာ…
အငတ်ဘေးဆိုတာကို မသိတဲ့ကမ္ဘာ…

ဒီလိုကမ္ဘာကို တရွေ့ ရွေ့ နဲ့ 
တို့ တွေချီတက်မယ်…

တို့ ခွန်တို့ အားနဲ့ 
ထမ်းပိုးထားရမယ့် ကမ္ဘာ…

အမုန်းတရားဆီသို့ 
ခေါင်းပြန်စိုက်ချင်နေတဲ့ကမ္ဘာ…

တတိယကမ္ဘာစစ်ကို
မျှော်လင့်နေတဲ့ ကမ္ဘာ…

အတ္တလောဘတွေနဲ့ 
စစ်ပွဲကိုဆာနေတဲ့ကမ္ဘာ…

ဟီရိုရှီးမား ပေါ် ကောင်ငယ်လေးပြုတ်ကျတယ်…
နာကာဆာဂီပေါ်
လူဝကြီးပြုတ်ကျတယ်…
ပုလဲဆိပ်ကမ်းမှာ အသားရှာတဲ့
စွန်ရဲတွေ ပျံသန်းခဲ့တယ်…

ညီတို့ ညီမတို့ ရေ…
ဒီကမ္ဘာကြီးဟာ စောက်ကျင့်မကောင်းဘူး
မင်းတို့ ထမ်းပိုးပါ…
မင်းတို့ မျိုးဆက်တွေကိုလည်း
ထမ်းပိုးခိုင်းပါ…
အမုန်းတရားထံ ဦးစိုက်ချင်နေတဲ့ကမ္ဘာကို
မေတ္တာတရားတွေနဲ့ 
ဦးမော့လာအောင်
ထမ်းပိုးပါ…

အဆင့်ဆင့်ထမ်းပိုးခြင်းများနဲ့ 
ငြိမ်းချမ်းသော ကမ္ဘာမြေတစ်ခု
တို့ များပြု စုကြတာပေါ့…

တို့ ရဲ့နောက်ဆုံးနေ့ ရောက်လာတဲ့အခါ
နောင်တကင်းကင်းနဲ့ 
တို့ ရဲ့ရှင်သန်ခဲ့ရခြင်းများကို
သမင်လည်ပြန်ကြည့်ရင်း
တို့ ငြိမ်းချမ်းတဲ့ခန္ဓာကို
ဒီကမ္ဘာမြေပေါ်
အပ်နှင်းကြတာပေါ့
image
writer by@sibobo

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center