☯☯၁၃၈၀ခုနှစ်ရဲ့ သင့်အတွတ်ကံကြမ္မာဟောစတမ်းကြီး☯☯

image
photo credit

  တနလာင်္သားသမီးများအတွတ်

ယခုနှစ်သည် ကံကြမ္မာအနည်းငယ် နိမ့်ဆင်းနေမည်။
လူမျိုးခြားနဲ့ပက်သက်သော လုပ်ငန်းများ၊စပ်တူလုပ်ငန်းများ၊အလှအပနဲ့ပက်သက်သောလုပ်ငန်းများ၊ပွဲစားလုပ်ငန်းများ အကျိုးပေးမည့်နှစ်ဖြစ်သည်။ကိုယ်ပိုင်စီးပွားရေးသမားများ၊မိမိမွေးရပ်ကလုပ်ငန်းများ အကျိုးပေးနည်းနေမည်။ရပ်တပါးကလုပ်ငန်းများ တိုးတက်ကောင်းမွန်မည်။ရွှေ၊လှေ၊လှည်း၊လူ အပြောင်းအလဲများမည်။လုပ်ငန်းတွင် လူမမြဲဖြစ်မည်။ ခရီးဝေး၊ခရီးယာရီ အသွားအလာများမည်။ယခုနှစ်တွင် အိမ်ခြေယာခြေ တည်မြဲမည်။မြေ၊မြင်း၊မိန်းမ၊မိတ်ဆွေတစ်ဦးဦး အတွတ် စကားများရမည်။ ကိုယ်ကျင့်တရား ယုတ်သောသူတွေကတော့ ယခုနှစ်ကြီးစွာ ပြဿနာရှင်းရမည်။အရှက်ရစေမည်။ထို့ကြောင့် ကောင်းသတင်းထက် ဆိုးသတင်းက ပို၍ကျော်ကြားတက်သောနှစ်ဖြစ်တာကြောင့် ကိုယ့်ကျင့်တရားအထူးထိန်းသိမ်းရမည်။ ဘာသာရေးနဲ့ဦးနှောက်အသိဥာဏ် အသုံးချလုပ်ကိုင်သူများ ကြီးပွားမည်။တဇွတ်ထိုးထင်ရာလုပ်ခြင်း၊အပျော်အပါး အပေါင်းအသင်းမတ်ခြင်း လျှော့ရမည်။ယခုနှစ်တွင် မိတ်ဆွေသစ်၊အပေါင်းသင်းသစ်များ ရမည်။ငွေဝင်၊ငွေထွက်ကြမ်းမည်။အပေါင်းအသင်း ဒုက္ခပေးမည်။ရှေ့တင်တမျိုး ကွယ်ရာတမျိုးအပြောခံရမည်။အတင်းအဖျင်းပြောခံရခြင်း၊မနာလို ဝန်တိုခြင်းများ ခံရမည်။ ကျန်းမာရေး ညံ့မည်။ ဖျားနာတာမကြာခဏဖြစ်ခြင်း၊မတော်တဆ ထိမိခိုက်မိခြင်း၊အဝလွန်သူများ အဆီနဲ့ပက်သက်တာတွေ၊သွေးသားနဲ့ပက်သက်တာတွေ ဖြစ်တက်သည်။ အဆီအစိမ့်နှင့်အငန်လျှော့စားပါ။
ချစ်သူမရှိသူများ ရပ်တပါးမှ ချစ်သူအသစ်ရမည်။တနလာင်္၊ကြာသပတေး၊ဗုဒ္ဓဟူးဖြစ်က သစ္စာမရှိ ပျက်မည်။ ချစ်သူရှိက ချစ်သူအပေါ် သဝန်တိုပြီးမကြာခဏ စကားများရတက်သည်။အချစ်ရေး၊အိမ်ထောင်ရေးကြား ကြားလူဝင်မွှေ၍ ပျက်တက်သည်။သတိပြုရမည်က ယခုနှစ်တွင် ချစ်သူနှင့်အနေဝေးသွားရမည် ထိုသို့ဖြစ်တဲ့အခါ ရေလာမြှောင်းပေးလုပ်ခြင်း၊ချစ်ခွင့်ပန်ခြင်း ခံရက လက်မခံမိဖို့လိုသည်။ရူပ်ပွေမိ ပက်သက်မိက ကြီးစွာပြဿနာရှင်းရပြီး ချစ်သူ(သို့)အိမ်ထောင်ဘက်နဲ့လမ်းခွဲရတက်သည်။ ပညာရေးကိစ္စမှာ ညံ့တက်သည်။စိတ်လေနေတက်သည် စာကျက်မရတာ၊စာမှာစိတ်မပါတာ ဖြစ်မည်။အပျော်အပါးအပေါင်းအသင်းဖျက်တက်သည်။ပညာရေးအတွတ် အခက်အခဲများစွာကြုံရမည် စိတ်သောကဖြစ်နေရမည်။တစိုက်မတ်မတ်ကြိုးစားပေးဖို့လိုသည်။ကြိုးစားအားထုတ်နိုင်က သူများထက်ပို၍ အောင်မြင်ကျော်ကြားမည်။ယခုနှစ်တွင် စိတ်ရူပ်တာတွေ၊စိတ်မရှည်တာတွေဖြစ်မည်။မိဘ၊အထက်အကြီးအကဲများ၊ဆရာသမားများနဲ့အတိုတ်အခံပြုရမည်။မိမိထင်ရာတဇွတ်ထိုး မလုပ်မိဖို့လိုအပ်သည်။စိတ်ရှည်ပေးရပါမည်။
ယခုနှစ်အတွတ် အဓိကအချက်များပြောပြထားချင်းဖြစ်ပါသည်။မိမိ၏ ကံ၊ဥာဏ်၊ဝိရီယ ၃ပါးအားကောင်း၍ ဆိုးသမျှကံများကိုရှောင်၍ ကံကောင်းခြင်းများကိုဖန်တီးရယူနိုင်ကြပါစေ....။
ဘာသာရေး များများလုပ်ပေးပါ။တပါတ်တစ်ခါဖြစ်စေ၊တစ်လတစ်ခါဖြစ်စေ ကံမြှင့်ယတြာလုပ်ပါ။

ကံမြှင့်ယတြာ.....တနလာင်္နေ့နံနက်၉နာရီတိတိတွင် နေအိမ်ဘုရားစင်တွင် ကြွေပန်ကန်လုံးထဲ ဇီးသီးအပြည့်ထည့်၍ ကပ်လှူဆန္ဒပြုပါ။

ကံအညံ့ကင်းရန်ယတြာ...တနလာင်္နေ့နံနက် ၉နာရီ ၄၅တွင် တနင်္လာဂြိုလ်တွင် ကံကော် ၁၅ညွှန့်နှင့်မေမြို့ ၁၉ပွင့် လှူပေးပါ။
ကြာဇံကြော် ကလေးငယ်တစ်ဦးအား ဒါနပြုပါ။

=============================

အဂါင်္သားသမီးများအတွတ်

ယခုနှစ်သည် ကံကြမ္မာအားဖြင့် ၇၅ရာခိုင်နှုန်းမှာ အကောင်းဘက်မှာရှိနေပါသည်။စာပေ၊ဆေးဝါး၊စက်မူ့ဘက်ဆိုင်ရာ လုပ်ငန်းများမှာ နေရာတည်မြဲသော်လည်း အကျိုးပေးမူ့မှာ ပုံမှန်အတိုင်းသာ ရှိနေမည်။အလုပ်နေရာ တည်မြဲမည်။ပညာရေးနဲ့ပက်သက်သော လုပ်ငန်းများအကျိုးမည်။ပညာရေးဝန်ထမ်းသမားများ ရာထူးတိုး လစာတိုးမည်။ကြည်ညိုလေးစားသူ ပေါများမည်။ကုန်သွယ်လုပ်ငန်းများ၊ပွဲစားလုပ်ငန်းများ၊သူများလက်အောက်လုပ်ငန်းများတွင် အိပ်စိုက်ရခြင်းများကြုံရတက်သည်။အားနာသောစိတ်များ လျှော့ပါ။အားနာ၍ ခါးပါတက်သောနှစ်ဖြစ်သည်။အထက်အကြီးအကဲ၊ဆရာသမားနှိပ်စက်တက်သည်။နိုင်ငံခြားနဲ့ပက်သက်သောလုပ်ငန်းများ အခက်အခဲနဲ့တွေ့ကြုံရမည်။ မိတ်ဆွေဟန်ဆောင်သူများနဲ့တွေ့ရတက်သည် သတိပြုပါ။ယခုနှစ်တွင် တနင်္ဂနွေသားသမီး၊တနလာင်္သားသမီးတို့နဲ့ပက်သက်ပြီး စကားများရမည်။တနင်္ဂနွေသားသမီးတို့နဲ့ စကားများက မိမိကရူံးမည်။ယခုနှစ်တွင် စိတ်ကူးယဉ်မနေသင့်သောနှစ်ဖြစ်သည်။ဘာမဆို ကြိုးစားပါ ကံရဲ့အထောက်အပံ့ရရှိနေသည့်အတွတ် အောင်မြင်မူ့များစွာရရှိမည်။ ချစ်ယောင်ဆောင်သူများနဲ့တွေ့ရတက်သောနှစ်ဖြစ်တာကြောင့် အချစ်ရေးကိစ္စ၊လူမူ့ရေးကိစ္စတွေမှာ သတိပြုနေထိုင်သင့်သည်။ယုံကြည်မူ့လွန်ကဲခြင်း လျှော့ပါ။မိတ်ဆွေများစွာရရှိမည် မိတ်ဟောင်းဆွေဟောင်းများနဲ့ပြန်လည်ဆုံတွေ့မည်။
အလှူအတန်းများ၊ပေးကမ်းမူ့များ ပြုလုပ်ရခြင်းကြုံရမည်။သူတစ်ပါးကို အားနာတက်သောစိတ်၊သနားတက်သောစိတ်ကြောင့် ဒုက္ခတွေ့ရမည်။ယခုနှစ်သည် အိမ်ထောင်ရေးများ သာယာကောင်းမွန်ပြီး ခိုင်မြဲတက်သည်။သို့သော်အချစ်ရေးကိစ္စမှာ ကံခေနေမည်။တစ်ယောက်တည်းအထီးကျန်ချိန်များနေမည်။ချစ်သူနှစ်ဦးကြား တစ်ခုမဟုတ်တစ်ခုအနှောင့်အယှက်များစွာ ကျရောက်လာတက်ပြီး ချစ်သူနဲ့ခွဲခွာနေရတက်သည်။
အလုပ်အကိုင်များစွာဖြင့်သာ မအားမလပ်ရှိနေတက်ပြီး တစ်ယောက်တည်းအထီးကျန်စွာဖြင့် ရင့်ကျက်တည်ငြိမ်လာမည်။ချစ်သူမရှိသူတွေအတွတ် မိမိထက်ငယ်သူ သို့ မိမိအနီးကလူနဲ့ခဏတာအဆင်ပြေမည်။
ကျန်းမာရေးအနေနဲ့ ထွေထွေထူးထူး အညံ့ကြီးမရှိပါ။အရိုးနဲ့ပက်သက်ပြီးထိခိုက်မူ့ဖြစ်တက်သည်။သွေးသားနဲ့ပက်သက်တာဖြစ်မည်။
စပ်တဲ့အရသာနဲ့၊အုန်းနဲ့ပက်သက်သောအစားအသောက်ရှောင်ပေးရမည်။အနီရောင်ဝတ်ဆင်ခြင်းရှောင်ပါ။ ပညာရေးအနေနဲ့ အထူးကောင်းမွန်သည်။ပျော်စရာသတင်းများသာ ကြားရမည်။ဖြေဆိုထားသော စာမေးပွဲများအောင်မြင်မည်။ထူးချွန်ဆုများ ရရှိတက်သည်။မိမိဘက်က ကြိုးစားပေးရပါမည်။ နေအိမ်တွင် အထက်ကြီးကဲသူနဲ့အဆင်မပြေဖြစ်မည်။ မြောက်အရပ်ကသူ (သို့်)မိန်းမတစ်ဦးဦးနဲ့ စကားများရမည်။နေအိမ်အနီး အလှူသတင်း၊မင်္ဂလာသတင်းကြားရက ထီထိုးပေးပါ။ ထီပေါက်မည်။ ငွေအလုံးအရင်းဝင်တက်သည်။ငွေကြေးနဲ့ပက်သက်ပြီး တနင်္ဂနွေသားသမီးနဲ့စကားများရတက်သည်။သတိပြုပါ။
ဒီနှစ်အတွတ် အဓိကဆင်ခြင်ရမှာလေးတွေ ဆင်ခြင်ပေးနိုင်ရင် မိမိအတွက်ကံကောင်းခြင်းများစွာရရှိပါလိမ့်မည်။
ပိုမိုကံကောင်းချင်သူများအတွတ် ကံမြှင်ယတြာအား တစ်ပါတ်တစ်ခါဖြစ်စေ၊၁၀ရက်တစ်ခါဖြစ်စေ ပြုလုပ်ပေးမယ်ဆိုရင် အလုပ်အကိုင်အကြံအစည်များအောင်မြင်ပြီး ငွေကြေးလာဘ်လာဘများ ရွှင်လန်းစေပါသည်။

ကံမြှင့်ယတြာ....အဂါင်္နေ့နံနက် ၉နာရီတိတိတွင် ကြွေပန်ကန်တစ်ချပ်ထဲကို လ္ဘက်အသားချည်းပဲ ၅ပုံပုံကာ အိမ်ဘုရားတွင်ကပ်လှူပြီး ဆန္ဒပြုပါ။

ကံအညံ့ကင်းရန်ယတြာ....အဂါင်္နေ့နံနက် ၉နာရီမှ၁၀ခွဲအတွင်း အဂါင်္ဂြိုလ်မှာ အုန်းထမင်းကပ်လှူပါ။

=============================

ဗုဒ္ဓဟူးသားသမီးများအတွတ်

ယခုနှစ်ရဲ့ကောဇာသည် ဗုဒ္ဓဟူးသားသမီးများအတွတ် ကံကြမ္မာအားဖြင့် ၅၀ရာခိုင်နှုန်းမှာအကောင်းဘက်မှာရှိနေသည်။အောက်ပါတွင်ဆင်ခြင်ရမှာလေးတွေ သတိထားနိုင်ရင်တော့ ကံကောင်းခြင်းတွေရရှိပါလိမ့်မည်။ ရင်းနှီးသူ၊သွေးသားမကင်းသူ၊ကိုယ့်ကျေးဇူးမကင်းသူနဲ့ အဆင်မပြေဖြစ်တက်သည်။သတိပြုပါ။အလုပ်တွင် မကောင်းကြံခြင်း၊မနာလိုခံရခြင်းများ ကြုံရမည်။အလုပ်အကိုင် အပြောင်းအလဲကြုံရမည်၊နေရာအပြောင်းအရွှေ့များကြုံရမည်။လူမျိုးခြားနဲပက်သက်သောလုပ်ငန်းများ၊စပ်တူလုပ်ငန်းများ၊ချက်ချင်းလုပ်၊ချက်ချင်းအကျိုးပေးလုပ်ငန်းများ၊အရောင်းအဝယ်လုပ်ငန်းများ၊ရွှေလုပ်ငန်း၊အလှအပလုပ်ငန်း၊ရေလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမည်။ရွှေ၊လှေ၊လှည်း၊လူ အဝင်အထွက်များ အကျိုးအမြတ်ရှိမည်။ ယခုနှစ်တွင် မိမိအလိုမကျသည် များမည် တဇွတ်ထိုးထင်ရာမလုပ်ရ ဘယ်ကိစ္စမဆို လောလောမဆုံးဖြက်ပဲ အချိန်ယူစဉ်းစားဆုံးဖြက်သင့်သည်။အယူအဆလွဲမှားခြင်း၊အထင်မြင်လွဲမှားခြင်းကြုံရမည်။မိဘအကြီးအကဲများနှင့် အဆင်မပြေဖြစ်မည် ရွှဲ့တက်သူများ ယခုနှစ်လျှော့သင့်၏။။တစ်ခါတရံ မိမိနေအိမ်မှ တခြားထွက်သွားချင်စိတ်ပေါက်မည်။ နိုင်ငံခြားခရီးများ အဆင်ပြေအောင်မြင်မည်။ရပ်တပါးမှ လုပ်ငန်းများ အဆင်ပြေမည်။ခရီးဝေးသွားရမည် နာရေးကိုအကြောင်းပြုပြီးခရီးထွက်ရခြင်း၊လူနာသတင်းမေးသွားရခြင်းကြုံရမည်။ မိမိအိမ်အနီးနား (သို့)ဆွေမျိုးထဲတွင်နာရေးကြုံရမည်။နေအိမ်တွင် နာမကျန်းဖြစ်သူ အသက်ရွှယ်ကြီးသူများရောက်လာပါက လက်မခံသင့်။တနင်္ဂနွေနံနဲ့ပက်သက်ပြီး စကားများရမည်။ သောကြာနံနဲ့ပက်သက်ပြီး အရောင်းအဝယ်မကောင်းဆုံးပါးမည်။ နှစ်စပိုင်းတွင် ကျန်းမာရေးညံ့တက်၏။ အရိုး၊အသွေး စသည်ဖြစ်မည်။လေ၊ဝမ်းဗိုက် စသည်ဖြစ်မည်။ကျန်းမာရေး ဖြစ်ကတော်တော်နဲ့မပျောက်ဖြစ်မည်။
အဆီအဆိမ့်နဲ့အစပ်ရှောင်ရမယ်။အပြောက်အကြားနဲ့အဝါရောင် သိပ်မဝတ်နဲ့ရှောင်ပါ။
ယခုနှစ်တွင် ဘေးတစိမ်းနဲ့ပို၍အဆင်ပြေနေပါမည်။
မိတ်ဆွေဟောင်းများ ဒုက္ခပေးမည်။ မည်သည့်ကိစ္စရပ်များမဆို အစပိုင်းတွင် အနှောင့်အယှက်များတွေ့ကြုံရပြီး မိမိဘက်ကစ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center