ဖြစ်ရလေခြင်း

image
photo credit
ဟော မိပါပြီ မူးယစ်ဆေး
ပိုင်ရှင်မသိ လော်​လီကားတစ်စီးအပြည့်
ခင်များယုံလား ဖြစ်နိုင်လား ဟားဟားဟားဟား😂
တိုက်တုန်းကတော့ မူးယစ်ဆေးလုပ်လို့ ဘိန်းဘုရင်မို့တဲ့
သေလိုက်ကြတာသောက်သောက်လဲ
ပြီးလည်းပြီးရော အကျိုးလည်းတူရော
အဲ့ ဘိန်ရာဇာက ခရိုနီပြန်ဖြစ်
သူတို့ခြင်း လက်ဝါးရိုက် ဝေစားမျှစား
လူရင်းကြီးတွေကိုဖြစ်လို့😂
ခွန်ဆာနဲ့ လောစစ်ဟန်သာကြည့်ပေတော့
ကမ္ဘာကကန့်ကွက်နေတာတောင်
သူတို့က ကာထားလိုက်တာ
ပေါက်ဖေါ်တွေကို ဖြစ်လို့😂
တကယ်ပါ
ဘယ်ချိန်ဖတ်ဖတ် ဆန်းနေတယ်🤔
ခိုးတယ်ဗျာ ဗြောင် 😎
မတရားလုပ်တယ်ဗျာ ဗြောင်😈
လိမ်တယ်ဗျာ ဗြောင်😠

{သင် ! ဆက်ဖတ်ဖို့ သဘောတူမှ ဖတ်
သူခိုး ဂျပိုးအကြိုက်မရေးနိုင်ဘူး
မကြိုက်ဘူးဆိုရင် မင်းထမင်းအိုးထဲကထမင်း
သန့်ရဲ့လား ပြန်တွေး}😕

ဒီတော့ တိုင်းပြည်ကိုကြည့်
မွဲလိုက်တာ တာတေကိုလန်နေတာပဲ
ဒါပေမဲ့ အဘ အဘ အဘ😎😎😎
သူခိုးကြီးများကတော့
ခိုးသည်ဟုမပြောပါ
ခပ်တည်တည် ရုပ်တည်ကြီးနဲ့ ထိုင်ခုံကမဆင်း😸
တခါတခါ အလှူ့တကာ တောင် လုပ်လိုက်သေးသဗျာ😂ခြေဥ စာအုပ်ဆိုတာကလည်း
သူရေး သူဆို သူ့ဇတ် သူက ဆိုသလို
သူခိုးဖို့သူလုပ်ထားလိုက်တာ
အပီပဲဗျာ😂😁😀
လယ်ယာမြေ သိမ်းချက်
အင်္ဂလိပ်ခေတ်
ချစ်တီး သူဌေး ကတောင်
ဆရာခေါ်ရလိမ့်မယ်😎
ပြည်သူကို စာနာပုံ
နာဂစ်လည်း ခံရ
အဘ ထပ်ခိုးတာလည်းခံရနဲ့
နိုင်ငံတကာ အထောက်အပံ့တောင်
ဘယ်ပျောက်သွားမှန်းမသိအောင်ပါပဲ😪
သာသနာစောင့်ရှောက်ပုံကလည်း
သောက်ဆန်းကြီးဗျ🙄
တခါတခါ မီးသင်္ကန်းကပ်လိုက်
ကျည်ဆံဆွမ်းကပ်လိုက်
ဖိနပ် ဘုန်းပေးခိုင်းလိုက်
ပျံလွန်တော်မူခိုင်းလိုက်
ချုပ်ထားလိုက်နဲ့ စုံလို့ပါပဲ😊
ဘုရား သိမ် ကျောင်းတွေလည်း
ဖျက် လိုက် ရွေ့လိုက် လုပ်နေတာနဲ့ကို
သေးသွားလိုက် ပျောက်သွားလိုက်ပါပဲ😚
ကုလားများကျတော့
ငွေယူလိုက် ခိုးသွင်းလိုက်
မိသမျှက စစ်တပ်က ကယ်ရီသမားတွေပါပဲ🤗
ခုတော့ သူမဟုတ်သလို
ဇတ်လိုက်ကျော်ကြီး လုပ်လို့🤔
နောက်တစ်ခုက🤔
ဗုဒ္ဓ ဘာသာဝင်များ များပါတယ် ဆိုတဲ့
မြန်မာပြည်မှာ🤔
ပြည်တွင်းမှာ အချင်းချင်း
ရန်ဖြစ်လို့ကောင်းနေတုန်း🤔
တစ်လက်မမှ ကျူးကျော်မခံဘူးဆိုတဲ့
တိုင်းပြည်မှာ တရုပ်က စစ်မတိုက်ပဲ
သိမ်းပြီးသွားပါပြီ အားလုံးအသိပါပဲ

တရုပ်ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်😂

တိုင်းရင်းသားလက်နှက်ကိုင်ကိုတိုက်တာ
သစ် နဲ့ တွင်းထွက် ခိုးထုတ်လို့တဲ့

ဒါဆို

စစ်တပ်ကအဘ အဘ သူခိုးတွေ က ခရိုနီတွေနဲ့ တွဲပြီး ခိုးထုတ်တာ ကျ တိုင်းပြည်မှာ အကြွးကတိုးတိုးလာတာပဲ တွေ့တယ် စစ်တပ် အရာရှိ အဘ အဘ ဆိုတဲ့ သူခိုးတွေကတော့ ပိုပိုချမ်းသာလာကြတယ် ကြားက အလကားသေပေးနေတဲ့ စစ်သားဆိုတဲ့လူတွေက တိုင်းပြည်ပိုင်ငွေနဲ့ အဝယ်ခံရတဲ့ကျွန်တစ်မျိုးပါပဲ🤔
စစ်ပွဲရပ်ဆိုတာတရုပ်ကပြောတော့ ငြိမ်ခံနေလိုက်တာ
အမြီးတောင်ကုတ်လို့😂 မြန်မာပြည်သားအော်တော့
ဖမ်းခံရတယ် ဒါဆိုတိုက်လို့ ပြောရအောင်ကလည်း တစ်ခါမှ ပွဲပြီးတယ်ဆိုတာမရှိဘူး အလောင်းတွေထပ် လက်နှက်ဖိုးကုန်တာပဲအဖတ်တင်တယ် ဒါလည်း အောက်ခြေက ဂွေးတက်အောင် က နေကျ ကောင်တွေကလည်း တိုက်နေတာ အံ့တယ် 😲
တကယ်တမ်းတော့ တိုက်ပွဲဆိုတာက
မဖြစ်ဖြစ်အောင် ဖန်တည်းနေတဲ့
လုပ်ကြံမှု့ကြီး တစ်ခုပါပဲ🤖
တိုက်ပွဲဆိုတာမှ မရှိရင်
အဘတွေ လုပ်စား ခိုးစားဖို့
ပြရုပ်မရှိတော့ပါဘူး💩
တရားဥပဒေဆိုတာကလည်း
ပြောမနေနဲ့
နာမ်တစ်ခုသက်သက်ပါပဲ

ရယ်မောခြင်းဟာ အကောင်းဆုံးဆေးပါ
Laughing is the best medicine.

"မှားယွင်းနေပါသည်။လုံလောက်စွာ ရှည်လျားခြင်းမရှိပါ။"

ခပ်ရွှတ်ရွှတ် ခပ်နောက်နောက် ဇနီးမောင်နှံ
နှစ်ဦးတို့သည် သူတို့၏ ကွန်ပြူ တာထဲသို့ စကားဝှက်(password) အသစ်တစ်ခု
ထည့်သွင်းအသုံးပြု ရန် ကြိုးစားနေကြပါသည်။

နောက်ဆုံးတွင် မည်သူနှင့်မှ အတူမရှိ မည်သူကမှ မတုပနိုင်လောက်သည့် စာလုံးအချို့ကို
ခင်ပွန်းဖြစ်သူက ကွန်ပြူတာထဲသို့
ရိုက်ထည့်လိုက်သည်မှာ"ကျွန်ုပ်၏ရွှေပန်း"ဟူ၍။

ထို့နောက် ဇနီးဖြစ်သူမှာ ကွန်ပြူ တာဖန်သားပြင်ဝယ် ပြန်လည်အဖြေပေးလာသည့် စာကိုဖတ်ပြီး
ခွက်ထိုးခွက်လန် ရှေ့တိုးနောက်ငင် ရယ်မောရင်း မထိန်းနိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားပါလေ၏။

ကွန်ပြူတာက တုန့်ပြန်အဖြေပေးလာသည့် စာသားမှာ
"မှားယွင်းနေပါသည်။လုံလောက်စွာ ရှည်လျားခြင်းမရှိပါ။"
ဟူသတည်း။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center