စည်ပင်သာယာ

image
photo credit
မြစ်ကြီးနားမြို့ မှ မိုက်ရိုင်းစော်ကားသော စည်ပင်ဝန်ထမ်းများကို လိုအပ်သလိုအရေးယူပေးပါရန်😡😡😡

မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် ယခုအခါ ကားရပ်နားရန်အတွက် ကားပါကင်များ ထားပေးထားပြီး စည်ပင်မှ အခကြေးငွေကောက်ခံနေပါသည်။
အကျင့်ပျက်ဝန်ထမ်းများသည် ကားများကို ဘောက်ချာမဖြတ်ပဲ ကားရပ်နားလျှင် ပိုက်ဆံအတင်းတောင်းပြီး ပြည်သူ့ငွေများကို ကိုယ်ပိုင်ငွေအဖြစ်ဖန်တီးနေပါသည်။

ထို့အပြင် ဆိုင်ကယ်ဖြင့်လာရောက်သော ဈေးဝယ်များ၏ ဆိုင်ကယ်များအား လဲကျသည်အထိ ကြမ်းတမ်းစွာ ဖယ်ရှားခြင်း ဆဲဆိုခြင်းများပြုလုပ်နေပါသည်။ ဆိုင်ကယ်မရပ်ရဟု ပြောပါသည်။ ဆိုင်ကယ်ဖြင့်လာရောက်သော ဈေးဝယ်များ မည်သည့်နေရာတွင် ရပ်ရပါမည်နည်း။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများ မိုက်ရိုင်းစော်ကားသော အကျင့်ပျက် စည်ပင်ဝန်ထမ်းများအား အရေးယူပေးရန် တောင်းဆိုအပ်ပါသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ပြည်သူတစ်ဦး
စည်ပင်သာယာကိုတော့အပြစ်မပြောကြပါနဲ့အလုပ်တွေလုပ်နေပါတယ်အခွန်မဆောင်ရတဲ့ကြက်သား/ငါးနဲ့အခြားစားသောက်ကုန်တွေကိုတော့ဈေးနူန်းတွေကျဖို့မလုပ်ပါဘူးအခွန်ဆောင်ပြီးလုပ်ရတဲ့ဝက်သား/အမဲသားတွေကြတော့အမျိုးမျိုးအကြောင်းရှာပြီးတော့ကျမတို့ဈေးဝယ်တွေနဲ့အဆင်ပြေအောင်ရောင်းပေးရင်တောင်မှပုံစံအမျိုးမျိုးပြောင်းပြီးတော့လုပ်ငန်းရှင်တွေကိုနာမည်မပျက်ပျက်အောင်လုပ်ကြံနေကြပါတယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center