ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ************************************

image
photo credit

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေးနဲ့ ခေတ်အဆက်ဆက်ပညာရေး ဘာကွာလဲ မေးရင်...

ကျွန်ပညာရေးနဲ့ ဒီမိုကရေစီ ပညာရေး..

တိုင်းပြည်ကို တိုးတက်စေချင်တဲ့ ပညာရေးနဲ့ ချောက်ထဲ ဆွဲချတဲ့ ပညာရေး. အဲ့လို့ကွာပါတယ်။

အင်္ဂလိပ်တွေ မြန်မာတွေကို စာသင်ပေးတယ်။
ဒါပေမယ့် သူတို့နိုင်ငံ ဒီမိုကရေစီတို့ ၊ ပါလီမန်တို့ဆိုတာကို
လုံးဝ အသိမခံဘူး။

သူတို့ တိုးတက်ခဲ့တဲ့ စနစ် ကို မသင်ကြားပဲ
ပညာသင်ပေးတာ
စေတနာ မပါတဲ့ ပညာရေး။

ဦးနေဝင်း လက်ထက် ပိုဆိုးလာတယ်။

ဆိုရှယ်လစ်စနစ်ဟာ စနစ်အားလုံးထက် သာတယ် ဆိုတဲ့
ကိုယ့် စိတ်တိုင်းကျ ပညာရေး။

နဝတ ၊ နအဖ ၊ စစ်အစိုးလက်ထက် ဆိုးသထက် ဆိုးလာတယ်။

စာသင်ကျောင်းတွေက ဗိုလ်ချုပ်ပုံတွေ ဖြုတ်ပစ်တယ်။

စာသင်ကျောင်းတွေကနေ ဗိုလ်ချုပ်အောင်ဆန်းလို လူငယ်တွေ မွေးမထုတ်တာဟာ
တိုင်းပြည်ကို ဖာဖြစ်စေတာပဲ။

အာဏာရှင် စိတ်ကြိုက် ပညာရေး။

ကြံခိုင်ရေး လက်ထက် အဆိုးဆုံး အခြေအနေ ရောက်လာတယ်။

ကြံ့ခိုင်ရေး အသင်းဝင်ထားရင် အမှတ်ပိုရတယ်။
အသင်းဝင် ကဒ် ရှိရင် မှတ်ပုံတင် ကိုင်ထားတာထက် သာတယ်။

အလုပ်လျှောက်ရ လွယ်တဲ့ ဆိုတဲ့ အခွင့်အရေး စိတ်ဓာတ် ရိုက်သွင်း တယ်။

အကျိုးရလဒ်က ...

ကျောင်းပြီးလို့ အလုပ်ရရင်..
ခိုးလို့ ရမှ အလုပ်စစ် အလုပ်မှန်။

လာဘ် ရမှ သူရဲကောင်း...
သက်သာမှ အလုပ်ကောင်း

အဲ့သည်လို ဖြစ်လာလိုက်ကြတာ။

တိုင်းပြည်လည်း ပြာဖြစ်။ လူမျိုးလည်း စည်းပျက် ကမ်းပျက်၊
အဖတ်ဆည်မရ။

မြန်မာလူမျိုးရဲ့ စိတ်ဓာတ်က အချောင်လိုချင်.စိတ်နဲ့အတူ
အောက်ဆုံး အဆင့်မှာ ရောက်လို့
ကမ္ဘာ မှာ လူရာ လုံးလုံး မဝင်။

အဲ့သည့်  တိုင်းပြည်ကို ဖျက်တဲ့ ပညာရေး စနစ်မှာ
တူညီတဲ့ အချက်က
အောင်ရှုံး၊ ဂုဏ်ထူးနဲ့ အမှတ်စာရင်းတွေပဲ။

.ဝါသနာ ပါတာအပါတာအသာထား။
အမှတ်ကောင်းရင် သွား.. အင်ဂျင်နီယာကျောင်း။

ကျောင်းလည်း ပြီးလို့ အလုပ်လည်း ရရော...

မင်းတော်လို့ မင်ရတာ ခိုးသာခိုး။

ခိုးဖို့ အခွင့် ထူးခံ ဖြစ်လာသလိုပဲ။

ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပညာရေးက အဲ့ဒါတွေနဲ့ ဆန်ကျင်ဘက်။

သူလုပ်နေတာက တိုင်းပြည် အကျိုးပြု ပညာရေး။

ဒီမိုကရေစီ ပညာရေး။

ဒီမိုကရေစီ ပညာရေးမှာ ပြည်သူအားလုံးဟာ
gent man ပဲ ဖြစ်ရမယ်။

.စာတော်သည် ဖြစ်စေ၊.မတော်သည် ဖြစ်စေ၊.
ပညာ ပါရမီ ပါလာသည်ဖြစ်စေ ၊ မပါလာသည် ဖြစ်စေ

.
ဒီမိုကရေစီနဲ့ ထိုက်တန်အောင် အရည်အချင်း ပြည့်ဝသော ၊
စည်းကမ်းရှိသော။
.စွမ်းရည် ပြည့်ဝသော၊
အစိုးရနဲ့ စစ်တပ်တို့ရဲ့ အထက်မှာ နေနိုင်သော

.ပြည်သူလူထု ဖြစ်လာအောင် မွေးထုတ်သော နေရာသည်
စာသင်ကျောင်းသာ ဖြစ်သည်။

အာဏာရှင်တွေ အရမ်းကြောက်ကြတယ်။

တောင်ကိုရီးယားသည် ဒီမိုကရေစီမှာ အတော်နောက်ကျသည်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးသွားသော်လည်း ကိုရီးယားစစ် မပြီးသေးပါ။
မြောက်ဘက်က တရုတ်ကူတိုက်ပေးသည်။ တောင်ဘက်က အမေရိကန်တို့ကူတိုက်ပေးသည်။
မြောက်ဘက်က ဆိုးလ်မြို့အနီးထိပင် ဝင်ခဲ့သည်။ တောင်ဘက်က တွန်းလှန်သည်။
နောက်ဆုံးစစ်ပြေငြိမ်းကာ တောင်နှင့်မြောက်ဟူ၍ ကိုရီးယားနှစ်ချမ်းကွဲလေသည်။စစ်ဘေးဒဏ်ကြောင့် ကိုရီးယားမွမွကျေနေလေသည်။
၁၉၆၀ ပြည့်နှစ်အလွန်က ကိုရီးယားကိုရောက်သူတစ်ယောက်၏မှတ်တမ်းတွင် ကိုရီးယားတို့ဆင်းရဲပုံကိုဖော်ပြထားသည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center