ပြည်​သူ့ကျန်းမာ​ရေး

image
အများပြည်​သူတို့၏ ကျန်းမာ​ရေးအတွက်​ကနဦးလိုအပ်​ချက်​မှာ စစ်​မှန်​​ကောင်းမွန်​​သော ​ဆေးဝါးများအလွယ်​တကူ ရရှိ​ရေးပင်​ဖြစ်​သည်​။ရောဂါကြီးသည်​၊ငယ်​သည်​ဖြစ်​​စေ ​ဆေးကူသမှုခံယူရာတွင်​ ​နေ့စဉ်​အားကိုးအားထားပြုရသည်​မှာ စစ်​မှန်​​သော​ဆေးဝါးများကို ဝယ်​ယူအသုံးပြုရန်​ဖြစ်​သည်​။
လက်​ရှိအ​နေအထားတွင်​ ​ဆေးကုသမှုခံယူကြ​သူများအ​နေဖြင့်​စစ်​မှန်​​သော ​ဆေးဝါးများကို ပြည်​သူ့​ဆေးရုံများတွင်​ အခမဲ့ရရှိနိုင်​​သော်​လည်း ပြင်​ပတွင်​​ဆေးကုသ​နေကြ​သူများတွင်​​တော့ ပြင်​ပ​ဆေးဆိုင်​များတွင်​ ​ဈေးကြီး​ပေး၍ ဝယ်​ယူ​​နေရသည်​။ဆရာဝန်​ညွှန်​ကြားမှုဖြင့်​ ပြင်​ပ​ဆေးဆိုင်​များတွင်​ ​ဆေးဝါးများဝယ်​ယူသုံးစွဲကြရာတွင်​ အရည်​အ​သွေးမပြည့်​​သော ​ဆေးဝါးများ၊မစစ်​မှန်​​သော ​ဆေးဝါးများနှင့်​ကြုံ​တွေ့ကြရာသူများရှိရာ ​ရောဂါဖြစ်​ပွား​နေမှုမသက်​သာပဲ ကျန်းမာ​ရေးထိခိုက်​မှုများကိုပါ ထိခိုက်​မှုဖြစ်​​စေနိုင်​ပါသည်​။
ကျန်းမာ​ရေးဆိုင်​ရာဝန်​ကြီးဌာနများကလည်း ​ဆေးရုံများကို အတတ်​နိုင်​ဆုံး ဖြည့်​ဆည်း​ဆောင်​ရွက်​​ပေး​နေသည်​ဟုဆိုနိုင်​ပါတယ်​။သို့​သော်​ အ​ကြောင်းတစ်​မျိုးမျိုး​ကြောင့်​ သက်​ဆိုင်​ရာ​ဆေးရုံများသို့ ​ဆေးဝါးများ အချိန်​မှီမ​ရောက်​ရှိနိုင်​ခြင်း၊​ဆေးဝါးများပြတ်​လပ်​ခြင်းစသည့်​တို့​ကြောင့်​ ​ဆေးဝါးများအခမဲ့​​ထောက်ပံ့​ပေးနိုင်​မှု မရှိသည့်​အခါလည်းရှိမည်​။
image
ဆေးကုသမှုခံယူ​နေကြ​သော ပြည်​သူုများအ​နေဖြင့်​ ​ဆေးရုံများတွင်​​ဆေးကုသမုခံယူကြရာ၌ လူနာများအတွက်​ ​ဆေးဝါးအခမဲ့ ​ပေး​ဝေသည်​ဟုဆို​သော်​လည်း လိုအပ်​ပါက ​ဆေးရုံ​အ​ထောက်​အကူပြု​ဆေးဆိုင်​များတွင်​လအရည်​​သွေးနှင့်​​ဈေးနှုန်းချိုသာ​သော ​ဆေးဝါးများဝယ်​ယူရရှိနိုင်​ပါသညိ။ငွေ​ကြေးမတတ်​နိုင်​​သောလူနာများအတွက်​ အခမဲ့​ထောက်​ပံ​ရေးကို အတတ်​နိုင်​ဆုံး စီမံ​ဆောင်​ရွက်​ရမည်ုဖြစ်​သည်​။
ပြည့်​သူ့ကျန်းမာ​ရေးမာ​ရေးမှာ နိုင်​ငံ​တော်​၏ဦးစား​ပေးလုပ်​ငန်းတစ်​ခုဖြစ်​၍ ကျန်းမာ​ရေးအသုံးစရိတ်​ရရှိမှုအ​ပေါ်မူတည်​ပီး အ​လေအလွင့်​နည်းပါး၍ ယခုထက်​ပိုမို​ကောင်းမွန်​​သော ​ဆေးဝါးဖြန်​ဖြူးးမှုစနစ်​ကို ပြုပြင်​​ပြောင်းလဲ​ဆောင်​ရွက်​ရမည်​ဖြစ်​သည်​။ငွေ​ကြေးမတတ်​နိုင်​​သော လူနာများအ​ရေးကို ​ရှေးရှုကြရ​ပေလိမ့်​မည်​။အခမဲ့သို့မဟုတ်​​ငွေ​ကြေးကုန်​ကျမှုနည်းနည်းဖြင့်​ ကူညီ​ဆောင်​ရွက်​​ပေးနိုင်​​အောင်​ ​ဆောင်​ရွက်​သင့်​​ပေသည်​။
သို့ဖြစ်​ရာပြည်​သူများကျန်းမာ​ရေးအတွက်​ ​ဆေးဝါးခံကုသမှုခံယူကြ​သော လူနာများအား​ဆေးဝါးဖြန့်​ဖြူး​ပေးရာတွင်​ လက်​ရှိ​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​​ပေး​နေ​သော စနစ်​ထက်​ ပိုမို​ကောင်းမွန်​​သော စနစ်​သို့​ပြု​ပြင်​​ပြောင်းလဲ​ဆောင်​ရွက်​ရမည်​ဖြစ်​သည်​။ပြည်​သူများဘက်​က ရည်​တည်​ပီးပိုမို​ကောင်းမွန်​​သော ကျန်းမာ​ရေးစနစ်​ဖြင့်​ပြည်​သူလူထုစိတ်​ချမ်းသာ​အောင်​၊​ကျေနပ်​နှစ်​သက်​​အောင်​ ကြိုးပမ်း​ဆောင်​ရွက်​ရင်း ပြည်​သူလူထု၏ကျန်းမာ​ရေးလိုအပ်​ချက်​များကို မြှင့်​တင်​​ဆောင်​ရွက်​​ပေးနိုင်​လိမ့်​မည်​ဟုယုံကြည်​ပါသည်​။ ။
image

Author # @pocker

H2
H3
H4
3 columns
2 columns
1 column
Join the conversation now