photo credit
"မဆုံးရှုံးရအောင်.....”
ကိုယ်တန်ဖိုးထားရသူတွေ ကိုယ့်အနားက
ရှင်ကွဲ မခွဲရအောင် နည်းလမ်းလေးတွေ
တင်ပြပါရစေ....
၁)အပြစ်တင်စကားပြောခြင်း ရှောင်ပါ
လူဆိုတာ အမှားမကင်းပါဘူး
ဆင်ခြင်တုံတရား အနည်းအများအပေါ်မူတည်ပြီး
အမှားအကြီးအသေးပဲ ကွာခြားပါလိမ့်မယ်
ကိုယ်အားသန်ထူးချွန်တာနဲ့ သူထက်မြက်တာ
မတူသလို ကိုယ်ကြိုက်တာနဲ့ သူကြိုက်တာလည်း
ကွာခြားနေတတ်ပါတယ်။ ကိုယ့်အတ္တကို
ရှေ့တန်းတင်ပြီး ကောင်းစေချင်လွန်းတဲ့ စေတနာကြောင့် သူ မလုပ်နိုင်တာကို ဒေါသထွက်ပြီး
အပြစ်တင် မစောလိုက်ပါနဲ့
ကိုယ်မလုပ်နိုင်တာတွေကို သူ လုပ်နိုင်သွားတာတွေလည်း ရှိနေတတ်ပါတယ် ။ ပညာသားပါပါ
လက်တွဲခေါ်ပါ။
၂)ပွင့်လင်းပါ
ကြိတ်မှိတ်နေခြင်းက အစိုင်အခဲများကို
ကြီးထွားစေပြီး ပွင့်လင်းသင့်တာကို ပွင့်လင်းခြင်းက
ကြိတ်လုံးတွေကို လျော့ပါးစေပါတယ်။
လူတစ်ယောက် နဲ့တစ်ယောက် ပြဿ နယအကြီးအကျယ်
ဖြစ်ရခြင်းက ကြိတ်လုံးတွေကြောင့်ဖြစ်ပြီး
မပွင့်လင်းခဲ့မှုတွေကြောင့်ဘဲ နားလည်မှုကို
ပြိုကွဲစေကာ ယုံကြည်မှုတွေကို အမြစ်ကုပ်မရအောင်
တိုက်စားစေတတ်ပါတယ်။
အချိန်အခါကိုကြည့်ပြီး ပွင့်လင်းသင့်တာကို
ပွင့်လင်းခဲ့မယ်ဆိုရင် အနည်းဆုံးတော့
နာကျင်မှုတွေကို ကာကွယ်ရာရောက်စေပါလိမ့်မယ်။
၃)တန်ဖိုးထားပေးပါ
လောကမှာ ကိုယ်တန်ဖိုးထားရတဲ့သူဆိုတာ
အရေအတွက်နည်းပါလိမ့်မယ်။လူတွေအများကြီးကြား
ထဲကမှ ရေစက်ကြောင့် ကိုယ့်နှလုံးသားထဲကို
မဖန်တီးဘဲ ရောက်လာသူတွေကို တန်ဖိုးထားပေးပါ
တန်ဖိုးဆိုတာ တစ်ခါတစ်ခါမှာ ထားခံနေရသူက
တန်ဖိုးမသိပေမယ့် အချိန် ကြာလာတာနဲ့အမျှ
သူ့အတွေးထဲမှာ ကိုယ့်တန်ဖိုးက တံဆိပ်ရိုက်နှိပ်ထား
သလို သူကိုယ်တိုင် သိလာပါလိမ့်မယ်။
အခြားသူက ကိုယ့်ကို တန်ဖိုးထားတာလိုချင်ရင်
ကိုယ်ကိုယ်တိုင်က တန်ဖိုးသိပြီး တန်ဖိုးရှိအောင်
နေတတ်ထိုင်တတ်ဖို့လည်း အရေးကြီးပါတယ်။
၎)ယုံကြည်ပေးပါ
ကိုယ့်နှလုံးသားက မလွန်ဆန်နိုင်လို့ ချစ်မှချစ်မိရင်တော့
သံသယစကားတွေနဲ့ သူ့ကို နှိပ်စက်မနေသင့်တော့ပါ
ဘူး။ယုံကြည်သင့်သလောက်တော့ ယုံကြည်ပေးရ
ပါလိမ့်မယ်။ ယုံကြည်မှုဆိုတဲ့အရာက
အောက်ဆုံးရောက်နေတဲ့ ဘဝကို အမြင့်ဆုံးရောက်
အောင် ဆွဲခေါ်နိုင်သလို တည်ငြိမ်နေတဲ့ရေပြင်ထဲ
ကျောက်ခဲတစ်လုံးချလိုက်သလိုပဲ သံသယလှိုင်းတွေ
ကြောင့် ပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေတတ်ပြန်ပါတယ်။ကိုယ့်ရဲ့ ယုံကြည်မှုကြောင့် ကိုယ်တန်ဖိုးထားရသူတွေရဲ့ ဘဝတွေတိုးတက်သွားရင် ကိုယ်ခံလိုက်ရတယ်
ထားအုံး ဖြေသာပါတယ်။
ယုံကြည်မှု ဆိုတဲ့အရာကို "သတိ”လေးကပ်လိုက်ရင်
စုံလုံးကန်းတဲ့ ယုံကြည်မှု ဖြစ်မလာတော့ဘဲ
အင်အားဖြစ်စေတဲ့ အားဆေးတစ်လက်
ဖြစ်လာနိုင်ပါတယ်။
၅)ရင်ဘတ်ထဲရောက်အောင် ကြိုးစားပါ
လူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ ကိုယ့်နေရာ
အပြည့်ရဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး
လုပ်လို့ရတဲ့ နည်းလမ်းတော့ ရှိနေပါတယ်
စစ်မှန်ပြီး အပေးအယူမဆန်တဲ့ စေတနာများများပေးပါ
နှလုံးသားရှိတဲ့ သတ္တဝါဆိုတာ နှလုံးသားနဲ့ပဲ
စကားပြောမှ သူခံစားတတ်မှာပါ
နှလုံးသားနဲ့ စကားမပြောဘဲ အမိန့်ဆန်ဆန်
အပေါ်ယံသကာရည်လောင်းမိရင်တော့
အချိုဓာတ်ပြယ်သွားတဲ့အချိန် အတွင်းအရသာအခါးတွေ
ကြောင့် လမ်းခွဲမှုတွေ တွေ့ကြုံလာနိုင်ပါတယ်။
အစစ်အမှန်တွေချည်းပေးခဲ့ပေမယ့် အတုတွေ
ပြန်ရခဲ့ရင် ကိုယ်မရှုံးပါဘူး
ကိုယ့်မေတ္တာနဲ့ မထိုက်တန်တဲ့သူဘဲ တစ်ဘဝစာ
ဆုံးရှုံးသွားရမှာပါ။
ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က အစစ်အမှန်တွေပဲ
ပေးဖို့ကြိုးစားတာက သူ့ရင်ဘတ်ထဲ
ကိုယ်နေရာမရခဲ့ရင်တောင် မှ လိပ်ပြာလုံစေတာတော့
အမှန်ပါပဲ ။
ကိုယ်တန်ဖိုးထားရသူတွေ ကိုယ့်အနားက
ရှင်လျက်နဲ့ ထွက်ခွာမသွားရအောင်ဆိုတာ
ကံကြမ္မာက သုံးပုံးတစ်ပုံဆိုရင် ကိုယ့်အပေါ်နဲ့ သူ့အပေါ်မှာ
နှစ်ပုံမူတည်နေတတ်ပါတယ်။
အမေစု ပုံတူအောင်ထုပေးပါဆိုလို့ ။ နှစ်သက် လက်ခံတယ်ဆိုရင် မှတ်ချက်တကြောင်းရေးပေပါ ။မိတ်ဆွေများ မြင်ရအောင် ရှယ်ပေးပါ ။ ပန်းပု ကျော်ကျော်မင်းလက်ရာပါ.။.
ဖုန်း 09401040255 ။ မြောက်ဥက္ကလာ ။ မြရတနာ ၁၀ လမ်း ။ ခ/ရပ်ကွက် ။ အမှတ် ၄၇ ။