Always smile

☺ ပြုးံပြလိုက်​ကြစမ်းပါ☺
ရွှာထဲမှာကျွန်​​တော်​အရမ်းမုန်းတဲ့ လှ​မောင်​ဆိုတာရှိတယ်​ဗျ ကျွန်​​တော်​သူ့ကို​တွေ့ရင်​ ဂျစ်​ကန်​ကန်​အကြည့်​ ဂျိုကြည့်​နဲ့အမြဲကြည့်​​လေ့ရှိတယ်​ဗျ သူကလည်းကျွန်​​တော်​ကို ခပ်​ချဉ်​ချဉ်​အကြည့်​နဲ့တန်​ပြန်​​လေ့ရှိတယ်​ဗျ ​မေတ္တာ​ရောင်​ပြန်​ဟပ်​တယ်​ဆိုပါစို့။ ဒါ​ပေမဲ့ကျွန်​​တော်​တို့နှစ်​​ယောက်​တ​ယောက်​ကိုတ​ယောက်​ ရန်​မဖြစ်​ကြပဲဘာ​ကြောင့်​မုန်းကြလဲ​ပြောကြရင်​ ဘုမသိဘမသိပဲမုန်းကြတာပါလို့​ပြောရမှာပါပဲ။သူ့အ​ဖေနဲ့ကျွန်​​တော်​အ​ဖေငယ်​ရွှယ်​စဉ်​က ရန်​ညိုး​တွေ​ကြောင့်​​ပေါ့ဗျာ။
လှ​မောင်​အ​ဖေနဲ့ကျွန်​​တော်​အ​ဖေက မိန်းမလုဖက်​၊စီးပွားပြိုင်​ဖက်​​တွေ​ပေါ့ သူတို့ကြိုက်​​နေတဲ့ သူဇာဆိုတဲ့ အခု(​ဒေါ်သူဇာ) အမျိုးသမီးကို ပြိုင်​ပိုးကြရင်​ နပန်းလုးံတဲ့အထိ သတ်​ပုတ်​ကြတဲ့အထိရန်​ဖြစ်​ခဲ့ကြတာပါ ပုဆိုး​တွေလဲနှစ်​​ယောက်​စလုးံကျွတ်​ အရှက်​​တွေလဲကွဲကြတာ​ပေါ့ဗျာ လူ​တွေ မနိုင်​ကြလို့ ရွာဦး​ကျောင်းကဆရာ​တော်​ဘုရား ကျိန်​လုးံနဲ့တ​ယောက်​တချက်​​ဆော်​လိုက်​မှ ရန်​ပွဲပြီးသွားတာ​ပေါ့ ပြီး​တော့​ဒေါ်သူဇာနဲ့လည်းသူတို့တ​ယောက်​မှမရပါဘူး ရွာထဲကဖိုးစီဆိုတဲ့လူနဲ့ညားသွားတာကိုဗျ ကြားကားဝင်​ဆွဲသွား​တော့ သူတို့နှစ်​​ယောက်​တ​ယောက်​ကိုတ​ယောက်​အတိုးချပြီး မုန်းသွားလိုက်​တာ ​သေတဲ့အထိပဲဆိုပါစို့။ အဲဒီဇာတ်​လမ်းက အခုထိမပြီး​သေးဘူး လှ​မောင်​နဲ့ကျွန်​​တော်​အထိ မုန်းကြတုန်းပဲဗျာ။
လှ​မောင်းကိုကျွန်​​တော်​အရမ်းမုန်းလို့ ရန်​စပြန်​ရင်​လဲသူကြီးက ကျွန်​​တော်​ကိုထိပ်​တုးံစာ​ကျွေးမှာ​ကြောက်​ရ၊လူငှါးပြီးသတ်​ခိုင်းပြန်​ရင်​လဲ ​ထောင်​ကျမှာ​ကြောက်​ရနဲ့ဗျာ။ တ​နေ့​တော့အကြံတခုရတယ်​ဗျ လှ​မောင်​ဒုက္ခ​ရောက်​​အောင်​ ​ယောဂီပညာဆိုလား ​အောက်​၊အထက်​ပညာနဲ့တွယ်​ဖို့ကျွန်​​တော်​ဆုးံဖြတ်​လိုက်​တယ်​ဗျာ။ ရွာဦး​ကျောင်းကပ္ပိယကြီးဦး​ထော်​က ပညာ​တွေအကုန်​တက်​တယ်​​လေဗျာ တ​နေ့သူ့ဆီကျွန်​​တော်​အ​ရောက်​သွားပြီး လှ​မောင်​နဲ့ကျွန်​​တော့်​အဖြစ်​ကိုအတိုချုပ်​ပြီး ​ပြောပြလိုက်​တယ်​ဗျာ ကပ္ပိယကြီးကပြုးံပြီး​မေးလိုက်​ ကျွန်​​တော်​က​ဖြေလိုက်​၊ကပ္ပိယကြီးက​ခေါင်းညိတ်​ပြီးနား​ထောင်​​နေတာ​ပေါ့ဗျာ။ခဏအကြာမှာ​တော့ လူ​လေးမင်းနား​ထောင်​ပါ ဦး​လေး​ပြောတာ​တွေမှတ်​ထားပြီး ​ပြောတဲ့အတိုင်းလုပ်​ပါလို့်​​ပြောပါတယ်​။
မင်းလှ​မောင်​နဲ့​တွေ့တဲ့အခါတိုင်းစိတ်​ထဲကညီကိုတ​ယောက်​လိုသ​ဘောထားပြီး လှိုက်​လှိုက်​လှဲလှဲပြုးံပြပြီး စိတ်​ထဲကလဲ လှ​မောင်​ကြီးစိတ်​ချမ်းသာ၊ကိုယ်​ချမ်းသာ​နေနိုင်​ပါ​စေလို့အမြဲ​မေတ္တာပို့သရမယ်​ မင်းဖြစ်​​စေခြင်​တာ​တွေလဲ အားလုးံဖြစ်​​စေရမယ်​လို့ ကျွန်​​တော်​ကိုမှာကြားလိုက်​ပါတယ်​ အဲဒီ​နေ့ကစပြီး ကျွန်​​တော်​မုန်းတဲ့လှ​မောင်​ကြီးဒုက္ခ​ရောက်​​အောင်​လို့ ကပ္ပိယကြီး​ပြောတဲ့အတိုင်း ကျွန်​​တော်​လိုက်​လုပ်​ပါ​တော့တယ်​။
ဒါ​ပေမဲ့၁၀ရက်​​လောက်​အကြာမှာ​တော့ လှ​မောင်​ဟာကျွန်​​တော့အ​ပေါ်မှာသ​ဘောထား​ပျော့​ပြောင်းလာပါ​တော့တယ်​ ကျွန်​​တော့်​ကိုလည်းသူကစ​ခေါ်ပြီး ရန်​ညိုး​တွေငါကစပြီး​ပြေ​ပျောက်​ကြရ​အောင်​လို့သူကစ​ပြောပါ​တော့တယ်​ ကျွန်​​တော်​ကလည်းသူ့ကိုမမုန်း​တော့ဘူးဗျာ ကျွန်​​တော်​တို့နှစ်​​ယောက်​အချစ်​ဆုးံသူငယ်​ချင်း​တွေဖြစ်​သွားကြတာ​ပေါ့။ ​နောက်​ရက်​မှာသူငယ်​ချင်းလှ​မောင်​ဒုက္ခ​ရောက်​မှာစိုးလို့ ကပ္ပိယကြီးဦး​ထော်​ဆီ​ပြေးပြီး ဦး​လေးခိုင်းတဲ့အတိုင်းမလုပ်​​တော့ဘူးလို့​ပြောတဲ့အခါမှာ ကပ္ပိယကြီးက တဟားဟားရယ်​ပါ​တော့တယ်​ ကျွန်​​တော်​​ကြောင်​သွားတယ်​ဗျာ မင်းသူငယ်​ချင်းလှ​မောင်​ဒုက္ခမ​ရောက်​ပါဘူးကွ ငါကမင်းကို​မေတ္တာနဲ့​နေခိုင်းတဲ့သ​ဘောပါကွာ တစ်​ဦးမှာ​မေတ္တာထားရင်​ တစ်​ဦးကလည်း​မေတ္တာပြန်​ထားတာ​ပေါ့ကွာ ​မေတ္တာ​ရောင်​ပြန်​​ဟပ်​တယ်​လို​​ပြောရမှာပါပဲလို့​ပြောလိုက်​ပါတယ်​ ကျွန်​​တော်​ကပ္ပိကြီးဆီကအပြန်​မှာ ​မေတ္တာရဲ့တန်​ဖိုး​တွေ နားလည်​သွားပါပြီ ရန်​သူဖြစ်​​စေ မိတ်​​ဆွေဖြစ်​​စေ​တွေ့တိုင်းအမြဲပြုးံပြီး​နေ​တော့မယ်​လို့်​ ကျွန်​​တော်​ဆုးံဖြတ်​ချက်​ချလိုက်​ပါ​တော့တယ်​။ ခင်​ဗျားတို့လည်းပြုးံပြကြဖို့်​ ​မေတ္တာထားကြဖို့ ကျွန်​​တော်​တိုက်​တွန်းလိုတယ်​ဗျာ။ ☺
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center