Warnning for motorcycal

#ဆိုင်​ကယ်​​တွေဖမ်းမယ်​လို့​ကြော်​ညာ​နေတယ်
ဆိုင်​ကယ်စ စီးထဲက ၃ခါအဖမ်းခံရဖူးတယ်​ အဖမ်းခံရတဲ့​အချိန်​​တွေဆို
ပိုက်​ဆံကုန်​ရုံမကဘူး လူလူခြင်း မတူမတန်​ အ​ပြောခံရ အ​ဟောက်​ခံရနဲ့ အလုပ်​​တွေအပြတ်​ခံပြီး ဘယ်​​နေ့ပြန်​ရမလဲလို့ အဖမ်းခံရတဲ့
စခန်း​တွေမှာ မျက်​နှာငယ်​​လေးနဲ့ သွားသွားပြီးပြန်​​ရွှေးခဲ့ရတယ်​😢

image

အဲ့​လောက်​ ဒုက္ခ​ရောက်​တာ မင်းဘာလို့ဆိုင်​ကယ်​စီးလဲ
ဲလိုင်းကားစီးပါလား လာ​​ပြောရင်
ကျ​နော်​ဆိုင်​ကယ်​စီးတာ အ​ပျော်​မဟုတ်​ပါဘူး
ကျ​နော်​တို့​နေတာ ​တောင်​ဒဂုံ ​အလုပ်​က ယုဇနဥယာဉ်​မှာ
ဘေးခြင်းကပ်​ဖြစ်​​နေတာ​တောင်​ လိုင်းကား ၃ဆင့်​စီးမှ ​ရောက်​တယ်
ဒါ​တောင်​ ၁မိုင်​ခွဲ​လောက်​လမ်း​ရှောက်​ရအုံးမယ်​ ကားတစ်​ဆင့်​ကို ၂၀၀
၃ဆင့်​ဆို ၆၀၀ မနက်​ည ဆို ၁၂၀၀ ဆိုင်ကယ်နဲဆို ​ဆီ ၁၀၀၀ ဖိုးထည့်​ရင်​ နှစ်​ရက်​​လောက်​​အေး​ဆေးသွားလို့ရတယ်
အလုပ်​၀င်​ချိန်​နဲ့ မိနှစ်​ ၃၀ ​လောက်​အလိုမှအိမ်​ကထွက်​လို့ရတယ်
ကားနဲ့ဆို ၂ နာရီ​လောက်​ကြိုထွက်​မှရမယ်​ ဒါ​တောင်​အလုပ်​၀င်​ချိန်​မကြိမ်း​သေဘူး 😣

image

ကိစ္စ​လေးတစ်​ခု ရှိလို့ ​မြောက်​ဒဂုံ ကိုသွားရမယ်​ Taxi မငှါးနိုင်​ဘူး
လိုင်းကားပဲ စီးရမယ်​ လိုင်းကားက ကျ​နော့်​ကို ​မြောက်​ဒဂုံ ကိုမ​ခေါ်သွားဘူး စံပြ​ဈေးကိုအရင်​​ခေါ်သွားတယ်​ စံပြ​ဈေးက​နေမှ တစ်​ခါပြန်​စီးရမယ်​ ကျ​နော်​တို့ ၇၁ က​နေ ​မြောက်​ဒဂုံ ကို ကျန်​စစ်​သားလမ်းမကြီးတိုင်း ဆိုင်​ကယ်​နဲ့သွားရင်​ မိနှစ်​ ၂၀ ​လောက်​နဲ့ သာသာယာယာ
သွားနိုင်​တယ်​ လိုင်းကားနဲ့ဆို ၂နာရီ အနည်းဆုံးကြာမယ်​ ဒါကျ​​နော်​​နေတဲ့ပတ်​၀င်းကျင်​အ​တွေ့ကျုံပါ တချားလိုင်းကားနဲ့ သွားလို့မရတဲ့​နေရာ​တွေအများကြီးရှိတယ်​ ကိုယ့်​ဘာသာစဉ်းစားကြည့်​ကြပါ😔

ရန်​ကုန်​မြို့ထဲမှာဆိုင်​ကယ်​မစီးရဘူးဆိုတာလက်​ခံပါတယ်
ဒါ​ပေမဲ့ ကျ​နော်​တို့လိုမြို့စွန်​က​လူ​တွေ မြို့စွန်​မှာဆိုင်​ကယ်​စီးတဲ့လူ​တွေ​တော့ ငဲ့ညာသင်​တယ်​ ဆိုင်​ကယ်​စီး​နေတဲ့လူတိုင်း ဥပ​ဒေကိုချိုး​ဖောက်​တယ်​ဆိုတာကြီးပြင်​သင့်​တယ်​ ဆိုင်​ကယ်​စီးတိုင်း လူဆိုးသခိုးဆိုတဲ့
ထင်​မြင်​မူကြီးမရှိသင့်​ဘူး အဓိက မြို့စွန်​​တွေမှာဆိုင်​ကယ်​စီးတာကို
ဖမ်းစီးခြင်း လုံးဝကိုမလုပ်​သင့်​ပါဘူး😡

ဒီ​လောက်​စိတ်​ညစ်​စရာ​ကောင်းပြီး ဖမ်းစီး​နေတဲ့ ဆိုင်​ကယ်​​တွေ ကျ​နော်​တို့လဲမစီးခြင်​ပါဘူး ကားဝယ်​မစီးနိုင်​လို့ အ​ခြေခံလူတန်းစားမိုစီးရတာပါ
ခင်​ဗျားတို့ဖမ်းမယ်​ဆိုတဲ့ ဆိုင်​ကယ်​​တွေကို အများဆုံးအသုံးပြုစီး​နေတာ
အ​ခြေခံလူတန်းစား​တွေပါ အမြဲလိုလို အဖိနှိပ့်​ခံ​နေရတဲ့ လူဆင်းဆဲ ငမွဲင​တွေ​တွေပါ ဆိုင်​ကယ်​အဖမ်းခံရရင်​ မတန်​တဆ အတိုး​ပေးပြီး ပိုက်​ဆံ​ချေးကာဆိုင်​ကယ်​ပြန်​​ရွေးရတဲ့ နင်းပြား​တွေပါ😭

ဆာနာကြပါ ကျ​နော်​တို့ဆိုင်​ကယ်​ကိုလာဖမ်းကြတဲ့ ဆိုင်​ကယ်​စီး​နေတဲ့ရဲ​တွေဘာ​ကြောင့်​ဆိုင်​ကယ်​စီး​နေရတာလဲ ဘယ်​​လောက်​အသုံးဝင်​လဲ​မေးကြည့်​ပါ ရပ့်​ကွက်​ အုပ်​ချုပ်​​ရေးမူးရုံး​ရှေ့​တွေက ဆိုင်​ကယ်​​တွေ​ရော
ဘာ​ကြောင့်​စီး​နေရတာလဲ မစီးရဘူး ဆိုရင်​လဲ ရန်​ကုန်​တိုင်း တစ်​တိုင်းလုံးဘယ်​သူမှမစီးရဘူး ဘယ်​ဆိုင်​ကယ်​မှဖြတ်​သန်းသွားလာလို့မရဘူး
လုပ်​ပါလား ဥပ​ဒေနဲ့ ပတ်​သက်​ရာ ပတ်​သက်​​ကြောင်း​တွေကြ ဥပ​ဒေချိုး​ဖောက်​ခွင့်​ရှိတာလား ဘယ်​လို ဥပ​ဒေလဲဆိုတာ ကိုယ့်​ဘာသာပြန်​​တွေးကြည့်​ပါ တန်းတူညီမျှမူမရှိတဲ့ဥပ​ဒေက မှန်မယ်​လို့မထင်​ပါဘူး😞

မြန်​မာနိုင်​ငံမှာ ​အောက်​​ခြေကလူ​တွေအဖိနှိပ့်​ခံ​နေရတာ အရမ်းများ​နေပါပြီ စက်​ရုံအလုပ်​သမားလစာပြသနာ ကြူး​ကျော်​​နေထိုင်​မူဆိုတဲ့ပြသနာ သန်း​ခေါင်​စရင်းမှတ်​ပုံတင်​အစစ်​မရရှိတဲ့ ပြသနာ
ရေ.မီး အပြည့်​ဝ မရရှိတဲ့ပြသနာ ကုန်​​ဈေးနှုန်းကြီးမားတဲ့ပြသနာ
လူမျိုးခြင်း အဆင့်​တန်းခွဲချားနှိမ့်​ခြတဲ့ပြသနာ လူလည်​လူကြီး​တွေ
လည်​ရင်​လည်​သလိုလုပ်​​နေကြတဲ့ပြသနာ ယခုဆိုင်​ကယ်​ စီးနင်းခြင်းပြသနာ ဒီပြသနာ​တွေအားလုံးဟာ ရိုးသားစွာ ဆင်းရဲ​နေကြတဲ့ လူငမွဲ​တွေမှာပဲရှိကြတဲ့ ပြသနာ​တွေဆိုရင်​ မှားမယ်​မထင်​ပါ
ခင်းဗျားတို့ သိထားရမှာက တန်းတူအခွင့်​​ရေးမရပဲ
ဒီမိုက​ရေစီဆိုတာမဖြစ်​နိုင်​ဘူး အဖိနှိပ့်ခံ​​အောက်​​ခြေလူတန်းစား ရှိ​နေသ၍ တိုးတက်​​ကောင်းမွန်​တဲ့ မြန်​မာနိုင်​ငံ လုံးဝမဖြစ်​လာနိုင်​ပါဘူး..........{ရွံစရာ​တွေ}😏😏😏
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<

      ရှာဖွေတင်ပြမှုသာ@mgwanna
H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center