May I Ask

😰😰😰😰😰😰😰😰😰😰😰😰😰😰
မေးစမ်းပါရစေ ကိုရွှေမြန်မာ
😡😡😡😡😡😡😡😡😡😡😡😡😡😡

image

မမြင်ဘူးလား
မျိုးချစ်စိတ်ကို သွေးတိုးစမ်း
လူ့အခွင့်အရေးနဲ့ အကဲစမ်းနေတာတွေ

မမြင်ဘူးလား
ငြိမ်းချမ်းရေးကို အယောင်ပြ
ငွေကြေးနဲ့ ထင်သလိုလူပါးဝနေတာတွေ

မမြင်ဘူးလား
ဒီမိုကရေစီကို အသုံးချ
ဧည့်သည်က အိမ်ရှင်ဖြစ်ချင်နေတာတွေ

မမြင်ဘူးလား
ကမ္ဘာတခွင် အကြမ်းဖက်
နိုင်ငံရေးကို စွက်ဖက်နေတာတွေ

မမြင်ဘူးလား
ဘာသာတရားကို ပုတ်ခတ်
အခွင့်ရတာနဲ့ နှလုံးသားစုတ်ပြတ်နေတာတွေ

မမြင်ဘူးလား
သာသနာကို နေရာလု
ကျီးကန်လို ဝိုင်းအာပြီး တုပနေတာတွေ

မမြင်ဘူးလား
အသပြာရမက်နဲ့ ပေါက်
ငွေနဲ့ လူကို မျိုချသားဖောက်နေတာတွေ

မမြင်ဘူးလား
ဇာတ်ကြောင်းကို အတုလုပ်
သမိုင်းကို ဂုတ်သွေးစုပ်နေတာတွေ

မမြင်ဘူးလား
နိုင်ငံ့တရားဥပဒေကို မလေးစား
အများအားနဲ့ အခွင့်တောင်း အာယားနေတာတွေ

ကိုယ့်ပြည်ထောင်စု ကိုယ့်ကိုတုလျက်
လူ့အခွင့်အရေး ဖိအားပေးမို့
သွေးကိုသွေးဖြင့် မေးစမ်းချင့်သည်
မင့် တကယ် မမြင်သေးဘူးလား။
သုခိန်(ဗုဒ္ဓတက္ကသိုလ်)
21-4-2016

#ကိုနီပေါတို့ခေတ် အချစ်ဥဒါန်းကတော့ နမ်းသမျှ နွမ်းလျပါဘိ

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center