📝📕

1.The teacher threw the book at her because she did not do her homework.
သူမ အိမ်စာမလုပ်ခဲ့သောကြောင့် ဆရာက သူမကို စာအုပ်နှင့် ကောက်ပေါက်တယ်× (Facebook ပေါ်မှ)

ဘာသာပြန်တဲ့သူ/ရေးတဲ့သူကလည်း အဘိဓာန်တစ်အုပ်တစ်လေတောင် မကြည့်ဘဲဘာသာပြန်တယ်/ရေးတယ် ရှယ်တဲ့သူကလည်း သူများကိုဖတ်စေချင်တဲ့ စေတနာအရင်းခံပြီး ရှယ်တယ် သည်တော့ အမှားကို လိုက်မရှာရဘဲ မြင်နေတွေ့ နေ့ ရတယ် မှားနေတာကို မြင်နေတော့လည်း လူမုန်းခံရမှာကြောက်ပြီး မှားနေပါတယ်လို့ မပြောဘဲ မဝေဖန်ဘဲ နေကြည့် ပေမယ့် ကိုယ့်ပင်ကိုစိတ်က မရဘူး
ဒီတော့ Facebook ပေါ်မှာ ပညာမျှဝေချင်ရင် English အဘိဓာန်တစ်အုပ်လောက်တော့ လှန်ကြည့်ပါလို့ အကြံပေးပါရစေ

English အဘိဓာန်တစ်အုပ်လောက် လှန်ကြည့်ရင် throw the book at sb ဆိုတာ ပြင်းပြင်းထန်ထန်အပြစ်ပေးသည် ဆိုတဲ့အဓိပ္ပာယ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်ဒါကြောင့် The teacher threw the book at her because she did not do her homework.ကို သူအိမ်စာတွေမလုပ်ခဲ့လို့ ဆရာက သူ့ ကို ပြင်းပြင်းထန်ထန်အပြစ်ပေးတယ် လို့ ပဲဘာသာပြန်ရမှာပါ

1.You should have thrown the book at her.
သူ့ ကို ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့သင့်တာ

2.We might just as well throw the book at them.
သူတို့ ကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တာ အကောင်းဆုံးပဲ

3.It is just as well that the government threw the book at the rapist.
အစိုးရက အဲဒီမုဒိမ်းကောင်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးလိုက်တာ မှန်သွားတယ်

4.You did not throw the book at her to the purpose.
နင်သူ့ ကိုပြင်းပြင်းထန်ထန်အပြစ်မပေးလိုက်တာ မှန်သွားတယ်

5.I thought I would get off ,but the teacher threw the book at me.
အပြစ်ပေးခံရမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်ခဲ့ပေမယ့် ဆရာက ကျွန်တော့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးတယ်

6.We can throw the book at them if they step out of line.
သူတို့ စည်းကမ်းချိုး ဖောက်ရင် အပြင်းပြင်းထန်ထန်အပြစ်ပေးလို့ ရတာပဲ

image
@kbkb

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center