✏✏📖📖

ကိုယ်သွားမဲ့လမ်းမှာ သူများကရှေ့မှာပိတ်နေလို့ ဘေးလေးနည်းနည်းလောက်ဖယ်ပေးပါ...လို့ယဉ်ကျေးစွာ ပြောပုံများ

မနေ့က MAI လေယဉ်စီးပြီး အလုပ်ရှိရာ ဘန်ကောက်မြို့သို့ပြန်ခဲ့တာ လေယဉ်ပေါ်မှာ တွေ့ကြုံခဲ့ရတာလေးကြောင့် ဒီစာတိုလေးရေးဖြစ်တာပါ။
လေယဉ်ပေါ်မှာ ထိုင်ခုံတန်းတွေနှစ်ဘက်ကြားက လူသွားလမ်းမှာ လေယဉ်မယ်လေးနှစ်ယောက် ရပ်ပြီးစကားပြောနေကြစဉ်မှာ ခရီးသည် မျက်နှာဖြူတစ်ယောက်က သူသွားလို့မရ၊ လမ်းပိတ်နေလို့ Let me get by you. လို့ပြောတယ်။ လေယဉ်မယ်လေးတွေ နားလည်ပုံမရပါ။ Yes, Sir. What can I do for you? လို့ ခရီးသည်ကို ပြန်မေး၊ ခရီးသည်ကလည်း Let me get by you. လို့ထပ်ပြော...Sigh!!!!!

ဘေးလေးနည်းနည်းလောက်၊ ဖြတ်သွားလို့မရ ပိတ်နေလို့၊ သူများကို ကိုယ့်ရှေ့က နည်းနည်းဖယ်ပေးပါ၊ ဘေးနည်းနည်းတိုးပေးပါလို့ ပြောချင်ရင် Excuse me. လို့ပြောပြီး လက်ဟန်ခြေဟန်လေးနဲ့ ဘေးဖယ်ပေးဖို့ ယဉ်ကျေးစွာ အမူအရာပြပြီး ဖယ်ခိုင်းလည်းရတာပါပဲ။ သို့သော် ဝါကျ အပြည့်အစုံလေးနဲ့ မွန်မွန်ရည်ရည် ပုံစံအပြည့်ပြောချင်သူတွေအတွက်ကတော့ အောက်ပါဝါကျလေးတွေကို သုံးလို့ရပါတယ်။ အသုံးအများဆုံးကတော့ Could I get by? ပဲဖြစ်ပါတယ်။ Can သို့မဟုတ် Will ကိုသုံးလို့ရပေမဲ့ ပိုပြီးယဉ်ကျေးအောင် Could နဲ့ Would တို့ကို polite forms အဖြစ်သုံးရတာကို သတိပြုပါ။ ဝါကျအစမှာ Excuse me. နဲ့စပြီးပြောတာ၊ သို့မဟုတ် ဝါကျအဆုံးမှာ please နဲ့အဆုံးသတ်ပြောတာ ယဉ်ကျေးမှုပါ။

ကဲ...ဘေးလေးနည်းနည်းလောက် လမ်းဖယ်ပေးပါကို...ပြောဖို့ဝါကျလေးတွေ မှတ်ကြစို့။

  1. Excuse me, could (can) I get by you?
  2. Could you please let me pass?
  3. Could (Can) I get by you?
  4. Let me pass, please.
  5. Let me by, please.
  6. May I get by, please?
  7. May I pass, please?
  8. Would (Will) you let me by, please?
  9. Excuse me, can (may) I get through, please?
  10. Excuse me, could you let me through?
  11. Could you make way for me, please?
    image
    With love,
    @hlay
H2
H3
H4
3 columns
2 columns
1 column
Join the conversation now