📷📖📖

ဒီနေ့ အတန်းတွေ ပိတ်တာနဲ့ Facebook ကို အေးအေးလူလူ ထိုင်ကြည့် ဖြစ်တယ် ။ အချိန်တွေကုန်သွားတယ် ၊ ဘာမှ မကျန်လိုက်ဘူးလို့ ထင်ရပေမယ့် အသိတစ်ခု ၊ တွေးစရာ တစ်ခုတော့ ကျန်လိုက်တယ် လို့ ဆိုရမယ်။ အားလုံးပြန်တွေးပြီးချိန် ဒါဝင်ရဲ့ " Survival of the fittest " ဆိုတဲ့ စကားက အတွေးထဲ ၀င်လာတယ်။ Survival of the fittest ဆိုတဲ့ စကားဟာ အခုခေတ်မှာ ပိုပိုပြီး အသက်ဝင်လာတယ်လို့လည်း မြင်မိတယ်။

Facebook ပေါ်မှာ အဓိက ဖတ်မိတာက Hot အဖြစ်ဆုံး ဖြစ်နေသော အနုပညာ လောကသား တွေဖြစ်တဲ့ ရုပ်ရှင်က အဖြစ်အပျက်တွေပါ ။ တမင်လိုက်ပြီးရှာ စရာမလိုဘဲ အခြားသူတွေ Share လုပ်ထားရာကနေ ဖတ်လို့  ရလောက်အောင် ပျံ့နေပါတယ်။ တကယ်တော့ သူတို့ ရင်ဆိုင်နေရတာက အရွေ့ တစ်ခုကို လိုက်ပါဖို့ ကြိုတင် မပြင်ဆင်သူတွေ များပြီး ပြန်တွန်းမိနေသလို ဖြစ်တာလို့ မြင်တယ်။

မြန်မာပြည်မှာ ပထမဆုံး အပြောင်းအလဲကို အကြီးအကျယ် တောင်းဆိုခံရတာ အစိုးရ လို့ဆိုရမယ် ထင်ပါတယ်။ ပြည်သူတွေက အစိုးရ အပြောင်းအလဲကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ရတယ်။( ပေးဆပ်ရမှုလည်း ကွာပါတယ် ) ။ အခုအထိလည်း မပြီးသေးပါဘူး ။ ဒီမှာလည်း ပြောင်းလဲချင်သူ ၊ ကိုယ်နည်းကိုယ့်ဟန် ပြောင်းချင်သူ ၊ နိုင်ငံ တကာပုံစံ ပြောင်းချင်သူ ၊ ကိုယ်ကျိုး ကာကွယ်လိုသူ အစုံပါပဲ ..ဒါကတော့ ထားပါတော့ ကိုယ်လည်း ဥာဏ်မမီ ။ :) ( အခြားဟာလည်း မမီပါဘူး : )

အစိုးအရ အပြောင်းအလဲ ဖြစ်ပြီးနောက် အခြားအရွေ့တွေကို တွေးမိတယ်။ အရွေ့တွေက သိပါသာတယ် ဆက်သွယ်ရေး လောကမှာလည်း အခုခေတ်စကားနှင့် ပြောရရင် " ပေါကားရိုက် " ဂျင်းထည့်လာသော MPT ဟာလည်း လိုက်ပါ ပြောင်းလဲ လာတာပါပဲ ။ ပြည်သူတွေကတော့ အများကြီး အော်ခဲ့ရတာပေါ့ ။

NLD အစိုးရတက်ပြီးနောက်ပိုင်း ရန်ကုန်မှာဆိုရင် ကားစပယ်ယာ ( Conductor ) တွေ အများစုကို ပြည်သူတွေက ချဉ်နေတာကြာပြီ ။ အရွေ့ တစ်ခုကို သူတို့တွေတယ် ။ ပြည်သူ အများစုက သူတို့ဘက် ရှိမနေဘူး ။ သူတို့က ရှိနေသော အနေအထား တစ်ခုမှာရပ်နေ ၊ သာယာနေပြီး နောက်ထပ် တစ်ဆင့်ကို ပြင်ဆင်မထားသော ယာဉ်နောက်လိုက်တွေ ဒုက္ခရောက်ကြတယ်။ ပြင်ဆင်ထားသူကတော့ အရွေ့မှာ လိုက်သွားကြတယ် ။ ယာဉ်နောက်လိုက်တွေက ပညာရှင် အသိုင်းအ၀ိုင်းက လူတွေ မဟုတ်တာမို့ စာနှင့် ပေနှင့် အများကြီး မပြောနိုင်တော့ဘဲ အရွေ့တစ်ခုမှာ သူတို့ နေရာမရှိတော့ သလောက် ဖြစ်သွား ခဲ့တယ်။

အရွေ့တွေကတော့ လာနေမှာပါပဲ ။ အခု အလှည့်ကျတာက အေးအေးဆေးဆေး ဖြစ်မယ်လို့ ယူဆထားသော အနုပညာရှင်တွေ အလှည့် ဖြစ်နေတယ်။ ဒါရိုက်တာ အောင်ကိုလတ် ပြောသလို အရှေ့တောင် အာရှမှစပြီး ကိုယ့်ဟာ ဘယ်သူလည်း သိဖို့ ၊ ပြီးတော့ ကမ္ဘာမှာ ကိုယ်ဟာ ဘယ်သူလည်း သိဖို့ လေ့လာအားထုတ် နေရမယ်ဆိုတာပါပဲ ။ ဟုတ်ပါတယ် အနုပညာရှင်တွေက ကမ္ဘာသုံး ဘာသာစကားက အစလေ့လာရမယ်။ နောက်တစ်ချက်က လှိုင်းအသစ်တစ်ခုက ရိုက်ခတ်လာချိန်မှာ လိုက်ပါ ပြောင်းလဲနိုင်အောင် ကြိုတင် ပြင်ဆင်နိုင်ဖို့ လိုအပ်ပုံကို ပိုပြီးမြင်လာတယ်။ အနုပညာရှင်တွေ အများစု ကြားမှာ အခု တွေ့ရတာက ပြောင်းလဲနေသော ပုံစံကို Welcome မဖြစ်တဲ့ ပုံစံ ရှိသော သူတွေကို အစုလိုက် မြင်နေရသလို ခံစားရ တယ်။

တကယ်ဆို Survival ဖြစ်ဖို့ ကိုယ်သန်မာနေ ဖို့ပဲလိုတာပါ ။ လှိုင်းက ၀င်ဆောင့်တဲ့ အချိန် ဒီလှိုင်းကို လိုက်ပါ စီးမျောဖို့ ပြင်ဆင်တာထက် လှိုင်းကို ပြန်တွန်းဖို့ ကြိုးစားမိသလို ဖြစ်နေတယ် မြင်မိတယ်။ တကယ်တော့ အရွေ့က ကြာနေခဲ့ပါပြီ ။ ဒီမှာက ရပ်နေခဲ့တာပါ ။ အခုအခြေအနေက အရွေ့က လာတွန်းတာမဟုတ်ဘဲ ဒရွတ်တိုက် ဆွဲခေါ်သလို ဖြစ်သွားတယ်လို့ မြင်မိတယ်။

ကျွန်တော်တို့ဆိုလည်း အင်္ဂလိပ်စာသင်တယ် ။ တကယ့်ကို Academic ဆန်ဆန် ငယ်စဉ်ကတည်းက သင်ကြားမခံရဘူး ။ ကြီးလာတော့လည်း တက္ကသိုလ်မှာ စနစ်တကျ သင်ကြားမခံရဘူး ။ ရနိုင်သမျှနည်းလမ်းဖြင့် လေ့လာတယ် ။ လုပ်တယ် ။ သို့သော် တန်းမမီဘူးဆိုတာ သိတယ် ။ အဲ့လိုလည်း အမြဲ ခံစားရတယ်။ ဒါပေမယ့် အလုပ်တော့ ဖြစ်နေသေးတယ် ။ ဘာလို့လဲဆိုတော့ စေတနာစိတ်လေး ရှိနေသေးလို့ ပါ ။ ဒါပေမယ့် တကယ့် Well- Trained ဖြစ်သော အဖွဲ့အစည်းတွေ တကယ်ဝင်လာရင် ကျွန်တော်တို့လို သင်တန်းကျောင်းလေးတွေ ဆက်လက်ရပ်တည်နိုင်မလား ဆိုတာ မသေချာဘူး ။ ဒီတော့ဘာလုပ်မလဲ .... ကန့်လန့် တိုက်မှာလား .. လိုက်ပါဖို့ ကြိုစားမှာလား . ဘာလုပ်မလဲ..

ဒီနှစ် ဆယ်တန်းမေးခွန်းပုံစံ အရ ပညာရေးဘက်မှာလည်း အရွေ့တွေ မြန်လာခဲ့ရင် အခု ရုပ်ရှင်လောကမှာ ဖြစ်သလိုတွေ မလာနိုင်ဘူးလို့ မပြောနိုင်ဘူး ။ စနစ်တကျ မပြင်ဆင်ထားရင် ကျန်ခဲ့မှာပဲ ။ နိုင်ငံတကာမှာ ပြောင်းလဲနေသော ပညာရေးပုံစံ အတိုင်း ပြောင်းဖို့ ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ ဘာသာစကားက အတားအဆီး မဖြစ်နေဖို့လို့တယ်။ ကမ္ဘာအဆင့် ၀င်တိုးဖို့ ဘာသာစကား အတားအဆီးမရှိဖို့ လိုလာချိန် ဘာသာစကားကို နိုင်ငံတကာမှာ သင်နေသော ပုံစံအတိုင်းမသွားလို့ မရနိုင်တော့ဘူး ။ အဲ့လို မသွားဘဲ ကဗျာလိုလို စာလိုလို သွားနေသေးရင်တော့ အရွေ့မှာ အခက်တွေ့နိုင်မယ် ထင်ပါတယ်။ ကိုယ်က အရွေ့ကို ပြန်တွန်းနေသူလို ဖြစ်နေနိုင် ပါတယ်။

အစိုးရ ၊ အနုပညာလောက ၊ ပညာရေးလောက ၊ ဆေးပညာလောက ၊ ဘဏ် လုပ်ငန်း ၊ ခရီးသွားလုပ်ငန်း ၊ စတိုးဆိုင် ၊ သယ်ယူပို့ဆောင်ရေး စသည်ဖြင့် လုပ်ငန်းတိုင်းက အရွေ့တွေကို ရင်ဆိုင်နေရတာပါပဲ ။ တစ်ချိန်မှာ ကိုယ့်အလှည့် ဆိုတာ ရောက်လာဦးမှာ မလွဲပဲ ။ အဲ့အချိန်မှာ အဆင်သင့် ဖြစ်နေမလား ။ တကယ် ရင်ဆိုင်ရချိန် လုပ်ဆောင်နိုင်သူတွေနှင့် ပူးပေါင်းရင် ပူးပေါင်း ။ မပူး ပေါင်းနိုင်ရင် တရားသေားနည်းဖြင့် ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစား ။ ဒါပဲ မြင်မိတယ် ။ လူတိုင်း မိမိ ကိုယ်တိုင် တစ်ချိန်မှာ ရှင်သန်ဖို့ အသည်းအသန် ကြိုးစားရမည့် အချိန်ကို ရောက်လာဦးမှာပါ ။

တကယ်တော့ အခု အနုပညာ လောကကို တိုက်သွားတဲ့ လှိုင်းက အရမ်းမကြီးပါဘူး ။ သူတို့ ထလိုက်သော ဂယက်က ပိုကြီးပြီး လှိုင်းထန်သွားတာလို့ မြင်မိတယ်။

နောက်ဆုံး တွေးမိတာက ရုပ်ရှင်လောက သားတွေနှင့် ပတ်သက်ပြီး Role Model တို့ My idol ကြီးကို ဒီလို မထင်ခဲ့ဘူး ။ တစ်သက်လုံး အထင်ကြီးခဲ့တာ ၊ လေးစားခဲ့တာ မှားပြီ စသည်ဖြင့် တွေ့ရတော့ စဉ်းစားမိတယ်။ တကယ်တော့ လူဟာ လူပါပဲ ။ ကိုယ်က လူတစ်ယောက်ထက် ပိုမျော်လင့်မိတာ မျိုးလည်း ဖြစ်တတ်ပါတယ် ။ ကိုယ်တိုင်လည်း တစ်ခါတစ်ရံ အတင်းပြောတတ်မှာပါ ။ အတင်းမဟုတ်ခဲ့ရင်တောင် မိမိခံစားချက်ကို ပြောမိမှာပါပဲ ။
Role Model ဆိုတာ လည်း လူပဲမို့ လူတစ်ယောက်က ပေးနိုင်သော အခြေအနေ ၊ ကန့်သတ်ချက်ဆိုတာ ရှိမှာပါပဲ လို့ တွေးမိတယ်။
နောက်ထပ်တွေးမိတာက သင့်ကိုနှစ်သက်သော လူတိုင်းသည် သင့်ကို အမြဲ နှစ်သက် နေမည်မဟုတ်ဆိုသော အစိုးမရသော သဘော ။ ပြီးတော့ လုပ်ဆောင်လေရာမှာ သတိဆိုတာ ကပ်နေသင့်တယ်။ စကားအရာ ၊ အပြုအမူ အရာမှာပါ အရာအရာ သတိထားသင့်တယ်ဆိုတာ ဆင်ခြင်မိတယ်။

အရွေ့မှာ လိုက်ပါပြီး survive ဖြစ်နိုင်အောင် ကြိုးစားရင်း .. ဟိုးတွေး ဒီတွေး ။

image

@hlay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now