📝📝

အဝေးကလရောင်

ပျော်နေပါ.. ကောင်မလေး
လရောင်ရဲ့ မိုင်အဝေးမှာ နေနေရသူအတွက်
နောက်ဆုံးအခွင့်ဆိုတဲ့ ရင်ထဲကနေ
ပတ်သက် နေချင်ရုံ သက်သက်ပါ။.

ဒီနှစ် ဆောင်းဝင်တာ စောတယ် ကောင်မလေးရေ။
အိပ်မက်ပျက်ခဲ့တာ
အကြိမ်ကြိမ်ဆိုလည်း မမှု့တော့ ပါဘူး
မေတ္တာဆိုတာ ကောင်းနေလို့ ရလာတာမှ မဟုတ်တာ၊
ဒီဆောင်း အိမ်မက်ဆိုးတွေ
ပိုင်ဆိုင်ခွင့်ကိုပဲ ကျေးဇူးတင် မိပါတယ်။

ကောင်မလေးရေ.. ဟိုးအဝေးကို
ထွက်သွားတဲ့အချိန်မှာ မင်းဖတ်ဖို့ ကဗျာလေးတွေ
မရေးသီဖြစ်ခဲ့ရင် တစ်ခုတော့ သိထားပါ
ချစ်ခြင်းမေတ္တာဆိုတာ´´ မင်းကောင်းနေလို့ ရလာတဲ့ ဆုလာဘ်၊ မင်းအပေါ် ကောင်းတဲ့သူအတွက်ပဲ ပေးရမဲ့ အရာတစ်ခု မဟုတ်ဘူး၊ ကောင်းတဲ့လူကိုမှ ဘုရားသခင်ကချစ်မယ်ဆို
ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူ
လောကမှာ ရှိတော့မှာလား ဆိုတာကိုပေါ့။ ´

´ မဆုံသင့်သော ချစ်သူဆိုတာ ရှိလားလို့´
´မေးတော့ မဖြေခဲ့တာ အဖြေရှိနေလို့ပါ.
မြစ်တစ်စင်းနဲ့ မတူတဲ့ ၊
ပင်လယ်လိုမာယာ မများတတ်သော၊
တိမ်လို မလွင့်မျောတတ်တဲ့ မင်းရဲ့စိတ်က
ငါ့ကို ခက်ခဲစေခဲ့တယ် ကောင်မလေးရေ၊
မရေရာသော အနာဂတ်တွေထဲ
ရှင်သန်ခွင့် ရတဲ့ခဏမှာ ရှင်သန်နေရတဲ့သူအတွက်
အကောင်းဆုံး ရှင်သန်သွားနိုင်တာ
ရင်ထဲမှာ အလင်းရှင်ရှိနေလို့ပါ.ဆိုတာ
ငါ..တိတိကျကျ သိတယ်။

အခုတော့ အဝေးက လရောင်ကို
ခံယူဖို့မျှော်လင့်မထားပေမယ့်
နှင်းဆီတွေ စိုက်ပျိုးထားတယ်..
ပန်းလေးတွေ မညိုးခင် အထိတော့
ငါ....ရှင်သန်နေဦးမယ် ကောင်မလေးရေ။

Michael Lin Lin

အဝေးကလရောင် ( တစ်ယောက်သော ချစ်သူ )

( 2011) လွန်ခဲ့တဲ့......၆ နှစ်က ဒီလိုနေ့ အချိန်မှာ Facebook ပေါ်တင်ခဲ့တဲ့ကဗျာလေး
image

@gla

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center