📝📝

ညီမလေးရေ .. သင်္ကြန် အတွင်း ပိတ်ရက် ရှည်မှာ ဘယ်မှ မသွားဖြစ်တော့ စာအုပ်တွေ အကြောင်း ပြောပြချင်မိရဲ့ ။ စာအုပ် အကြောင်းထက် စာဖတ်သူ အမျိုး အစားအကြောင်း အရင်ပြောတာ ကောင်းမယ် ထင်တယ်။ ပြီးမှ စာအုပ်တွေ အကြောင်း ပြောပြမယ်နော် ။

အချို့က စာဖတ်တာ နှစ်သက်တာထက် စာအုပ်တွေကို ချစ်တဲ့ စိတ်ပိုတာ ။
သူတို့က စာအုပ် အဟောင်းတွေဆိုရင်လည်း သူ့ရဲ့ ၀ါညစ်ညစ် အရောင်လေးတွေ၊ စာအုပ် အဟောင်းနံ့လေးတွေ ၊ တွန့်လိပ်နေတဲ့ စာရွက်မျိုးက အစ ချစ်တာမျိုးပေါ့ ။ စာအုပ် အသစ်ဆိုရင်လည်း အသစ်အနံ့ကို မျက်စိမှိတ်ပြီး စာအုပ်ဆိုင်ထဲမှာတောင် ရှုရှိုက်တတ်တာမျိုး။ ပြီးတော့ စာအုပ် အသစ်လေးတွေရဲ့ ကြွပ်ဆတ်ဆတ် အသားမျိုးတွေက အစ ချစ်တတ်တဲ့ သူတွေပေါ့ အင်္ဂလိပ်လိုတော့ သူတို့ကို The Bookophile. လို့ ခေါ်တယ်။
-phile ဆိုတာ ချစ်မြတ်နိုးသူ .. bookophile ဆိုတော့ စာအုပ်ချစ်မြတ်နိုးသူပေါ့။ ညီမလေးကတော့ ဒီစာရင်းထဲ မပါလောက်တာ သေချာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာအုပ် ရနံ့ အကြောင်းပြောပြတော့ မအူ မလည် ကြည့်နေတာ မှတ်မိဖူးလို့ပဲ ။

အချို့ကတော့ တကယ့် စာအုပ်ချစ်သူဆိုတာ သံသယရှိ စရာမလိုပါဘူ ။ ဘာလို့ လဲဆိုတော့ သူတိုက စာအုပ်ဆိုင်ထဲ ရောက်ပြီဆို မ၀ယ်ရရင် မနေနိုင်ဘူးလေ ။ အနည်းဆုံး တစ်အုပ်လောက်တော့ ရအောင်ဝယ်တာပဲ ။ တစ်ခါတစ်လေ လက်လွန်သွားတာမျိုးတောင် ရှိတတ်ကြတယ် ။ အိမ်ပြန်ရောက်ရင် ဒီစာအုပ်တွေကို ဖတ်ဖို့ထက် ဘယ်နားမှာ လှလှပပလေး ထောင်ထားမလဲ စာအုပ်တွေကို အနုပညာ ဆန်ဆန် အလှပြထားချင်တဲ့ စိတ်လည်း ရှိတတ်ကြတယ်။ ပြီးတော့ သူ အလွယ် တကူ ကောက်ဖတ်လို့ ရမည့် နေရမှာ ထားထား ပေမယ့် အလုပ် မအားလပ်သည့် အခါ ၀ယ်ထားပေမယ့် မဖတ်ဖြစ်ကြသူတွေပေါ့ ။ သူတို့က ဖတ်ဖို့ အားမထုတ်တာလည်း မဟုတ်ပြန်ဘူး။ ဖတ်မိလိုက်ရင်လည်း စာအုပ်ထဲမှာ မျောပြီး ငါ ဒီစာအုပ် ရှိနေပါရက်နဲ့ ဘာလို့ အခု အချိန်မှ ဖတ်မိတာလဲ ထင်တတ်သူမျိုးကို တွေပေါ့ ။ သူတို့ကိုတော့ ဒီလို သတ်မှတ်ကြတယ်. Delayed Onset Reader #1 ။

ညီမလေးကို ဘယ်စာရင်းထဲ ပါတယ်ဆိုတာ စဉ်းစားလို့ အခု အထိ မရသေးဘူး။ ဒါပေမယ့် တစ်ခု မဟုတ် တစ်ခုမှာတော့ ပါကောင်းပါရဲ့နော် ။ နောက်ထပ် စာဖတ်သူ အချို့ရှိတယ် ။ သူတို့ကတော့ တကယ့် စာချစ်သူ မဟုတ်ဘူး။ စာအုပ်တွေ ၀ယ်တယ် ။ ပြီးရင် လူရှိန်အောင် စာအုပ်စင်ကြီး အကြီးကြီးလုပ် အလှပြထား တတ်သူတွေပေါ့ ။ သူ့မှာ ရှိတဲ့ စာအုပ်တွေကို သူက ဖတ်မထားတော့ ဒီစာအုပ်တွေနှင့် ပတ်သက်ပြီး ဆွေးနွေးဖို့လည်း အကြောင်းလည်း မရှိဘူးပေါ့။ အဲ့ဒီအတွက် အချိန်လည်း ပေးစရာ မရှိ ။ ဒီလူတွေက တစ်ခါတစ်လေ စာအုပ်ကောက်ကိုင်ပြီး ဖတ်မိသည့် အခါ စာအုပ်တွေကို ချစ်တတ်ပါတယ်။ ပြီးတော့မှ အင်း... ဒီအကျင့် ( အလှပြတာ ) မကောင်းဘူးလို့ ထင်မိတတ်သူတွေပေါ့ ။ ဒီလို လူတွေကတော့ Delayed Onset Reader # 2 တဲ့ ။

နောက်တစ်မျိုးကတော့ The Anti-Reader ။ ဒီလို လူကတော့ အခု ရေးနေတာတွေကို ရှည်လိုက်တာကွာ ဆိုပြီး ကျော်သွားမည့် လူမျိုးထင်ပါရဲ့ ..

အချို့ကြတော့ လူက အသက် အသက်ကြီးနေပြီ ကလေးကာတွန်းတွေကို ကြိုက်တာမျိုး ၊ ကလေးဖတ် စာပေလေးတွေကို ပိုနှစ်သက်တာမျိုး ။ အချို့ကတော့ ကလေးဆိုပေမယ့် လူကြီးဖတ် စာပေတွေကို ဖတ်တာ ။ စာကြည့်တိုက်မှုးက ဒီစာအုပ်ကသူ့ အသက် အရွယ် အတွက် လေးလွန်းတယ် ထင်ပေမယ့် သူက အဲ့ဒါမျိုးကြိုက်တတ်သူတွေပေါ့ ။ ဒီလို လူမျိုးတွေကြတော့ The Cross-Under reader လို့ ခေါ်တယ် ။ ညီမလေးများ အဲ့ လို ဖြစ်နေမလား မသိ။ :)

နောက်မှ ကျန်တာတွေ ဆက်ရေးတော့မယ်..

( အဲ့လို လေး စိတ်ဝင်စားဖွယ် ရေးရင် ကောင်းမယ်ထင်တယနော်.. ညီမလေး ဆိုတာ ဘယ်သူလဲ မမေးပါနှင့် စာဖတ်ကောင်းရန် တီထွင်မလို့ ပါ ။ သမီးလေး ဆိုလည်း မဟုတ် ကိုယ့်မှာ သမီးမရှိ ဟဟဟဟ )

image

@elay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center