📝📝📅

Few,A few,The few သုံးနည်း

Adjective ဖြစ်ပြီး "အနည်းငယ်သာ" ဟု အဓိပ္ပာယ် ရရှိသည်။ သို့သော် သုံးစွဲနည်း တစ်ခုနှင့်တစ်ခု မတူပါ။ (၁-ခု ၂ခု ဟူ၍ ရေတွက်၍ ရနိုင်သော အရာဝတ္ထုများ boys,friends…အတွက် သုံးရပါသည်။)

#Few ကို "မရှိပါ" "မဖြစ်ပါ" ဟူသော "မဟုတ်ပါ" (Negative) ဝါကျများအတွက် သုံးရပါသည်။
"မရှိသလောက်" အဓိပ္ပာယ် ပေါ်စေသည်။

He is a man of few words.
သူ စကားပြောနည်းသည်။
Few men are free from faults.
အပြစ်ကင်းစင်မှု မရှိသလာက်ပါ။
Few people reach the age of one hundred years.
အသက်နှစ်တစ်ရာပြည့်အောင် နေရသူ ရှားပါသည်။

#A few ကို "ရှိပါသည်" "ဖြစ်ပါသည်"ဟူသော "အဟုတ်" (Affirmative) ဝါကျများအတွင် သုံးရပါသည်။

He has a few friends.
သူ့မှာ မိတ်ဆွေ အနည်းငယ်သာ ရှိပါသည်။
A few people turned out for the funeral.
အသုဘအတွက် လူတချို့သာ ကြပါသည်။
The boy could write a few sentences.
လူကလေးသည် စာကြောင်းတချို့သာ ရေးနိုင်ခဲ့သည်။

#The few ကို "ရှိသမျှ" "ဖြစ်သမျှ" အဓိပ္ပာယ် ရရှိစေရန် သုံးရပါသည်။

The few friends he has are all poor.
သူ့တွင်ရှိသမျှ မိတ်ဆွေများမှာ ဆင်းရဲကြသည်။
(သူ့တွင် မိတ်ဆွေ အနည်းငယ်သာရှိပြီး ၄င်းတို့မှာလည်း ဆင်းရဲကြသည် ဟု ဆိုလိုသည်။)

The few answers he gave were also wrong.
သူများစွာမဖြေခဲ့ပါ။ဖြေခဲ့သမျှမှာလည်း မှားကုန်၏ ဟု ဆိုလိုသည်။

The few clothes he possessed were all pld and torn.
သူ့တွင် အဝတ်အစား များများမရှိပါ။ ရှိသမျှကလေးမှာလည်း အဟောင်းအစုတ်သာ ဖြစ်သည်ဟု ဆိုလိုသည်။

image

@elay

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center