ချစ်သူတွေ့ကြားရန်ဖြစ်ခြင်း😘

ရန်ဖြစ်ခြင်း။

ရန်ဖြစ်ခြင်းကို အတွဲတွေတော်တော်များများ ခံစားဖူးလိမ့်မယ်။ ဒါ့အပြင် အချင်းချင်းပိုချစ်လေ ပိုလွယ်လွယ်ရန်ဖြစ်တတ်ကြလေပဲ။
အရမ်းအရမ်းကို သေးငယ်တဲ့ကိစ္စဖြစ်နေပါစေ... တစ်ယောက်ကိုတစ်ယောက် မျက်နှာလွှဲကြမယ်၊ ဖုန်းချပစ်မယ်၊ နောက်ဆုံး အအေးစစ်ပွဲတိုက်မယ်။

အအေးစစ်ပွဲဆိုတာဘာလဲသိလား... ဘယ်သူက စခေါ်မလဲဆိုပြီးတစ်ယောက်ကို တစ်ယောက်စိတ်ကောက်ချင်ယောင်ဆောင်တာကိုပြောတာ။
တကယ်တော့ ဒါဟာအပေါ်ယံ ခဏလေးပဲလို့ ကောင်လေးစိတ်ထဲမှာသိနေတယ်... ဒါ့ကြောင့် ကောင်မလေးအပေါ်ချစ်တဲ့စိတ် ကောင်လေးမှာ မပြောင်းဘူး။
ကောင်လေးဘက်က ဒီလိုတွေးပေမယ့် တစ်ဖက်က ကောင်မလေးကတော့ အဲလိုမတွေးတတ်ဘူး။

ချစ်နေကြသူနှစ်ဦးက အခြားလူတွေထက်ပိုပြီး အပြောအဆို ညင်သာရမယ်၊ ရန်မဖြစ်ရဘူး မဟုတ်ဘူးလား။
မဟုတ်ပါဘူး။ တစ်ခါတစ်လေ ဆန့်ကျင်ဘက် တောင်ဖြစ်သွားနိုင်တယ်။မိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက်ကို အရမ်းချစ်မိလေ ပြဿနာရှာတတ်လေ.. ပြီးရင် ငိုလေပဲ..
ဒါဆိုဘာဖြစ်လို့ သူမက သူမ ယောက်ျားလေးသူငယ်ချင်းတွေနဲ့ရန်မဖြစ်တာလဲဆိုတော့.. မချစ်လို့ဘဲ တဲ့..။
ဒီတစ်ချက်ဟာ ယောကျာ်းလေးတွေအတွက် စာမေးပွဲတစ်ခုလိုပဲ။

လူတစ်ယောက်က အခြားတစ်ယောက်ကို သာမာန်ခင်ရုံပဲဆိုရင် အားနာပြမယ်၊ လေးစားမှုရှိမယ်၊ သင့်ခံစားချက်ကို အရင် ဦးစားပေးသူဖြစ်မယ်။
ဒါပေမယ့် သာမာန်ထက်ပိုသွားပြီဆို
ကိုယ့်ခံစားချက်ကို ဦးစားပေးမယ်... ၊
ပြဿနာရှာတတ်လာမယ်၊ မနာလိုဖြစ်လာမယ်၊ နောက်ပြီး စကားနာထိုးလာမယ်ပေါ့။

ဒါဆို ကျနော်တို့ ဒီနေ့ ရန်ဖြစ်ခြင်းကို ပိုင်းခြားကြည့်ကြည့်ရအောင်။

ချစ်သူနှစ်ဦးမှာ တစ်ယောက်ကို တစ်ယောက် အမြင်မတော်တာ၊ လျှောက်တွေးတာဟာ သဘာဝပါ။ ယောက်ျားလေးနဲ့မိန်းကလေး ချစ်သူဖြစ်လာတာနဲ့တစ်ပြိုက်နက် ကောင်လေးက ကောင်မလေးကို ယောက်ျားလေးတွေနဲ့ဝေးဝေးနေဖို့ပြောမယ်၊
ကောင်မလေးက ကောင်လေးကို မိန်းကလေးတွေနဲ့ ဝေးဝေးနေဖို့ပြောမယ်။
ကောင်လေးနားမှာ ရစ်နေတဲ့မိန်းကလေးဆို ကောင်မလေးက ကြည့်မရဘူး။
ကောင်မလေးနားမှာ ဝဲနေတဲ့ ဘဲကြီးတွေဆို ကောင်လေးက အမြင်မကြည်ဘူး။
စကားနာထိုးမယ်... သဝန်တိုမယ်...။
ဒါဟာ သဘာဝပါ၊ သူ (သူမ) ကို ဒီလိုဖြစ်တာ ယုတ္တိမရှိဘူးလို့ မထင်လိုက်ပါနဲ့။
အဲလိုဆို သူငယ်ချင်းပဲ ပြန်လုပ်ပြီး အရင်လိုနေကြပေါ့။
စကားနာမထိုးဘူး... အခြားသူနဲ့မပေးစားဘူး... ဝေးဝေးမနေခိုင်းတဲ့အပြင် စကားလုံးလှလှလေးတွေနဲ့အမြဲဘေးမှာနေပေးလိမ့်မယ်။

ချစ်သူဆိုရင် ရန်ဖြစ်မယ်၊ သဝန်တိုမယ်၊ သူများနဲ့ လျှောက်တွေးမယ်၊ ကလေးဆန်မယ်၊ ဂျီကျမယ်။ ဒါတွေအားလုံးက ဖြစ်ရိုးဖြစ်စဉ်တွေချည်းပါ။ ဘာဖြစ်လို့လဲဆိုတော့ သူ(သူမ) က သင့်ကို အခြားသူတွေထက် ပိုအလေးထားတယ်။ သင်တို့နှစ်ယောက်ကြားကအရာရာကို အလေးထားတယ်။ အလေးထားလို့ တစ်ခုခုဆို ဆတ်ဆတ်ထိမခံဖြစ်ပြီး ရန်ဖြစ်တတ်ကြတာပဲမဟုတ်လား။
တကယ်လို့ အခုသင့်မှာ အကြောင်းမရှိ အကြောင်းရှာပြီး ရန်ဖြစ်တတ်တဲ့ ကောင်လေး (သို့မဟုတ်) ကောင်မလေးရှိပါသလား?? အခုပဲ ဖုန်းဆက်ချော့လိုက်ပါ။

အအေးစစ်ပွဲတိုက်နေတုန်း တစ်ဖက်က တစ်ဖက်ကို အရင် ဖုန်းဆက်စေချင်တတ်ကြတယ်။ ဒါပေမယ့် တစ်ပြိုက်နက်တည်း တစ်ဖက်က တစ်ဖက်ဆီ ဆက်လာမယ့်ဖုန်းကို စောင့်နေပြန်တတ်ကြတယ်။
အဲလိုနဲ့ တွေးလေ မဆက်လာလေ ပိုဒေါသဖြစ်လေ။ ပိုဒေါသဖြစ်လေ ပိုအဖတ်မလုပ်ချင်လေ။ ပိုအဖတ်မလုပ်လေ ပိုဒေါသဖြစ်လေ။ ဒါနဲ့ပဲ ပတ်ချာလည်နေပေါ့။

ဒီအချိန်မှာ ကောင်လေးဘက်က အမြဲ ပထမဆုံး ဖုန်းစဆက်တဲ့သူဖြစ်နေပါစေ။ ဘာလို့လဲဆိုတော့ စိတ်ဆိုးနေတဲ့ ကောင်မလေးက ကိုယ့်ကို ဘယ်လောက်ချစ်နေတယ်ဆိုတာ သိနေသားနဲ့။ ပြီးတော့ နှလုံးသားရေးရာမှာ မိန်းကလေးက ယောကျာ်းလေးထက် ပိုခံစားလွယ်၊ နုနယ်ထိခိုက်လွယ်တော့ ယောက်ျားလေးက မိန်းကလေးကို အမြဲအလျှော့ပေးတတ်ရတယ်ဆိုတာ မှတ်ထားပါ။ တစ်ဖက်က ပြန်တွေးကြည့်ရင်လည်း စိတ်ကောက်နေတဲ့ ကောင်မလေးကို ချော့ခွင့်ရှိတာ သင်ကံကောင်းတယ်လို့မှတ်ပါ။

သင့်ကို သူများနဲ့ သဝန်တိုတတ်တဲ့ လူတစ်ယောက်သင့်ဘေးမှာရှိတာ ကံကောင်းတယ်လို့မှတ်ပါ။

လူတစ်ယောက်ရဲ့ ချစ်ခြင်းကို စက္ကန့်မလပ် ခံနေရပြီဆိုကတည်းက သင်ကံကောင်းနေတယ်လို့မှတ်ပါ။

သင့်ကို အရာရာ စိတ်ပူပေးပြီး တန်ဖိုးထားတဲ့လူတစ်ယောက် သင့်ဘေးမှာရှိနေတယ်ဆိုကတည်းက သင်ကံကောင်းတယ်လို့မှတ်ပါ။

ချစ်သူနှစ်ယောက်ကြားထဲကို သဲတစ်မှုန်တောင် ဝင်လို့မရဘူးလို့ ကဗျာဆရာတစ်ယောက် ပြောဖူးတယ်။ ဘယ်လောက်ပင်သေးငယ်တဲ့ပြဿနာဖြစ်နေပါစေ။ သင့်ကို တကယ်ချစ်တဲ့သူက အရင်ဆုံးပြဿနာရှာမယ်၊ နောက်ဆုံး တစ်ယောက်ထဲစကားပြောနေရမယ်၊ ဒါမှမဟုတ် သင်တစ်ယောက်တည်းဖြစ်သွားမယ်။

ဘာလို့ သင့်ချစ်သူကို တန်ဖိုးထားသင့်သလဲသိလား...
ဘာလို့လဲဆိုတော့ သူကသင့်ကို အရမ်းချစ်နေလို့။
ဘာလို့လဲဆိုတော့ သူက သင့်အတွက် ဘာမဆိုလုပ်ပေးနိုင်လို့။
ဘာလို့လဲဆိုတော့ သူများတွေ သင့်ဘက်က မရပ်တည်တော့တဲ့အခါ သူက သင့်ဘေးနားမှာ မုချရှိနေမှာ မို့လို့။

နိဂုံးချုပ်ပြောမယ်ဆို ရန်ဖြစ်တာ ချစ်လို့ပါ။ ဒါက တချို့ချစ်သူတွေ လိုချင်လို့တောင် မရတဲ့ ချမ်းသာသုခ တစ်မျိုးနော်။ ရန်ဖြစ်ပြီး ပြန်တည့်တဲ့ ခံစားချက်သိတယ်မဟုတ်လား..။
တစ်ကမ္ဘာလုံး မိုးအုံ့နေတောင် ရင်ထဲမှာ နေသာ နေတာမျိုး........

ဟီးးးးး ။

ကောင်မလေးက ရန်မရှာတော့ဘူး၊ မဆူတော့ဘူး၊ မရစ်တော့ဘူးဆို မချစ်တော့လို့ပါ။

ကောင်မလေးက လမ်းခွဲမယ်စပြောတာ သူမ တကယ်စိတ်ဒဏ်ရာရသွားလို့ပါ။ ကောင်လေးလုပ်ရပ်က သူမကို စိတ်ပျက်သွားစေလို့ပါ။

သင်တို့နှစ်ယောက် မညားနိုင်ဘူးဆိုတာ ကောင်မလေးက သိသော်လည်းပဲ သင့်ဘေးမှာ သူမ, နေနေတာ နုံ အလို့ မဟုတ်ပါဘူး.. သင့်ကို မခွဲနိုင်ရက်လို့ပါ။

ကောင်မလေးက သင့်ရှေ့မှာ အခြားယောက်ျားလေးအကြောင်းတမင်ပြောတာ သူမ စိတ်ကစားလို့မဟုတ်ပါဘူး။ မေ့နေတဲ့သင့်နှလုံးသားလေးကို တစ်ချက်ထိုးဆွလိုက်ပြီး သူမကို နဂိုထက် ပိုချစ်တတ် ပိုဂရုစိုက်တတ်အောင်လို့ပါ။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပေါ့နော်
ကောင်မလေးက ဖုန်းစမဆက်ဘဲ message ပဲပို့ပေးတာ သင့်ကိုစိတ်ဆိုးနေသေးတာမဟုတ်ပါဘူး.. သင် message ကိုဖတ်အပြီးမှာ ရှင်းပြချင်စိတ်နဲ့ဖုန်းဆက်လာမလားလို့ သူမ သင့်စိတ်ကို စမ်းကြည့်လိုက်တာပါ။

တကယ်လို့ မိန်းကလေးတစ်ယောက်က သင့်ကို မချစ်ဘူးဆိုရင် ပြဿနာမရှာတတ်ပါဘူး။
ကိုယ့်မှာ ပြဿနာရှာတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်လို့ စိတ်မညစ်နေပါနဲ့။

သင့်ရင်ထဲမှာ အခြားသူတစ်ယောက်ရှိနေတာ သင့်ကောင်မလေး မထုတ်ပြောလို့ မသိဘူးလို့များ မထင်လိုက်ပါနဲ့။ သူမ, ထုတ်မပြောဘဲ ရင်အနာခံပြီး စိတ်ထဲမှာ မြိုသိပ်ထားတာ၊ ထုတ်ပြောလိုက်ရင် သင် ဒါကို အကြောင်းပြပြီး သူမနဲ့လမ်းခွဲသွားမှာစိုးလို့ပါ။

သင့်ရှေ့မှာ ကပျက်ကချော်နဲ့ ပေါ့ပျက်ပျက်နေတာ သူမ ရူးနေတာမဟုတ်ပါဘူး.. ကိုယ်ချစ်တဲ့သူရှေ့မှာ ယုန်ဖြူမလေး တစ်ယောက်လိုနေပြီး လှပတဲ့အမှတ်တရထားခဲ့ချင်တာ ကောင်မလေးတွေရဲ့သဘာဝပါ။

ကောင်လေးတွေ ... တကယ်တော့ ဒါတွေကို နားမလည်ကြသေးဘူး...။

အိုကေရန်မဖြစ်ကျေးနော်💋💋

ကျနော်က လွဲပြီး ကမ္ဘာပေါ်ရှိအတွဲများ ချစ်လက်ခိုင်ခိုင်မြဲကြပါစေ ပေါ့ ......
#Ok_Peace👌👌👉💏💏👈

image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center