This content got low rating by people.

📋📋

#သက်ရှိဘုရား
#စိတ်တူထား
#ညွတ်တွားပူဇော်ပါ

      တိဋ္ဌန္တေနိဗ္ဗုတေ စာပိ၊
      သမေ စိတ္တေ သမံ ဖလံ။
      စေတောပဏိဓိဟေတု ဟိ၊
      သတ္တာ ဂစ္ဆန္တိသုဂ္ဂတိံ။

      ( ဝိမာနဝတ္ထုပါဠိတော်၊နှာ-၆၆ )

သက်တော် ထင်ရှားရှိတော်မူသော မြတ်စွာဘုရား၌ဖြစ်စေ, ပရိနိဗ္ဗာန်​ စံတော်မူသော မြတ်​စွာဘုရား၌ဖြစ်စေ စိတ်ထားညီမျှသည်ရှိသော် ညီမျှသော အကျိုးကို ပေးနိုင်၏၊ စိတ်ကို ကောင်းစွာ ထားခြင်းတည်းဟူသော အကြောင်းကြောင့် သတ္တဝါတို့သည် ကောင်းသောလားရာ သုဂတိသို့ သွားကြရကုန်၏။
(ဝိမာနဝတ္ထုပါဠိတော်မြန်မာပြန်၊နှာ-၆၇)

သက်တော်ထင်ရှား မြတ်​စွာဘုရားကဲသို့ စိတ်သဘောထားပြီး ရုပ်ပွားဆင်းတုတော်တို့ကို ဆည်းကပ်ကိုးကွယ်ရင် သက်ရှိထင်ရှား မြတ်​စွာဘုရားရှင်ကို ကိုးကွယ်​ဆည်းကပ် ပူဇော်ရတဲ့ ကုသိုလ်​ရဲ့အကျိုးနဲ့ ထပ်တူထပ်မျှ အတူတူ ရပါတယ် လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ အတော်များများ ဖူးမြင်သိရှိကြတဲ့ စစ်​ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သမ္ဗု​ဒ္ဓေမြတ်စွာဘုရားအရှေ့ဘက်မှာ ဗောဓိတထောင်ဆရာတော်ကြီး တည်​ထားတော်မူခဲ့သော ကမ္ဘာမှာဉာဏ်တော်အမြင့်ဆုံး လေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ အဝေးကပင် ဖူးမြင်လို့ရနိုင်တဲ့ ကမ္ဘာ့အံ့ဖွယ် ကမ္ဘာကျော် ရုပ်ပွားဆင်းတုတော်ကြီး ဖြစ်ပါတယ်။

'' ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်​စွာဘုရားရှင်" ရဲ့ ဘုန်းတော် ( ၆ ) ပါးထဲမှာ ( ၁ ) ပါး အပါအဝင်ဖြစ်တဲ့ '' ကိုယ်တော်ကို စကြ၀ဠာပြည့်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း ဣဿ
ရိယဘုန်းတော်ကြီးကို မျက်မြင်ကိုယ်တွေ့ ဖူးတွေ့ကြရသကဲ့သို့ အံဩစဖွယ် လွန်သပ္ပါယ်၍ စိတ်ဝယ်​အံ့ချီး ရွှေရောင်ဟည်းလျက် တုမမှီးနိုင်သော ရုပ်ပွားဆင်းတုတော်မြတ်ကြီး ဖြစ်ပါတယ်။

 မြတ်​စွာဘုရား ရုပ်ပွားဆင်းတုတော်ဆိုတာ သက်ရှိထင်ရှား မြတ်စွာဘုရားကို ဖူး​မြော်​ကြည်ညို ရသကဲ့သို့ ဖူး​မြော်​ ကြည်ညို ကုသိုလ်​ပြုလုပ်ဖို့အတွက်သာ ဖြစ်ပါတယ်၊ #မျှော်စင်သဖွယ်လှည့်လည်တက်ရောက်ဝမ်းတော်ဖောက်သလိုပြုလုပ်ဖို့်မဟုတ်ပါဘူး၊ အောက်မှ ဖူး​မြော်​ကြည်ညိုရုံသာ ပြုလုပ်သင့်ကြပါတယ်၊ မြတ်​စွာဘုရားရုပ်ပွားတော်မြတ်ကြီးရဲ့ ဝမ်းဗိုက်တော်ထဲဝင်ပြီး မြတ်​စွာဘုရားရှင်ရုပ်ပွားဆင်းတုတော်မြတ်ကြီးကို ပျော်ရွှင်ဆော့ကစားစရာ မျှော်စင်ကြီးလို သဘောထားပြီး ဝဲယာထက်အောက် သွားရောက်ကြလျှင် ''#ဗုဒ္ဓအဂါရဝ" ဖြစ်နိုင်ပါတယ်။ #ဗုဒ္ဓအဂါရဝဖြစ်ရင်အပြစ်ကြီးပါတယ်။

ဗုဒ္ဓအဂါရဝဟာ သာသနာတော်ကို ပျောက်ကွယ်စေသည်အထိ အပြစ်ကြီးပါတယ်။ '' ဣဓ ကိမိလ...ပ...သတ္ထရိ အဂါရဝါ ဝိဟရန္တိ အပ္ပတိဿ
ာ၊ ...ပ...ယေန တထာဂတေ ပရိနိဗ္ဗုတေ သဒ္ဓမ္မော န စိရဋ္ဌိတိကော ဟောတိ။

( အဂုင်္တ္တရနိကာယ်၊ ကိမိလသုတ်၊ နှာ-အံ၊ ဒု ၊ ၂၉၈။ )

'' ကိမိလ...ဤသာသနာတော်၌ မြတ်​စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့သည် -

မြတ်​စွာဘုရား၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။ တရားတော် သံဃာတော် အကျင့်သိက္ခာ မမေ့မလျော့ခြင်း= အပ္ပမာဒ အစေ့အစပ်ပြုမှု=ပဋိသန္ဓာရ၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

ကိမိလ...မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း" ဟု ( မိန့်တော်မူ၏ )

( အဂုင်္တ္တရ်ပါဠိတော် မြန်​မာပြန်၊ ဒု၊ ၃၈၄။ )

#ဗုဒ္ဓအဂါရဝ ရဲ့အဓိပ္ပါယ်ကို ' စေတိယင်္ဂဏေ သဆတ္တော သဥပါဟနော ဝိစရတိ၊ နတ္ထေ တဿ

ဗုဒ္ဓေ အဂါရဝေါတိ ဝေဒိတဗ္ဗော' လို့ ပရိဝါအဋ္ဌကထာ ( ၁၅၂ ) မှာ ပြထားပါတယ်၊ ' စေတီရင်ပြင်၌ ထီးဆောင်းလျက် ဖိနပ်​စီးလျက် သွားငြားအံ့၊ ထိုသူအား ''ဘုရား၌ရိုသေခြင်းမရှိသူ" လို့ သိရမယ် တဲ့။

သံယုတ် အဋ္ဌကထာမှာ -

'' ယော စေတိယင်္ဂဏံ အာရောဟန္တော ဆတ္တံ ဓာရေတိ၊ ဥပါဟနံ ဓာရေတိ၊ #အညတောဩလောကေတွာကထံကန္တောဂစ္ဆတိ၊ အယံ သတ္ထရိ အဂါရဝေါ နာမ' လို့ ပြဆိုထားပါတယ်။

အဓိပ္ပါယ်​ကတော့ '' စေတီတော်ရင်ပြင်ကို တက်လျှင် ထီး​ဆောင်းပြီး တက်မယ်၊ ဖိနပ်​စီးပြီး တက်မယ်၊ ဘုရားကို ဂရုမထားဘဲ ဟိုကြည့် သည်ကြည့် ကြည့်မယ်၊ ထင်ရာ မြင်ရာစကားကို ပြောနေမယ်ဆိုလျှင် ဘုရားရှင်ကို မရိုသေရာ ရောက်ပါတယ်" တဲ့။

#စေတိယင်္ဂဏေစေတီတော်ရင်ပြင် တောင်မှ ဒီလို အပြုအမူမျိုးတွေ ပြုလုပ်ပြောဆိုကြရင် #ဗုဒ္ဓအဂါရဝ ဖြစ်တယ်ဆိုရင် #ရုပ်ပွားဆင်းတုတော်အတွင်း ဆိုရင် စဉ်းစားသာ ကြည့်ကြပါတော့၊ စာပေကျမ်းဂန်စကား ငှါးပြောရရင် ''#ကောပနဝါဒေါ" အဘယ်ဆိုဖွယ်ရာရှိအံ့နည်း..ပေါ့ဗျာ။

ရာဇဂြိုဟ်​ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီး ခြေဖဝါးဓားခွဲ ရှားမီးရဲရဲနဲ့ကင်ပြီး အသတ်ခံရတာဟာ အရင်ဘဝတစ်ခုတုန်းက စေတီတော်အား ပန်းလှူဖို့ရန် ပြုလုပ်​ထားတဲ့ ပန်းတင်ခုံပေါ်ကို ဖိနပ်​စီးပြီး တက်ခဲ့ဖူးတဲ့ အကုသိုလ်​ကံကြောင့် ဖြစ်ပါတယ်တဲ့။

ဗုဒ္ဓဘာသာဝင် ရဟန်း,ရှင်,လူအပေါင်းတို့...ကမ္ဘာ့အံ့ဖွယ်တစ်ဆူ ဖြစ်တော်မူသော လေးကျွန်းစကြာ ရပ်တော်မူရုပ်ပွားမဟာကြီးသည် #မျှော်စင်ကြီးမဟုတ်ပါ၊ သတိကြီးကြီးထားပြီး တက်ရောက်ခြင်းမှ ရှောင်ကြဉ်ကြပါကုန်။

မြတ်​စွာဘုရားကို ကိုယ်ချင်းစာကြည့်ကြပါ၊ မိမိတို့ရဲ့ဝမ်းဗိုက်ထဲ ကြွက်ရှင်တစ်ကောင် ဝင်ရောက် သောင်းကျန်းနေရင် ဘယ်လိုခံစားရမလဲ? နားရွက်ထဲ ပုရွက်​ဆိတ်​တစ်ကောင် ဝင်သွားဖူးတုန်းက နားစည်ထဲမှာ တဝုန်းဝုန်းနဲ့ အတော့်ကို ခံခဲ့ရဖူးပါတယ်၊ မာရ်နတ်မင်းကြီး ရှင်မဟာမောဂ္ဂလာန်ဝမ်းထဲ ဝင်ပြီး နှောင့်ယှက်တုန်းက ရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီး ဒုက္ခခံလိုက်ရပါသေးတယ်။

လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးကို သက်တော်ထင်ရှား မြတ်စွာဘုရားကဲ့သို့ စိတ်သဘောထားတဲ့ ပုဂ္ဂိုလ်များ, ဗုဒ္ဓအဂါရဝဖြစ်မှာကို ကြောက်တဲ့ပုဂ္ဂိုလ်များ ရုပ်ပွားတော်ကြီးရဲ့ဝမ်းဗိုက်အတွင်း ဝင်တက်ရောက်ခြင်းမှ ရှောင်ကြဉ်ကြသလို အားလုံး ရှောင်ကြဉ်နိုင်ကြပါစေ...။

#လျောင်းတော်မူရုပ်ပွားတော်ကြီးရဲ့ကိုယ်ခန္ဓာအတွင်းသို့လည်းမည်သူမျှမဝင်မိဖို့ အထူး လျှောက်ထား/ပြောကြား သတိပေးပါတယ်။ နိုင်ငံခြားတိုင်းပြည်မှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုက်အိမ် ဟိုတယ်​တွေရဲ့ လှေကားခုံအောက်မှာ/လှေကားခုံအနီးမှာ ဗုဒ္ဓရုပ်ပွားပုံတွေကို အလှအပ အသုံးအဆောင်အဖြစ် ထားကြတယ်တဲ့၊ သူတို့က ကိုးကွယ်​ဖို့မှ မဟုတ်ဘဲ။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာစစ်စစ်များက မြတ်​စွာဘုရားကို #မျှော်စင်ကြီးကဲ့သို့ အသုံးချနေကြမယ်ဆိုရင် ဘာသာခြားများရဲ့ကဲ့ရဲ့ဖွယ်ရာ ဖြစ်ရုံသာမက #ဗုဒ္ဓအဂါရဝဖြစ်ပြီးသာသနာတော်ကိုအလျင်အမြန်ကွယ်ပျောက်စေရာရောက်လို့ရပ်တော်မူလေးကျွန်းစကြာရုပ်ပွားတော်ကြီးရဲ့ #ဝမ်းဗိုက်တော်အတွင်းသို့ဝင်ရောက်တက်ရောက်ခြင်းမပြုလုပ်ကြပါရန် သတိပေး ရေးသားလိုက်ရပါတယ်။

image

@claye

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center