📝📝

သင့်အကြောင်း တမင်သက်သက် မဟုတ်မဟတ် ပြောဆိုတဲ့အခါ
ရှင်းပြဖို့ မလိုအပ်တဲ့ အခြေအနေတွေဆိုရင်
မဟုတ်မမှန်တဲ့ သတင်းစကားတွေကို ထောက်ပြပြောဆိုရင်း
အချိန်ဖြုန်းဖို့ မလိုပါဘူး။
ရန်သူဆိုတာ သင် စိတ်ထိခိုက်တာကို မြင်ပြီး ဝမ်းသာကျေနပ်နေတာပါ။
အဲဒါဟာ သူ့ရဲ့ အမှန်တကယ် လိုလားချက်ဖြစ်ပါတယ်။
သင်က သူလိုလားသလို မဖြစ်ရင် သူ့ရဲ့ ပြောဆိုမှုတွေဟာ
ကျွဲပါး စောင်းတီးဖြစ်သွားမှာပါ။

When​ you are misrepresented deliberately,
It is needless to waste time in correcting the false reports
unless circumstances necessitate a clarification.
The enemy is gratified when he sees that you are hurt.
That is what he actually expects. If you are indifferent,
such misrepresentations will fall on deaf ears.


ကျွန်တော်တို့ဟာ ရွှံ့ညွံထူထပ်တဲ့
ကမ္ဘာကြီးထဲမှာ ရှင်သန်နေကြတာပါ။
ကြာပန်းအတော်များများဟာ ရွှံမပေဘဲ ပွင့်ပေါ်လာပြီး
ကမ္ဘာကြီးကို အလှဆင်ကြပါတယ်။
ကျွန်တော်တို့လည်း ကြာပန်းတွေလိုပဲ
ကိုယ့်ကိုပစ်ပေါက်မယ့် ရွှံ့ညွန်တွေကို ဥပေက္ခာပြုကာ
အပြစ်ကင်းပြီး မြင့်မြတ်တဲ့ ဘဝမျိုးနဲ့
ကြိုးစားနေထိုင်သင့်ပါတယ်။ နှင်းဆီပန်းတွေအစား
ရွှံ့ညွံတွေနဲ့ ပစ်ပေါက်ခံရမယ်လို့ တွက်ဆထားသင့်တယ်။
ဒါဆိုရင် စိတ်အနှောင့်အယှက်တွေ ဖြစ်တော့မှာမဟုတ်ပါဘူး။

We are living in a muddy world.
Numerous lotuses spring up without
being contaminated by the mud, they adorn the world.
Like lotuses we should try to lead a blameless,
noble life disregarding the mud that may be thrown at us.
We should expect mud to be thrown at us instead of roses.
Then there will be no disappointments.

image

@aakk

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center