ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း - ၅ )

အပိုင်း - ၄ မဖတ်ရသေးတဲ့မိတ်ဆွေများ
အောက်ကလင့်ကနေ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ။
https://steemit.com/myanmar/@kyawkyawnaing/yagi-lthaundefined-ae-kang-etymundefinedtyyaa-apong-4-201791t151644848z

အပိုင်း ၄ မှာပြောခဲ့သလို အလင်းထက်မြန်တဲ့အလျင်နဲ့
အချိန်နောက်ပြန်ဆုတ်ပြီး ခရီးသွားလာတယ်ဆိုရင်
ကျွန်တော်တို့ ယခုလက်ရှိအချိန်သာမကပဲ
ပြီးခဲ့တဲ့အချိန်တွေကိုပါ ပြန်သွားနိုင်မှာ အသေအချာပါပဲ။

သက်သေအနေနဲ့ ပြရမယ်ဆိုရင်
အန္တလန်တိတ် သမုဒ္ဒရာအောက်မြုပ်သွားခဲ့တဲ့ သိပ္ပံမြို့တော်
အစအန ပျောက်သွားတဲ့ မာယာလူမျိုးတွေ
ဂရိ ယောမတို့ရဲ့ ကျောက်စာပေါ် ဖော်ပြထားသော နတ်ဘုရား၏ပုံပန်းသဏ္ဍန်
လူသားတွေရဲ့ ယာဉ်ကျေးမှု စဖြစ်ပေါ်လာတဲ့ အီကျစ်နိုင်ငံက ပိရမစ်တွေ
စသည်တို့ကိုကြည့်ချင်းအားဖြင့် ဂြိုလ်သားလို့ခေါ်တဲ့
သတ္တဝါတွေရဲ့ နည်းပညာတွေနဲ့ မကင်းကွာနိုင်ဘူးလို့ ယူဆမိပါတယ်။

အရင်ဆုံး ယဉ်ကျေးမှုအစပြုခဲ့တဲ့ အီဂျစ်ကအကြောင်းတွေရှင်းပြပါရစေ။
အီဂျစ်လို့ ပြောလိုက်ပြီဆိုတာနဲ့ ကျွန်တော်တို့တွေ ပိရမစ်ကိုအရင်ဆုံးပြေးမြင်ကြမှာသေချာပါတယ်။
အီဂျစ်ဟာ အာဖရိကရဲ့ အရှေ့တောင်ဘက်ခြမ်းမှာတည်ရှိပါတယ်။
သူတို့ခေတ်မှာကတည်းက စိုက်ပျိုးရေးနည်းပညာတွေ ထွန်းကားနေပါပြီ။
အီဂျစ်ခေတ်ကလူတွေဟာ စိုက်ပျိုးရေးကိုအဓိကထားပြီး စီးပွားရေးလုပ်ကြပါတယ်။
အားလုံးသိထားပြီးသလိုပဲ အီဂျစ်ခေတ်မှာ ဘာစက်ကိရိယာတွေမှမရှိသေးတဲ့အချိန်
တန်နဲ့ချီပြီလေးလံတဲ့ကျောက်တုံးတွေကို ညီညီညာညာ စီထားပြီး ပိရမစ်တွေကိုဆောက်ကြတာပါ။
ဒါ့အပြင် သူတို့ဆောက်တဲ့ ပိရမစ်မှာ အလင်းဝင်ပေါက်သေးသေးလေးသာ ရှိပေမဲ့
ပိရမစ်ရဲ့ အတွင်းပိုင်းတစ်ခုလုံးကို လင်းထိန်အောင်ပြုလုပ်နိုင်တဲ့ နည်းပညာတွေရှိခဲ့ပါတယ်။
ပထမဆုံးရေးလို့ရတဲ့စာရွက်ကို အီဂျစ်ခေတ်မှာ စတင်ပေါ်ပေါက်လာတာပါ။
သူတို့တွေက ကျွန်တော်တို့စားတဲ့ထန်းမြစ်ရဲ့အလည်အူတိုင်ကိုအသုံးပြုတာပါ။
အဲ့အူတိုင်ကို ဖြန့်ပြီး ဖိအားအရင်ပေးပါတယ်။ ပြီးရင် နေပူလန်းပြီး ခြောက်သွားရင်
သူတို့ခေတ်မှာသုံးတဲ့ မှင်တွေနဲ့စာရေးကြတာပါ။ ဒီနည်းကို အခုခေတ်အထိ အီဂျစ်မှာသုံးနေတာ
မြင်ရနိုင်ပါသေးတယ်။

နောက်တစ်ခုက အီဂျစ်ခေတ်မှာက သေပြီးသားလူတွေကို ဆေးရည်စိမ်ပြီး ထားထားရင်
နောက်ယှက်သူမရှိရင် တစ်ချိန်ချိန်မှာ ပြန်ရှင်လာမယ်လို့ယုံကြည်ကြပါတယ်။
အဲ့တာကြောင့် သူတို့တွေဟာသေပြီးသားလူတွေကို ဆေးရည်စိမ်ပြီး
နောက်ယှက်သူတွေမရှိအောင် ကျိန်စာတွေတိုက်ပြီး ရတနာများစွာနဲ့ ပိရမစ်တွေထဲမှာ
ပိတ်ပြီး ထည့်ထားကြတာပါ။ ဒါတွေက သာမန်လူတွေအတွက်မဟုတ်ပါဘူး။
သူတို့တွေရဲ့ ဘုရင်မျိုးနွယ်ဝင်တွေပဲ လုပ်ခွင့်ရှိတာပါ။ ဒီနည်းလမ်းကို အစ်ဂျစ်ရဲ့ ဖာရိုဘုရင်လက်ထက်မှာ စခဲ့တာပါ။
သူတို့ထည့်ထားတဲ့ ပိရမစ် (အုတ်ဂူ) ထဲမှာ ရွှေတွေထည့်ရတာ အကြောင်းအရင်းရှိပါတယ်။
ရွှေထည့်ရတဲ့အကြောင်းအရင်းက နတ်ဘုရားတွေနဲ့ သက်ဆိုင်နေပါတယ်။
သူတို့ခေတ်ကနေ အခုခေတ်ထိ တကယ်ရှိတယ်လို့ ယုံကြည်ရတဲ့ နတ်ဘုရားတွေရှိပါတယ်။
သူတို့ နတ်ဘုရားထဲက အကြီးဆုံးက ရွှေရောင်အဆင်းနဲ့လူသားပုံဖြစ်ပြီး အီဂျစ်သမိုင်းတစ်လျှောက်လုံး
မပေါ်လာဖူးတဲ့ တစ်ပါးတည်းသောနတ်ဘုရားဖြစ်ပါတယ်။ ဒီနတ်ဘုရားရဲ့ အခြွေအရံ နတ်ဘုရားသုံးပါးရှိပါသေးတယ်။
အဲ့ဒီ နတ်ဘုရား ၃ပါးက - နေနတ်ဘုရား [ကျွန်တော်တို့အခေါ် ဇာမနည်ငှက် (ရား Ra)] ၊ မိုးနတ်နဂါး (အောက်စီလိစူ) နဲ့
နတ်ဘုရားအကြီးဆုံးရဲ့ တံခါးစောင့်နတ်ဘုရား (အောက်ပလိပ်စ်) တွေဖြစ်ပါတယ်။ သူတို့တွေလဲ ပေါ်လာတယ်လို့မကြားမိပါဘူး :P ။

image

ဒီပုံက Anime ထဲက ပုံဖော်ထားတဲ့နတ်ဘုရားရဲ့အခြွေရံနတ် ၃ ပါးပါ။ အဝါနဲ့က Raပါ၊ အပြာနဲ့က အောက်ပလိပ်စ် ပါ၊
အနီနဲ့နဂါးက အောက်ရှိလိစူပါ။

အဲ့ဒီတော့ သူတို့ရွှေထည့်ရတဲ့ အကြောင်းအရင်း ၂ ခု ရှိပါတယ်။
တစ်ခုက သူတို့ရဲ့ ဘုရင်တွေနတ်ရွာစံပြီးပြန်ရှင်လာတဲ့အချိန်ကျရင်
ရွှေရောင်ဝင်းနေတဲ့ သူတို့နတ်ဘုရားဖြစ်လုမယ်လို့ ယူဆကြပါတယ်။ ဒါက ဘုရင်မျိုးနွယ်သာလုပ်ခွင့်ရှိပါတယ်။
နောက်တစ်ခုက သာမန်ပြည်သူတွေလဲ လုပ်ခွင့်ရှိပါတယ်။ လုပ်ခွင့်ရှိတယ်ဆိုတာ ဂူသွင်းခွင့်မရှိပဲ
သေဆုံးသူကို လက်ဝတ်တန်ဆာတွေ ဆင်ပေး ပြီး ပတ်တီးတွေနဲ့ မံမီအဖြစ်သာ ထားရတာပါ။
သူတို့ သေပြီးသွားရင် ဘယ်နေရာသွားရမလဲဆိုတာ တရားအစီအရင်ခံရတယ်လို့ ယုံကြည်ကြပါတယ်။
စီရင်သူကတော့ ဟိုတလောက ထွက်လာတဲ့ ဗမာကား နာမည်ထဲက အနူးပစ် (ခေါ်) အဲနူးဘီစ် (Anubis) ပါ။
အဲနူးဘီစ်ရဲ့ ပုံသဏ္ဍန်က လူခန္ဓာနဲ့ ဝံပုလွေခေါင်းပေါင်းစပ်ထားတာပါ။
အဲနူးဘီစ် မှာ နတ်ဘုရားတွေရဲ့ ပစ္စည်း ၂ ခုကိုင်ဆောင်ထားပါတယ်။ တစ်ခုက ထာဝရအသက်ပါ။
နောက်တစ်ခုက ချိန်ခွင်ပါ။ သေပြီးသားသူတွေက အဲ့ဒီချိန်ခွင်ထဲကို ရွှေထည့်ပြီး
သူတို့ဘဝမှာ လုပ်ခဲ့တဲ့ကောင်းမှု မကောင်းမှုကို ပြန်ချိန်ပြီး ငရဲသွားရမလား ကောင်းကင်ကိုသွားရမလားဆိုပြီး
ယုံကြည်ကြပါတယ်။ တစ်နည်းအားဖြင့် လာဘ်ထိုးရတာပေါ့ဗျာ။

image

အဲနူးဘီစ် ရဲ့ပုံပါ။ လည်ပင်းကဆွဲထားတဲ့ တစ်ခုက သေပြီးပြန်ရှင်တဲ့ သင်္ကေတပါ။ ထာဝရအသက်လို့လဲခေါ်ပါတယ်။ လက်မှာကိုင်ထားတာတော့ အထက်ကကျွန်တော်ပြောတဲ့ ချိန်ခွင်ပါ။

ဒီအကြောင်းကို အရင်နှစ်က ထွက်တဲ့ God of Egypt ဆိုတဲ့ဇာတ်ကားထဲ သရုပ်ဖော်ထားပါတယ်။
ဇာတ်ကားထဲမှာတော့ နတ်ဘုရားတွေနဲ့ လူတွေဟာ အတူနေတယ်လို့ဖော်ပြထားပါတယ်။
ဒါမဲ့တကယ်တမ်း ဘုရင်တွေက နတ်ဘုရားမဟုတ်ပါဘူး။ သူတို့ကိုသူတို့ နတ်ဘုရားဖြစ်လာမယ်လို့ယုံကြည်ကြတာပါ။
သူတို့ပြည်သူတွေကလဲ ဖာရိုဘုရင်လက်ထက်ကစပြီး ဘုရင်တွေကို နတ်ဘုရားလိုကိုးကွယ်မှုစလာပါတယ်။
စလာတဲ့အကြောင်းအရင်းက ရောမအင်ပါယာ ကိစ္စနဲ့စသွားတာပါ။ တကယ်တမ်း အီဂျစ်နတ်ဘုရားတွေဟာ
အီဂျစ်ခေတ်မှာ ပေါ်ထွက်လာတာမဟုတ်ပဲ နာမာလူမျိုးခေတ်မှာပေါ်ထွက်လာတာပါ။
အကြမ်းအားဖြင့် ကျွန်တော်တို့တွေက ကျိန်စာ၊ ဆေးဝါး၊ ပိရမစ်၊ မံမီတွေ၊ နက္ခတ်ပညာတွေ၊ စိုက်ပျိုးရေးပညာ၊
စာပေတွေကို အီဂျစ်ခေတ်မှာ ထွန်းကားလာတယ်ထင်ကြတာပါ။
တကယ်တမ်းက ပိရမစ်ရဲ့ နည်းပညာနဲ့ နက္ခတ်ပညာရပ်တွေဟာ
အီဂျစ်လူမျိုးတွေထက် နှစ်ပေါင်းသိန်းချီစောခဲ့တဲ့ လူမျိုးတွေရဲ့ခေတ်မှာကတည်းက ရှိလာတာပါ။
အဲ့ဒီလူမျိုးတွေအကြောင်း နောက်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပါမယ်။

Nile The History of Human နှင့် Pyramids Of Gaza မှ
မှတ်မိသလောက် ပြန်ကိုးကားသောကြောင့် ခုနှစ်များမှားမည်ဆိုးသဖြင့် မထည့်ထားပါ။

Written By Kyaw Kyaw Naing
Photos Credit to google.

H2
H3
H4
3 columns
2 columns
1 column
Join the conversation now