နှစ်ရာချီသက်တမ်းရှိ မြို့တံခါးမှ ရေကျော် ရှေးဟောင်းတံတိုင်းတစ်ခု ပြိုပျက်နိုင်

ဇူလိုင် ၃ ရက်က စတင်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြောက်ဦးမြို့ လက်ဆည်ကန်ရေတံခါးမှ ရေလေးပေခန့်အထိ မြင့်တက်ကာ ရေကျော်လာခြင်း ဖြစ်ကြောင်းနှင့် ရှေ့/သု (မြောက်ဦး)မှ ရေထွက်ပေါက်ကို သဲအိတ်များဖြင့် ယာယီပိတ်ဆို့ ထားခဲ့ရကြောင်း သိရသည်။
လက်ဆည်ကန်သည် ရခိုင်ဘုရင်ခေတ် ကတည်းက ရှိနေသော ရှေ့ဟောင်းသမိုင်းဝ မြို့တံတိုင်းတစ်ခုဖြစ်ပြီး ယခင်က ရေကျော်ခြင်း မရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ရေကျော်ခြင်းများ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်းနှင့် လက်ဆည်ကန်ရေတံခါးမှ ရေကျော်ရခြင်းမှာ လက်ဆည်ကန်၏ တောင်ဘက်ရှိ ငါးစင်ဆည်(ခေါ်) ငါးစင်ရေတံခါးမှ ကျွဲဆည်အင်းသို့ ဆက်ထားသည့် ရေတံခါးပေါက်ကို အုတ်တံတိုင်းဖြင့် ပိတ်ဆည်လိုက်ခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ငြိမ်းလွင်
ထီးက​လေး
19665374_453915744982498_4007518110185127273_n.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center