နေရာတကာေပြောင်းလဲပါ

⁉️❗️⁉️ ပြောင်းလဲမှာတဲ့လား ဘယ်လောက်ထိလဲ ဘယ်ချိန်ထိလဲ? ⁉️❗️⁉️

အကျင့်ဆိုတာဖျောက်ရင် ရပေမယ့်
ဗီဇဆိုတာ ဖျောက်မရဘူး တဲ့.
ကြားသိမှတ်ဖူးတာလေး.

ပြုပြင်ပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်မပြောင်းလဲလို့ရတာတွေရှိတယ် ...
ပြုပြင်ပြောင်းလဲပေးမယ့်သူက ...
မေတ္တာကရုဏာ အကြင်နာ စိတ်ရှည် ညည်းခံ ခွင့်လွှတ်မှုတွေရှိရမှာလို ...
ပြုပြင်ပြောင်းလဲခံမယ့်သူကလည်း ပြုပြင်ပြောင်းလဲလိုစိတ်ကြီးမား ကြံ့ခိုင်ဖို့လည်းလိုတာပေါ့ ...
ပြုပြင်ပြောင်းလဲပေးသူကပြောင်းလဲပေးပေမယ့် ...
ပြောင်းလဲခံမယ့်သူက ပြောင်းလဲလိုစိတ် မပြင်းပြရင်လည်း အလကားဘဲ ...
ဘယ်လိုဘဲဖြစ်ဖြစ် ကာယကံရှင်က အဓိကမလား ?

ကိုယ့်အတွက် သူပြုပြင်ပြောင်းလဲမှာတဲ့လား ?
ဘယ်လောက်ထိလဲ ...
ဘယ်ချိန်ထိလဲ ...
တကယ်ဘဲ အရင်ပုံစံ ပြန်မဖြစ် လုံးဝပြောင်းလဲနိုင်သတဲ့လား ...

' အချိန် ' ဟာ အကောင်းဆုံး အမှန်တရားပြောနိုင်တယ်ဆိုပေသိ ...
အချိန်ပေါ်လိုက် အမျိုးမျိုးပြောင်းလဲတတ်ကြ ...
သေချာပြန်ဆန်းစစ်တော့ ...
' စိတ် ' ဟာ အဓိကမလား ...

သူ့ ' စိတ် ' ဆိုတာ ကိုယ်ဘယ်လောက်ထိ ယုံကြည်အားကိုးလို့ရတဲ့အရာလဲ ?
ကိုယ့်အတွက် သူပြုပြင်ပြောင်းလဲပေးတယ်ဆို ...
သူ့အတ္တထက် ကိုယ့်ကို ပိုချစ်လို့ပေါ့ ...
သူပြောင်းလဲမှုတွေ တန်ဖိုးထား ကိုယ်ကြည်နူးချမ်းမြေ့ရမှာမလား ...

ဒါပေမယ့် ...
ယုံကြည်ပါ အတိုင်းအတာတစ်ခုထိ ...
ယုံကြည်ချက်ထားပြီး တစ်သက်လုံး ကိုယ်ဖြစ်ချင်သလို သူနေမယ်လို့ မျှော်လင့်ချက်လေးတွေ မထားသင့်ဘူးပေါ့နော် ...
မျှော်လင့်ချက် ကြေမွသွားမှုနောက်ဆက်တွဲက ...
ပေါက်ကွဲမှု ပြင်းထန်တတ်တယ်မလား ...

' စိတ် ' တွေဟာ ပြောင်းလဲတတ် သူ့စိတ် ကိုယ့်စိတ်မလား ...
ပြောင်းလဲတတ်တဲ့သဘောတရားနှလုံးသွင်းရင်း ...
မျှော်လင့်ချက်တွေ များကြီးမထားရင်း ...
သူကိုယ့်အတွက် ပြောင်းလဲပေးနေတဲ့ အချိန်တွေကိုတန်ဖိုးထားရင်း ...
တကယ်လို့များ ...
သူစိတ်ပြောင်းလို့ အရင်ပုံ သို့မဟုတ် နောက်ပုံစံတစ်ခုပြောင်းသွားရင် ...
နားလည်ခွင့်လွှတ်မှု နဲ့ သူစိတ်ချမ်းသာရာ သူသွားပါစေ ...
image
ဘယ်လိုဖြစ်ဖြစ် ... ကိုယ့်အတွက်ဆိုပြီး သူ့အတ္တကိုသူမြေမြှုပ် ကိုယ့်အတွက် လူသစ်အဖြစ်မွေးဖွားပေးခဲ့တဲ့ အချိန်တစ်ခုရှိဖူးတယ်လေ.
တစ်ချိန် သူ ကိုယ်အနားမရှိတော့ရင်တောင် သူကောင်းတာလေးတွေတွေး ကမ္ဘကြီးရဲ့တစ်နေရာမှာ သူရှိချင်တဲ့သူတွေနဲ့အတူရှိပြီး သူပျော်ရွှင်ပါစေ ဆုတောင်းရင်း ...

သူလည်း အေးချမ်းပါစေ.
ကိုယ်လည်း အေးချမ်းပါစေ.
image
#မယ်

H2
H3
H4
3 columns
2 columns
1 column
Join the conversation now