Actifit တွင် မြန်မာအဖွဲ့များ

image

Actifit နှင့်ပတ်သက်၍ မကြာသေးမီက ဆောင်းပါးတစ်စောင်ရေးသားခဲ့ပါသည်။ အောက်ပါလင့် တွင်ပြန် ကြည့်နိုင်ပါသည်။
https://steemit.com/myamar/@minsoenaing/actifit-fitness-tracker-wng-mngso-ong-a646a34322116
image
မိမိရေးသားခဲ့သည့် Actifit အကြောင်းရေးသားသည့် ဖော်ပြပါ ပို့စ်အတွက် Actifit မှကျွန်တော့ကို 150 AFIT Token ပေးပါသည်။ ကျွန်တော်သည်လည်း နေ့စဉ်မပျက်မကွက် Actifit တွင် ပို့စ်တစ်ခုရေး သားလျှက်ရှိပါသည်။ ယခုဆိုလျှင် Actifit မှ စုစုပေါင်း Token 683 AFIT ရရှိထားပါပြီ။ထို Token များအား ဘယ်နေရာတွင်ဘယ်တန်ဖိုးဖြင့်လဲလှယ်သုံးစွဲနိုင်မည်ကို ကျွန်တော်မသိသေးပါ။
သို့သော် Actifit တွင်နေ့စဉ်တင်ပေးနေသည့် ကျန်းမာရေးလှုပ်ရှားမှု report များအတွက်မူ Upvote များရရှိနေပါသည်။ ယခင်ကတော့ Upvote မည်သို့ပေးသည်ကို ကျွန်တော်နားမလည်ခဲ့ပါ။ ယခုတော့ အနည်းငယ်နားလည်စပြုပါပြီ။ Actifit တွင် ပို့စ်တင်သည့်အခါ activity 1000 ပြည့်မှတင်လို့ရပါသည်။ သို့သော် ကျွန်တော်ပထမဆုံးတင်ခဲ့သည့် Actifit ပို့စ်နှစ်ခုမှာ activity 1000 ကျော်မျှသာရှိသဖြင့် သူတို့ဆု ပေးသည့်စာရင်းမဝင်ပါ။ အမှန်က activity 5000 ကျော်မှစာရင်းဝင်ကြောင်းနောက်တော့သိလာပါသည်။

image
ထို့အပြင် activity 5000 ကျော်သော်လည်း သူတို့ Token ခွဲဝေသည့်အခါနှင့် Upvote ပေးသည့် ရာခိုင်နှုန်းများက activity 10000 ကျော်သူများနှင့်ကွဲပြားနေပြန်သည်။ အစကကျွန်တော်ထင်သည်မှာ English အရေးအသားပေါ်တွင် မူတည်ပြီး Token နှင့် upvote ကွာခြားသွားခြင်းဟုထင်မြင်ခဲ့ပါသည်။ အမှန်တော့ Activity ပေါ်တွင်သာကွဲပြားမှုရှိနေခြင်းဖြစ်ပါသည်။ အစက သူတို့၏ Daily Lederboard ရှိ Top Actifitters စာရင်းတွင် activity 20000 ကျော် 30000 အထိရှိနေသူများကို ဘာကြောင့် ဒီလောက် အထိများနေစရာလိုသလဲ activity 10000 ကျော်ရင်တော်ပြီပေါ့ဟုသာတွေး၍ တော်တော်အလုပ်အား နေကြသလားဟုထင်ခဲ့မိပါ သည်။ ယခုတော့ Reward ခွဲဝေပုံနှင့်သက်ဆိုင်နေ ကြောင်းသိလာရပါသည်။

image
Steemit တွင်လှုပ်ရှားနေသူအများစုသည် English စာဖြင့်ရေးရသည်ဆိုလျှင် သိပ်စိတ်မပါတော့ ကြောင်းတွေ့ရပါသည်။တကယ်တမ်းတော့ English စာညံ့လွန်းလို့ မဟုတ်ပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု နည်းလို့သာဖြစ်မည်ထင်ပါသည်။ I go to school. နေရာတွင် I jogging to school about 1 mile. ကျွန်တော်ကျောင်းကိုသွားသည် မှ ကျွန်တော် တစ်မိုင်ခန့်ဝေးသော ကျောင်းကို အနှေးလျှောက်သွားသည် လောက်ရေးတတ်လျှင် ပို့စ်တင်လို့ရပါသည်။ နေ့စဉ်ဘူတာဘက်လျှောက်လိုက်၊ ဓမ္မာရုံဘက်လျှောက်လိုက်၊ ဈေးဘက်လျှောက်လိုက်၊ ရှော့ပင်းမောတွေသွားလိုက်လုပ်ပြီးတင်နေလို့ရသည်။ ဘာမှရှည်ရှည်ဝေးဝေး လည်းရေးစရာမလို သွားသည်ပြန်သည်လောက်ဖြင့်လည်းအဆင်ပြေသည်။ ကျွန်တော်တင်နေသည့်စာများ ကိုဝင်ဖတ်လျှင် ဒီလောက်လွယ်ကူပါလားဆိုတာကိုသိသွားပါလိမ့်မည်။

AFIT Token များနှင့်ပတ်သက်၍လည်း အနည်းငယ်ပြောချင်ပါသည်။ အထက်ကဆိုခဲ့သည့်အတိုင်း မည်သို့အသုံးပြုရမည်ကိုမသိသေးပါ။ သို့သော် ကိုဟင်အမြဲပြောကြားနေသည့် SMTs နှင့်သက်ဆိုင်နေမည် ထင်ပါသည်။ SMTs များတရားဝင်စတင်သောနေ့တွင် သူတို့လည်းကြေငြာပါမည်ဟု ပြောပါသည်။ ထို့ကြောင့် ယင်း AFIT Token များကလည်း အချည်းနှီးတော့ဖြစ်မသွားတန်ရာဟုယူဆပါသည်။ SMTs များတရားဝင်ကြေငြာသည့်နေ့တွင် AFIT Token များစုဆောင်းမိထားခြင်းသည် အကျိုးတစ်စုံတစ်ရာရှိလိမ့် မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

မည်သို့ဆိုစေ တိုက်တွန်းသူကတိုက်တွန်းရုံမျှသာဖြစ်ပါသည်။ မိမိလုပ်မှမိမိရရှိနိုင်သည်ကိုတော့ နားလည်သဘောပေါက်စေလိုပါသည်။

မင်းစိုးနိုင်

MSC-010

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center