အသည်းတစ်ခြမ်းနဲ့ အလွမ်းသမားကြီး

zzo(40)
Published in
#busy
Words
111
Reading
1 min
Listen
Play
8y

12-26-16-106025-103675.jpg

ကျနော်တို့ငယ်ငယ်က ဦးသိန်းတန်ဆိုတာအလွန်
အသည်းကွဲနာမည်ကြီးလူတစ်ယောက်ပေါ့ အမြဲ
အရက်ပုလင်းကြီးကို ကိုင်ပြီးရွာရိုးကိုးပေါက်လျှောက်
သွားနေရင်ကလေးတွေကသူ့ကိုသိပ်ကြောက်ကြတာ
အဲသည်အထဲမယ်ကျနော်လဲအပါအဝင်ပါပဲ သူကလဲ
သူ့ကိုကြောက်တဲ့ကလေးများကိုပိုလို့ခြောက်တော့
ကလေးများကသူ့ကိုမြင်တာနှင့်ပင်ဝေးဝေးရှောင်
ဝေါင်ဝေါင်ရှေးကြလေတော့၏ အသဲကွဲလို့အရက်
သောက်သည်ကိုတော့ကျနော်တို့ထိုချိန်ကမသိခဲ့ပေ
ကျနော်တို့လူပျို အရွယ်ရောက်လာသည့်အခါတွင်
ဦးသိန်းတန်မှာအိပ်ယာထဲတွင်အရက်တန်ခိုးများ
ကြောင့်ဗုန်းဗုန်းလဲကာနာလန်မထူနိုင်တော့ပေ
အဲသည်အချိန်မှသိခဲ့ရသည်ကဦးသိန်းတန်ကြီး၏
ချစ်လှစွာသောဇနီးသည်မှာ အိမ်ထောင်ရေးဖောက်
ပြားခဲ့သောကြောင့် ၎င်းတို့လင်မယားကွဲသွားခဲ့ကြ
လေသတဲ့ ထိုအချိန်မှစလို့ ဦးသိန်းတန်မှာ သူ့အနား
တွင် မိန်းမအစား အရက်ကိုသာအဖော်ပြုခဲ့ရရှာလေ
တော့သည် အရက်ကိုအဖော်ပြုရင်းပင် အရက်၏ကျေး
ကျွန်ဖြစ်ခဲ့ရတော့သည်မို့ မည်သူမျှမတတ်နိုင်ရှာပေ
သူကလည်းမခေပါ အရက်နာကျသည့်ကြားကပင်
အရက်ကိုပင်လိုလိုချင်ချင်တောင်းသောက်သည်
ခက်သည်ကသူ့ကိုတစ်နေ့လုံးကြည့်ရှု့စောင့်ရှောက်
ပေးမည့်ဆွေမျိုးသားချင်းကမရှိ ထို့ကြောင့်ပင်ဦးသိန်း
တန်ကြီးမှာ အရက်တန်ခိုးနဲ့မြေထဲသို့လျှိ ုးသွားလေ
သလားမပြောတတ်တော့ပေ နောက်နေ့တွင်မူ
ဦးသိန်တန်မှာလူ့လောကကြီးကိုကျောခိုင်းကာထွက်
ခွာသွားလေတော့သည် ကျွနု်ပ်တို့အတွက်သင်ခန်းစာ
တစ်ခုတော့ရလိုက်ပါသည်မိန်းမ၏ဖောက်ပြန်လှည့်စား
ခြင်းကိုရှောင်းကွင်းခြင်းနှင့် အရက်၏ကျေးကျွန်မဖြစ်
စေခြင်းတို့ပင်ဖြစ်ပါတော့သည်.....။

09-33-10-2Q==.jpg

အသည္းတစ္ျခမ္းနဲ႕ အလြမ္းသမားႀကီး

က်ေနာ္တို႔ငယ္ငယ္က ဦးသိန္းတန္ဆိုတာအလြန္
အသည္းကြဲနာမည္ႀကီးလူတစ္ေယာက္ေပါ့ အၿမဲ
အရက္ပုလင္းႀကီးကို ကိုင္ၿပီး႐ြာရိုးကိုးေပါက္ေလွ်ာက္
သြားေနရင္ကေလးေတြကသူ႕ကိုသိပ္ေၾကာက္ၾကတာ
အဲသည္အထဲမယ္က်ေနာ္လဲအပါအဝင္ပါပဲ သူကလဲ
သူ႕ကိုေၾကာက္တဲ့ကေလးမ်ားကိုပိုလို႔ေျခာက္ေတာ့
ကေလးမ်ားကသူ႕ကိုျမင္တာႏွင့္ပင္ေဝးေဝးေရွာင္
ေဝါင္ေဝါင္ေရွးၾကေလေတာ့၏ အသဲကြဲလို႔အရက္
ေသာက္သည္ကိုေတာ့က်ေနာ္တို႔ထိုခ်ိန္ကမသိခဲ့ေပ
က်ေနာ္တို႔လူပ်ိဳ အ႐ြယ္ေရာက္လာသည့္အခါတြင္
ဦးသိန္းတန္မွာအိပ္ယာထဲတြင္အရက္တန္ခိုးမ်ား
ေၾကာင့္ဗုန္းဗုန္းလဲကာနာလန္မထူနိုင္ေတာ့ေပ
အဲသည္အခ်ိန္မွသိခဲ့ရသည္ကဦးသိန္းတန္ႀကီး၏
ခ်စ္လွစြာေသာဇနီးသည္မွာ အိမ္ေထာင္ေရးေဖာက္
ျပားခဲ့ေသာေၾကာင့္ ၎တို႔လင္မယားကြဲသြားခဲ့ၾက
ေလသတဲ့ ထိုအခ်ိန္မွစလို႔ ဦးသိန္းတန္မွာ သူ႕အနား
တြင္ မိန္းမအစား အရက္ကိုသာအေဖာ္ျပဳခဲ့ရရွာေလ
ေတာ့သည္ အရက္ကိုအေဖာ္ျပဳရင္းပင္ အရက္၏ေက်း
ကြၽန္ျဖစ္ခဲ့ရေတာ့သည္မို႔ မည္သူမွ်မတတ္နိုင္ရွာေပ
သူကလည္းမေခပါ အရက္နာက်သည့္ၾကားကပင္
အရက္ကိုပင္လိုလိုခ်င္ခ်င္ေတာင္းေသာက္သည္
ခက္သည္ကသူ႕ကိုတစ္ေန႕လုံးၾကည့္ရႈ႕ေစာင့္ေရွာက္
ေပးမည့္ေဆြမ်ိဳးသားခ်င္းကမရွိ ထို႔ေၾကာင့္ပင္ဦးသိန္း
တန္ႀကီးမွာ အရက္တန္ခိုးနဲ႕ေျမထဲသို႔လွ်ိ ုးသြားေလ
သလားမေျပာတတ္ေတာ့ေပေနာက္ေန႕တြင္မူ
ဦးသိန္တန္မွာလူ႕ေလာကႀကီးကိုေက်ာခိုင္းကာထြက္
ခြာသြားေလေတာ့သည္ ကြၽႏု္ပ္တို႔အတြက္သင္ခန္းစာ
တစ္ခုေတာ့ရလိုက္ပါသည္မိန္းမ၏ေဖာက္ျပန္လွည့္စား
ျခင္းကိုေရွာင္းကြင္းျခင္းႏွင့္ အရက္၏ေက်းကြၽန္မျဖစ္
ေစျခင္းတို႔ပင္ျဖစ္ပါေတာ့သည္.....။

Writer zzo@zzo

Photo www.google.com