Steemit Myanmar များအတွက်...

zwal(45)
Published in
#steemit
Words
383
Reading
2 min
Listen
Play
9y

image

ခုကျနော် အရင်ဆုံးပြောကြားလိုသည်မှာ ကျနော်ဆရာကြီးလဲမဟုတ်ပါ အရမ်းတက်သိနားလည်နေသူလဲမဟုတ်ပါဘူး လေ့လာကြိုးစားဆဲပါ..

ဒီပိုစ့်လေးကိုခဏလောက်အချိန်ပေးပြီးဖတ်ပေးစေလိုပါတယ်.. ယခုစာဖတ်သူအနေနဲ့ တစ်စုံတစ်ရာသော ဗဟုသုတလေးတစ်ခုခုရရှိသွားမယ်ဆိုရင် ကျနော် zwal (ခ) Han Ko Oo ကအရမ်းပီတိဖြစ်ရမှာပါ။

ယခုလက်ရှိမိတ်ဆွေ စာဖတ်နေသည့်အချိန်ထိ ကျနော်တို့မြန်မာနိုင်ငံမှာ Steemit ကို ကြိုးစားလုပ်ကိုင်နေကြတာ Steemit myanmar တိုင်းသိကြပါတယ်..
ပိုက်ဆံတွေရချင်လို့လုပ်နေကြတာ အများအသိပါ။
ဒါပေမယ့်လို့ Steemit မှာ ခုလုပ် ခုရတဲ့ နေရာမျိုးမဟုတ်ပါခင်ဗျာ.. တစ်ချို့တွေ လုပ်ကြည့်ပြီးမှ ပြန်ထွက်သွားတယ် စိတ်ဓာတ်ကျသွားတဲ့ပုံစံပါပဲ...

ပြောချင်တာ အဲ့အချက်ပါ...
ဘာကိုပဲလုပ်လုပ် အဆုံးထိပြီးဆုံးအောင်လုပ်ကြည့်သင့်သည်မဟုတ်ပါလား?.. Steemit မှာ အောင်မြင်အောင် ထိုးဖောက်ကြည့်သင့်ပါတယ်.... Steemit ဟာမိမိရဲ့ ကိုယ်ပိုင် အရည်/အချင်း ဆိုတာကို ပြသရမည့် နေရာကောင်းတစ်ခုပါ။ ကဲ... ဘယ်လိုပြသမည်နည်း?

၁.မိမိဘာတက်ကျွမ်းပါသလဲ?
၂.မိမိဘာကိုဝါသနာပါလဲ?
၃.အထက်ပါနည်းနဲ့ အသုံးချတက်ရမည်။

ဥပမာ- ကဗျာ / ဝတ္တု အတို / ဝတ္တု အရှည် / သဘာဝအလှဓာတ်ပုံတွေ / Blogging ပုံစံတွေ
အများကြီးပါပဲ.. ( မှတ်ချက် ) Copy ကူးပြီး Paste တဲ့အလုပ်ကိုရှောင်ပါ။ Copy ကူးတဲ့အလေ့အကျင့်ဟာ မိမိရဲ့အရည် အချင်းကို ဇာတ်သိမ်းအောင်လုပ်လိုက်မယ် ရန်သူတင်မက Steemit ကပါ မိမိအကောင့်ပျက်သည်အထိ အပြစ်ပေးခံရတက်ပါတယ်။

စာဖတ်သူကိုအဓိကမှာချင်တာကတော့ Steemit မှာလုပ်နေသည့်ကာလပတ်လုံး ဇွဲ ဆိုတာ ရှိနေပါစေ...
ပုံမှန်ပိုစ့် တစ်နေ့ကို ၁ခုမှ ၃ခုအထိတင်ရင် သင့်တော်လောက်ပါပြီ..

( Group မှာ ပို့စ်တင်ခြင်း )
Steemit လုပ်ကိုင်ရေးသားနေသော Myanmar Group တွေများစွာရှိပါတယ်. Steemit မှ တင်လိုက်သော ပိုစ့်အား လင့်ခ်ကိုကူးပြီး Group တွေမှာ တင်ပါ. တင်တယ်ဆိုတာက အလွတ်မဲ့တင်ရမည်မဟုတ်ပါ မိမိဘာတွေရေးသားတယ် ဘာအကြောင်းတွေတင်ပါတယ် စသည်ပေါ့ ဒါလေးတွေပါအောင်စာစီရေးတင်ပါ။

ရှင်းရှင်းပြောရင် ကိုယ့်မြန်မာလူမျိုးတွေ အရမ်းအောင်မြင်စေချင်တယ် Steemit နဲ့ပတ်သက်ပြီးလဲ အမြဲလေ့လာနေပါ Groupတွေမှာ ဆရာတွေရှိပါတယ်..
Votesနည်းလို့ $$$မရလို့ စိတ်ဓာတ်မကျပါနဲ့... အောင်မြင်နေတဲ့သူတိုင်းက သုညက စ ခဲ့ကြတာပါပဲခင်ဗျာ....

ယခုကျွန်တော် zwalကတော့ ကိုယ်ပိုင်ပိုစ့်တွေပဲ ရေးသားနေပါတယ် ANDROID ၊ IOS အကြောင်းတွေပါ
စိတ်ဝင်စားသူ မိတ်ဆွေသူငယ်ချင်းများက ကျနော့်အကောင့်ကို Follow ထားခဲ့နိုင်ပါတယ်....

Steemit မြန်မာသူ မြန်မာသားများ အဓွန့်အဓွန် အောင်မြင်ကြပါစေလို့ ပြောကြားရင် နိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ........
image

Steemit Myanmar များအတွက်... | Ecency