ငါ့ဘဝရဲ့အချစ်

Words
69
Reading
1 min
9y
Listen to this post
~1 min

ဒီတစ်ပတ်အတွက် Love of My Life ဆိုတဲ့ သီချင်းကောင်းလေးတစ်ပုဒ် နားထောင်ကြည့်ဖို့ ညွှန်းချင်ပါတယ်။
image
သီချင်းက ထွက်တာကြာပြီဖြစ်ပေမယ့် အခုချိန်အထိ မရိုးနိုင်သေးတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်း စထွက်တဲ့အချိန်က ၁၉၇၅ ခုနှစ်ဖြစ်ပြီး ဂန္ထဝင်ရော့ခ်အမျိုးအစားပါ။ သီချင်းကို Queen က စဆိုခဲ့တာ ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ စကော်ပီယံအဖွဲ့က ပြန်ဆိုခဲ့ပါတယ်။

သီချင်းက တိုတိုလေးပေမယ့် heart ထိတယ်လို့ ပြောလို့ရပါတယ်။ သီချင်းရဲ့ ခေါင်းစဉ်ကိုက ငါ့ဘဝရဲ့အချစ်တဲ့။

အဓိပ္ပာယ်က ငါ့ဘဝရဲ့အချစ်လေးရယ် မင်းငါ့ကို နာကျင်အောင်လုပ်ရက်တယ်။ မင်းငါ့အသည်းကိုခွဲပြီး အခုတော့ ထားခဲ့တယ်။ ငါ့ဘဝရဲ့အချစ်ကို ပြန်ယူလာပေးပါ။ မင်းက မြင်မှ မမြင်နိုင်တာကို၊ ငါ့ဆီကနေ တခြားအဝေးတစ်နေရာကို ယူမသွားပါနဲ့၊ ငါ့အတွက်ဘယ်လောက်အရေးကြီးသလဲဆိုတာကို မင်းမသိဘူး။ ငါ့ကို မထားခဲ့ပါနဲ့။ ငါအသက်ကြီးလာတဲ့အခါ မင်းဘေးနားမှာထိုင်ပြီး မင်းကို ဘယ်လောက်အထိတောင် ချစ်နေသေးလဲ ဆိုတာ ငါ မင်းကို သတိပေးနေဦးမှာတဲ့။
အသဲကွဲနေတဲ့ ဘော်ဒါတချို့နားထောင်မိရင် တကယ့်ကို ဆွေးဆွေးမြေ့မြေ့ဖြစ်သွားနိုင်စေပါတယ်။

ငါ့ဘဝရဲ့အချစ် | Ecency