This content got low rating by people.
ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ ရှေးခေတ်တိုက်ပွဲတွေမှာ အသုံးပြုလေ့ရှိတဲ့ ဓားရှည်အကြောင်း တင်ပြချင်ပါတယ်။
ဓားရှည်ကို အင်္ဂလိပ်လို sword လို့ခေါ်ဝေါ်ကြလေ့ရှိပြီး ဓားမြောင်တွေ၊ ဓားမတွေထက်ပိုမိုရှည်လျားတဲ့ ဓားအမျိုးအစားဖြစ်ပါတယ်။ ဓားရှည်တွေကို ရှည်လျားတဲ့ဓားသွားနဲ့ ဓားရိုးတို့ကို အသုံးပြု ပြုလုပ်ထားပါတယ်။ ပထမဆုံးဓားရှည်လို့ ပြောဆိုရမယ့် လက်နက်ကို ၃၃ဝဝ ဘီစီဝန်းကျင်ကာလမှာ စတင်အသုံးပြုခဲ့ကြပါတယ်။ ဒီဓားကို တူရကီနိုင်ငံမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကြေးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အရှည် ၂၄ လက်မလောက်ရှိပါတယ်။ တချို့ဓားတွေကို ငွေရောင်ခြယ်ပြီး ထပ်မံမွမ်းမံခဲ့ကြပါတယ်။ ဓားရှည်တွေဟာ ရှေးခေတ်ထဲက ဓားမနဲ့ ဓားမြောင်တို့ကို အမှီပြုပြီး ပေါ်ပေါက်လာတယ်လို့ ဆိုကြပါတယ်။