အဲ့လိုမျိုးဖြင့်

Words
55
Reading
1 min
9y
Listen to this post
~1 min

ငရုပ်သီးအလှော်မှုန့် နှစ်ရာဖိုး။ ကြက်သွန်ဖြူနှစ်ရာဖိုး။ ပဲပြားကြော်နှပ်ထဲထည့်ဖို့ ပုစွန်ခြောက်ကလည်း နှစ်ရာဖိုးဝယ်ရသေးသည်။ ခြောက်ရာကျန်သေးသည်။ သမီးလေးအတွက် ကိတ်မုန့်လေးက နှစ်ရာတန်တထုတ်ဝယ်ရသေးသည်။
image
လေးရာမှာ ကိုမြင့်ကျော်မသိအောင်စုရတဲ့ငွေက နှစ်ရာဖယ်ရသေးသည်။ ထိုသို့အေးစံခိုးစုတာကိုလည်း ကိုမြင့်ကျော်ကရိပ်မိသည်။ အေးစံစုသည်မှာ တခြားမဟုတ်။ တနေ့နှစ်ရာတလခြောက်ထောင်ရသည်။ လကုန်လို့ ငွေခြောက်ထောင်စုမိပါက တလစာဆီဝယ်ရသည်။ ဆား အချိုမှုန့်မှအစ ပိုလျှင်ပိုသလို ငါးခြောက်လေးကြက်သွန်လေးဝယ်ထားရသည်။ အာဗြဲခြောက်ကလေးငါးရာဖိုးဝယ်ထားလျှင် အရေးပေါ်ဧည့်သည်လာပါက ထမင်းဖြူလေးနှင့် ငါးခြောက်ဖုတ်ဆီစမ်းလေးကျွးလို့ရသည်။ ဧည့်သည်မလာသည့်တိုင်အောင် ဈေးဖိုးမလောက်သည့်နေ့များတွင် ဟင်းတမယ်စီစဉ်လို့ရသည်။ ထို့ကြောင့် အေးစံစုမိငွေ တလခြောက်ထောင်သည် ဆီတပိဿ သုံးထောင့်ငါးရာတန်တဗူး နှင့် ငါးခြောက်ငါးရာဖိုးကတော့ ပုံမှန်ဝယ်ဖြစ်သည်။ ကျန်နှစ်ထောင်မှာ အချိုမှုန့်ငါးရာ ဆားနှစ်ရာ ကော်ဖီမစ်သုံးထုတ် သုံးရာ ကြက်သွန်နီရခုနှစ်ရာ ငရုပ်သီးမှုန့်သုံးရာ အဲ့လိုမျိုးဖြင့် ကုန်ရသည်။ အေးစံက ကော်ဖီတွေဘာတွေသောက်တတ်သည်မဟုတ်။ ကိုမြင့်ကျော်ကတော့ သောက်ချင်သည်။ ထို့ကြောင့်သူ့အတွက် တရာတန်ကော်ဖီမစ်သုံးထုတ်ဝယ်ရသည်။

အဲ့လိုမျိုးဖြင့် | Ecency