introduction myself

zinmyothu(47)
Published in
#busy
Words
94
Reading
1 min
9y
Listen to this post
~1 min

CYMERA_20180403_115008.jpg

ကျွန်တော်လွန်ခဲ့တဲ့ 5နှစ် 6နှစ်လောက်တုန်းက စာရေးဆရာတစ်ယောက်ရဲ့ မှတ်သားထိုက်တဲ့ စာကြောင်းလေး အခုထိမှတ်မိတုန်းပဲ …
အတွေ့ကြုံဆိုတာ ဘဝရဲ့ ဆရာသမားပဲကွ တဲ့
အတူယူတတ်ရင် သိပ်ကိုကောင်းတဲ့စာကြောင်းလေး
ကျွန်တော်တို့ လူတွေဟာ သူများအောင်မြင်နေတာမြင်ရင် အလွယ်တကူထင်ပြီး လိုက်လုပ်တတ်ကြတယ် တကယ်တော့
အောင်မြင်ခြင်းရဲ့နောက်ကွယ်မှာ ကြိုးစားမူတွေရှိတယ် အချိန် or ငွေကြေး အတွေ့ကြုံတွေရှိတယ် ခက်ခဲမူတွေရှိတယ်… ပင်ပန်းမူတွေရှိတယ် စဉ်းစားချင့်ချိန်နိင်မူတွေရှိတယ်…
ဒါတွေကို ကျော်ဖြတ်နိင်လာမှသာ အောင်မြင်ခြင်းရဲ့ လက်တကမ်းမှာ နေထိုင်လို့ ရမှာပါ…
(ဥပမာ) steemitမှာ စာရေးကြမယ်
ကိုယ်ရေးလိုက်တဲ့စာဟာ စာဖတ်သူကို ဘာရသတွေပေးနိင်မှာလဲ
သမိုင်းကြောင်းများ ကျန်းမာရေးများ နည်းပညာများ ကဗျာများ မှတ်သားဖွယ် စကားလုံးများ အစအစရှိတဲ့ ရသတစ်မျိုးမဟုတ် တစ်မျိုးပေးနိင်တဲ့ စာများ ရေးနိင်ခဲ့မယ်ဆို စာရေးသူကလဲ ဝမ်းသာကြည်နူးနိင်သလို စာဖတ်သူကိုလဲ ဗဟုသုတရစေပါတယ်
စာရေးဖို့ အတွက် ဦးနှောက်သိပ်ပြီး အခြောက်မခံပါနဲ့
ကျွန်တော်တို့ တွေ နေ့စဉ်ကြုံတွေ့နေရတဲ့ နေ့ ရက်တွေကို ပြန်လဲပြီးစမ်းစစ်ကြည့်ကြပါ …
ခရီးတွေဘာတွေ ထွက်ပါ ပျော်စရာရွင်စရာကောင်းအောင်နေပါ
အဲ့လို့ လုပ်ခြင်းကြောင့် သင့်ဦးနှောက်ကို လွတ်လပ်စေပြီး စာများလဲ တွေးရင် ရေးသလို ရေးရင် တွေးသလိုနဲ့ တိုးတတ်နိင်ကြပါစေလို့ 
ကျွန်တော် ဇင်မျိုးသူ မှ အားလုံးကို နူတ်ဆက်ပါတယ်…

Ps (ဆရာလုပ်တာမဟုတ်ပါ
ကျွန်တော်တောင် ယောင်တောင်တောင်နဲ့ steemitမှာ ဘာရေးရမှာ မသိသေးပါ)

zinmyothu@zinmyothu

introduction myself | Ecency