ငွေနှင့်ဗဟုသုတ

zinmyothu(47)
Published in
#busy
Words
187
Reading
1 min
9y
Listen to this post
~1 min

Screenshot_20180412_195837.png

"ရွာမှာနေရတာ ကျွန်တော် မပျော်တော့ဘူး အမေရာ"

ဆိုင်းမဆင့် ဘုံမဆင့် ပြောလိုက်သော ကျွန်ပ်စကားကြောင့် အမေမှာ

"ဟဲ့ နင်က ရွာမှာ မပျော်လို့ ဘယ်ဆီကို နေပြီး ပျော်ချင်တာလဲ"

"အာ့ ကျွန်တော်ပြောတာက ဒီလိုအမေရ သားတခြားနယ်ဖြစ်ဖြစ်
မြို့ဖြစ်ဖြစ် အတွေ့ကြုံဗသုသုတလဲရ ပိုက်ဆံလဲ ပိုရအောင် သွားချင်တာ ပြောတာအမေရ"

"သြော် ငါသားရယ် ဒီမှာလုပ်လဲ ပိုတာပဲ မသွားချင်စမ်းပါနဲ့"

ဟု အမေပြောနေရင် အဖေကနေပြီး

"ဟဲ့ ဒေါ်ကြည် ဒီလို နယ်တွေဘာတွေ ထွက်မှ ငွေမရတောင် အတွေ့ကြုံရတာပေါ့ကွ"

"ရှင့်ကလဲတော့် သားကို တားမယ်မရှိဘူး"

ကိုယ်သားနဲ့သမီးလေးနှစ်ယောက်ရှိတာကိုး" ဆိုပြီး

ဖျစ်တောက်ဖျစ်တောက်ပြောရင် ထသွားလေသည်

"ငါသား"
"ဗျာ" အဖေ"
"အေးမင်းသွားတဲ့ အခါကြရင် လူပေါင်းတော့ မမှားစေနဲ့ ပြီးတော့ သူများနယ်သွားမှာဆိုတော့ ကိုယ်နယ်လိုတော့ မဟုတ်ဘူးအစစအရာရာ ဂရုစိုက်သွား"

"အဖေဒါတော့ မှာချင်တယ်"

"ဟုတ်ကဲ့ပါ အဖေ သားဂရုစိုက်ပါမယ်"

ဒီလိုနဲ့ ကျွန်တော်ရဲ့ငွေရှာပုံကြီး ထွက်ခဲ့လေတော့သည်
ပထမဦးစွာ ကျွန်တော် ချင်းပြည်နယ်မှ သူငယ်ချင်းဖြစ်သူရဲ့ မြို့ကလေးဆီသို့ ထွက်ခဲ့လေသည်
Screenshot_20180412_195857.png

"မင်းတပ်"မတူပီ"ထောင်လန်"ဟုန်လေး" ရေစွာ"ဖလန်း"တွန်းဇံ"ရွာဘက"ရွာဘခ"အစရှိသည်
ရွာလေးတို့တွင် ရွာမှာ မရှိတဲ့ အသုံးအဆောင်ပစ္စည်းလေး ဖြန့်ဖို့
အတွက် တောင်ဆင်းတောင်တတ်များစွာနှင့် ဆိုင်ကယ်မောင်းပြီး သွားကြရ၏

ဆယ်နှစ်ရာသီ မိုးလို့  ခေါ်ရတဲ့ မိုးကလည်း ထူးထူးဆန်းဆန်း

ကျလိုက် တိတ်လိုက် တိတ်သွားပြီးဟေးဆိုရင်လဲ များမကြာမီမှာပင်

Screenshot_20180412_195940.png

မြူးငွေ့တွေ တတ်လာပြီး ပြန်ရွာချပြန်လေသည် နေ့ပွင့်သည်မှာလဲ

ခဏမျှသာ မြင်ရပြီး များသောအားဖြင့် မိုးဖွဲ့ဖွဲ့လေးသာ အမြဲ

ကျလျှက်ရှိသည် ရာသီဥတုမှာ အလွန်နေထိုင်ဖွယ်ရာ

ကောင်းသောလည်း မြေပြန့်မှာ ကြီး မြေပြန့်မှာ

နေလာရတဲ့သူအဖို့တော့ တစ်ပါတ်ဆယ်ရက်လောက်ကြာလာရင်

ပျင်းရိဖွယ်ကောင်းလှသည်

ရာသီဥတုက အေးအေးချမ်းချမ်းလေးနှင့် ဆိုတော့

ဆေးလိပ်သောက်ရသည်မှာ အလွန်ကောင်းလွန်လှသည် သူ့တို့ဆီက

ဆေးလိပ်သောက်တတ်သူများသည် တစ်အိမ်နဲ့တစ်အိမ်

အလည်သွားရတွင် ဂျာနယ်စက္ကူလေးတွေ တွေကို အသေချာကိုက်ပြီး

ဆေးရွက်ကြေများနှင့် အိတ်ထဲကိုထည့်ပြီး

ယူဆောင်သွားလာကြသည်မှာ ဓလေ့တစ်ခုလို့ မျိုး

ဆေးလိပ်သောက်ချင်ပြီးဆိုရင် စက္ကူလေးထဲ ဆေးရွက်ကြေထည့်ပြီး

လိပ်သောက်ကြသည် ကျွန်ပ်မှာ အတွေ့အကြုံ အမြင်ဆန်းများကို

လေ့လာရသည်မှ ပျော်စရာ

ရွာလေးတွေကို သွားတဲ့အခါတွင် ညအိပ်တဲ့အခါတွင် အိပ်ရ၏

ထမင်းကျွေးသည်အခါ အခက်တွေ့သည်မှာ သူ့တို့ ချက်သော

ဟင်းများသည် ဆား လည်းမပါ ဟင်းချိုမုန့်လည်း မသုံး ပဲ

ချက်စားတတ်ကြတယ် အငံ လိုလျှင် ဘေးနားမှာ ဆားခွက်လေး

ချပေးထားကြတယ်

အသားများထဲတွင် ငနှောက်သား ဟု၍ စားဖူးလေးသည်

ဘာအရသာမှာ မသိပေ ငနှောက်ဆိုသည်မှာ ကျွှဲကို ငနှောက်ဟု

ခေါ်ရတန်၏ အဘယ်ကြောင့်ဆိုသော သူ့တို့ ငနှောက်ဟု ခေါ်သော

အကောင်ကြီးမှာ ကျွန်ပ်တို့ဆီက ကျွှဲနှင့် အတူတူပင် ထင်မိလေသည်

ထိုနှောက့် ချင်းပြည်နယ်ကြီးနှင့်သူငယ်ချင်းအား နူတ်ဆက်ရင်

ရည်မှန်းချက်တို့ပြည့်ဝဖို့ အတွက် ခရီးဆက်ရပေးဦးမည်

photo.screenshot.google.from
zinmyothu@zinmyothu

Screenshot_20180412_200101.png

ငွေနှင့်ဗဟုသုတ | Ecency