ခေါင်းစဉ်မှားသောအိမ်မက်များ

Words
43
Reading
1 min
9y
Listen to this post
~1 min

MyLogoArt20180414084321.png

အတိတ်တွေ မှားနေတယ်လို့ 
ကိုယ့်ကိုကိုယ် လက်ညိုးထိုးမိတဲ့နေ့ကစ
ကိုယ်အနာဂတ်ဟာ တောင်ပလာတယ်

ကိုယ်လက်လှမ်းမိရာ
မြင်သလောက်နဲ့ တွေးမိသလောက်
ဘဝကို ပုံဖော်ပြီး ထုဆစ်ချင်လာတယ်

ကြယ်ကြွေတာကိုကြည့် မဖြစ်နိင်တာကို ဆုတောင်း
ဒီကောင်ကတော့ ကလေးဆန်ဆန်နဲ့ လူကြီးဆန်ဆန်ပါပဲ

သက်ပြင်းရှည်တွေ ခဏ ခဏ ချ
အများပြောတာကတော့ အသက်တိုတယ်တဲ့
ဘဝဆိုတာက ကိုယ်မသိတဲ့ စကားလုံးကို
အဘိဓာန်မှာ ရှာပြီး တစ်ခုပြီး တစ်ခါ ဝါကျဖွဲ့နေရသလို့ မျိုး

အကောင်းတွေ ကိုယ်ဘက်မရှိသေးလဲ
ကျုပ်ကတော့ ပြုံးနေတုန်းပါပဲ
စိတ်ထဲကနေတော့ တွေးတောအားတင်းရင်
ကံတရားကို အရူံးမပေးဖို့………

zinmyothu@zinmyothu

ခေါင်းစဉ်မှားသောအိမ်မက်များ | Ecency