ကိုယ့်ဘ၀ကိုယ်တောင် မေ့လို့သွားရလောက်အောင်
တွေဝေနေတဲ့အစွဲလန်းတစ်ခုကလေ
အိမ်မက်တွေလိုပဲလားလို့မေးလိုက်ချင်တယ် မေးချင်မိတယ်
သို့သော်လဲ မမြင်ရတဲ့စွဲချက်တွေကတော့
ဟောဒီရင်မျာ အရမ်းကိုနာကျင်လွန်းလို့နေပြီလေ
မင်းနဲ့ကိုယ်ရဲ့ ခဏတာရဲ့ ခံစားချက်တွေကို
ဝေဒနာတွေကချပြဖို့အတွက် ရက်စက်ခဲ့ပြီလေ
ဘဝဆိုတာမပြီးဆုံးသေးတဲ့အချိန်တွေကို
ကုစားဖို့အတွက် ဖန်တီးလေသလားလို့ပေါ့တကယ်လည်းဖန်တီးမိခဲ့ပါတယ်
ပေပေတေတေဘဝတွေနဲ့ ဖြတ်သန်းလာရတဲ့အချိန်
ဝေဒနာဆိုတာဘယ်စီနေမှန်းတောင်မသိခဲ့ဘူးလေ ဟုတ်တယ်မလား
ကိုယ်ဟာ တကယ်တော့ အချစ်တွေနဲ့ဝေးနေလို့ အမုန်းတွေပဲမရှိခဲ့လေသလာ
တကယ်ဆို အချစ်ဆိုတဲ့ခံစားချက်တွေကို နားလည်အောင်
ခံစားကြည့်ချင်ပါတယ် အကြင်နာတွေမရှိတဲ့အရပ်မှာ အမြဲတမ်း
တစ်ယောက်ထဲပဲနေရစ်ဖို့ဆိုတာ လွယ်ကူလိမ့်မယ်ထင်နေသလား
နှလုံးသားမရှိတဲ့ ဒဏ်ရာတွေနဲ့ဖြစ်နေရပြီလေစာနာပါတော့
ချစ်တဲ့သူလေးရယ် စာနာပေးလိုက်ပါတော့ကွယ်
@zinminaye
photo-google image