လမင်းငယ်လေးသို့ပေးစာ

zinminaye(55)
Published in
#busy
Words
39
Reading
1 min
Listen
Play
8y

ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ညတံတိုင်းတွေရဲ့အလယ်မှာ
မောင်တစ်ယောက်ကြယ်ကြွေတွေကို လိုက်ကောက်နေမိပြီလေ
ချစ်သောလမင်းငယ်ရေ တွေ့ဆုံခြင်းနဲ့ ဝေးကွာခြင်းဆိုတဲ့
ခြားနားခြင်းလမ်းချိုးနှစ်ခုဟာလေ
အတိမ်အနက်၊ အလင်းအမှောင်တူသယောင်ရှိပေမဲ့
အချစ်ငတ်ခဲ့သူရဲ့ရင်ဘက်မှာတော့လေ
မဆုံးနိုင်သောသံသရာပွင့်ဖတ်တွေခြွေတိုင်းမှာ
အလွမ်းဝတ်မှုန်တို့ဂုဏ်သတ္တိမဲ့ခဲ့ရပြီလေ
မင်း.့ မျက်နှာလေး ကို မြတ်နိုးစွာနဲ့
ဘယ်ရက် တွေ့ရမလဲလို့လက်ရေချိုးနေခဲ့တာကလည်း
ရက်တွေတောင်မောင့်ကိုညှိုးနေခဲ့ပါပြီ
လမင်းငယ်ရေ ဒါတွေသူလေးသိပါလေစ
မောင်ဟာရမ္မက်နွံ၊ အချစ်နွံ ကျွံနေတဲ့
ဘီလူးကြီးကွဲ့သွေးဆာနေတဲ့ရင်ဘက်ကနှလုံးသားအတွက်
ကိုယ့်အစွယ်ကိုယ်ရိုးရိုးသားသား
ပြန်မဖြတ်နိုင်တဲ့ကောင်ပါ ဒါဟာ အတ်တတဲ့လား
လှပနေတဲ့နေ့ရက်တိုင်းသာအချစ်ဆိုရင်တော့
ရွှေအိုရောင် ကတ္တီပါခင်းထားတဲ့မောင့်ရင်ထဲမှာ
လမင်းငယ်ဆိုရဲ့ ပုံရိပ်တွေကလေ
ခဏတာခိုဝင်ခဲ့ပေမဲ့လည်းကွယ်
ဗီးနပ်စ်တို့ဖန်ဆင်းတဲ့မှော်ဝင်အိမ်မက်တွေထဲမှာ
မင်းကိုလေမောင်တစ်ယောကမတွေ့တွေ့အောင်လို့
ရှာပုံတော်ဖွင့်ခဲ့ရပေါင်းလဲများလှပါပြီကွယ်ယုံပါကလေးရယ်