ဒီမှာ သူငယ်ချင်းလေးရေ မင်းခေါင်းကို မော့ကြည့်လိုက်စမ်းပါ
အလွန်တရာလှပတဲ့ အရာတွေကမင်းဦးခေါင်းနားလေး စီမှာပဲရှိတယ်နော်
အတုအယောင်တွေကြားထဲမှာအမြဲမသာယာပါနဲ့သတိလေးတော့ထားပါကွာ
ဒါတွေဟာမင့်းကို နာကျင်စေတဲ့ အရာဆိုရင်
သူတို့ကိုဘာကြောင့် ဆုပ်ကိုင်ထားဦးမှာလမေ့လိုက်ပါလား
လွတ်ချချိန်ခဏတော့ နင်နှမြောလိမ့်မယနော်
သူငယ်ချင်းလေးရေ အချိန်ကြာသွားရင်တော့
မင်းအတွက်အမှန်တရားအတွက် မင်းကျေနပ်သွားလိမ့်မယ်ဒါကိုနားလည်ပါ
ချစ်ခင်ရတဲ့သူငယ်ချင်းရယ်..
ဒီကဘာမှာမင်းလုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်စိတ်မပျက်ပါနဲ့
ခက်ခဲတဲ့လောကကို ရဲရဲ ရင်ဆိုင်လိုက်စမ်းပါ
နောက်ထပ်ခြေတစ်လှမ်းထပ်တိုးပြီး ဘဝ ကို ကြိုးစားလိုက်ပါကွာ
မင်းကိုလေသူများဆွဲချတိုင်း လဲ မကျပါစေနဲ့..
မင်းရဲ့ကွယ်ရာမှာ မင့း်ကို လှောင်ရယ်လိမ့်မယ်နော်
သူငယ်ချင်းရေ မင်းအဲ့လို အဖြစ်မခံနဲ့နော်
ခက်ခဲတဲ့လောကဓံ ဆိုတာလေ
ရုတ်တရက်တိုက်တဲ့ လေကြမ်းလိုပဲထင်မှတ်မထားတဲ့အချိန်
ကြိုတင်ပြင်ဆင်ချိန်မပေးတက်ဘူးဒါဟာ သူ့သဘောဘဲ
မင်းအတွက်တော့စိတ်ခိုင်ဖို့ပဲ လိုတယ်လေ
လုံးဝလုံးဝမငိုပါနဲ့ သူငယ်ချင်းရယစိတ်ထိန်းပါ မငိုပါနဲ့လေ