အသေးအဖွဲဖြစ်ပေမယ့်

zinminaye(55)
Published in
#busy
Words
99
Reading
1 min
Listen
Play
8y

darts-102919_960_720.jpg

တစ်ခါတုန်းက ဖတ်မှတ်ဖူးတဲ့ စာပိုဒ်လေး သတိရမိတယ် အဲ့ဒီထဲမှာ အကြောင်းအရာတစ်ခုက ဘယ်လောက်တောင်
အထောက်အကူ ပြုလဲဆိုတာ တွေ့လိုက်မိပါတယ် အသေးအဖွဲလေးကလည်း အကျိုးပြုစေနိုင်တယ်လေ
စာဖတ်သူများက ကျွန်တော့်ကို ဘာမဟုတ်တဲ့ တိုလီမိုလီတွေကို စာလုပ်ပြီး ရေးနေတယ်ဆိုရင်လဲ ခံရတော့မှာပါပဲ။
မှန်တာပြောရရင် ကျွန် တော့်သူငယ်ချင်း ကတော့ ပြောရှာပါတယ် အဲဒီလို တိုလီမိုလီတွေကို များများရေးစမ်းပါ။
ပညာရှင်ကြီးတွေကလဲ မဖြစ်စလောက်ရယ်လို့ စကားထဲ ထည့်မပြောကြဘူး။ ကျုပ်တို့ကတော့လဲ ခင်ဗျားလို တိုလီမိုလီမှာ မနှံ့စပ်ဘူး။
ဒီတော့ တတ်နိုင်သမျှ ရေးစမ်း ပါ”လို့ အားပေးခဲ့တာ သတိရပြီး ရေးနေခြင်းပါပဲ။
မနေ့တစ်နေ့ကလဲ တယ်လီဖုန်း တစ်ချက်ဝင်လာလို့ နားထောင်လိုက်တော့ စာရေးဆရာ ဆီက ဖုန်းဖြစ်နေတယ်။
သူ့ဆောင်းပါးတွေကို ကြည့်လိုက်ရင် စာပေမှာ ဘယ်လောက်နှံ့စပ်သူဖြစ်ကြောင်း သိနိုင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လဲ
သူရဲ့ စာပေနှံ့စပ်မှုကို အလွန်လေးစားမိပါတယ်။ သူက ”ဆရာရေ ဈေးကွက်က မျိုးဆက်သစ် ဆောင်းပါးမှာ ဒေါင်းတောက်ဆိုတာကို
ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ ဒေါင်းတောက်ဆိုတာကို တကယ်မသိခဲ့ပါဘူးဆရာ။ ဆရာ ပြောလိုက်မှ သေချာနားလည်
သွားပါတော့တယ်”လို့ ပြောပါတယ်။ ဒီလို ဆိုပြန်တော့လဲ ထိုက်သင့်သလောက်တော့ အကျိုးပြုပေသားပဲလို့ အောက် မေ့လိုက်မိပါတယ်။
ဘယ်စာပေဘဲ ဖြစ်ဖြစ် တစ်နေရာရာတော့ အကျိုးဖြစ်စေတယ် အထောက်အကူဖြစ်စေပါတယ် ဒါကြောင့် စာများများ ဖတ်ဖို့ လိုအပ်
တယ်လို့ ပြောချင်တာပါဘဲ စာများများဖတ်သူဟာ အသိအမြင် ကျယ်ပြန့်ပါတယ် အတွေးအခေါ်လည်း ကောင်းပါတယ်
zinminaye@zinminaye
photo-google image