စိန်ဆိုတာ ကမ္ဘာပေါ်မှာအဖိုးတန် ရတနာတစ်ခုလို့ သတ်မှတ်ထားကြတာဖြစ်ပါတယ်။
စိန်ကို လက်ဝတ်ရတနာ အဖြစ်အသုံးပြုကြရုံမကဘဲ စက်မှုလုပ်ငန်းတွေအတွက်လည်း အသုံးပြုကြပါတယ်။
အခြားကျောက်မြတ်ရတနာပစ္စည်းတွေထက် ပိုပြီးတော့ စိန်ကမာကြောတဲ့ တွင်းထွက်ပစ္စည်းတစ်ခုဖြစ်တာ ကြောင့် အဆင့်သတ်မှတ်ချက်မှာ (၁၀) ထိရှိပြီး စိန်ကို ကျောက်မြတ်ရတနာတွေရဲ့ ဘုရင်လို့တင်စားကြပါတယ်
စိန်ကဘယ်ကနေဖြစ်ပေါ်လာတာလဲဆိုရင်တော့ လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာတုန်းက ကမ္ဘာမြေကြီးအတွင်းမှာ ရှိတဲ့ကာဗွန်တွေက အပူရှိန်ကြီးမားတာကြောင့် အရည်အဖြစ်နဲ့ရှိနေခဲ့ပါတယ်။
အဲဒီလို အရည်အဖြစ်နဲ့ ရှိနေချိန်မှာ အပေါ်ကနေကြီးမားတဲ့ ဖိအားကသက်ရောက်ခဲ့တာကြောင့် မည်းနေတဲ့ကာဗွန်အဖြစ်ကနေ တန်ဖိုးရှိတဲ့စိန်တွေအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေခန့်မှန်းခဲ့ကြတာကတော့ စိန်တွေဟာ ကမ္ဘာမြေမျက်နှာပြင်အောက် မိုင်ပေါင်း ၈၀ကနေ ၁၂၅မိုင် ခန့်အနက်ရှိတဲ့ မြေလွှာတွေကြားကနေဖြစ်ပေါ်လာတယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီမြေလွှာမှာ ရှိနေတဲ့ ပြင်းထန်တဲ့ ဖိအားတွေကြောင့်မာကျောလာတာဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။
စိန်ရဲ့ထူးခြားတဲ့ လက္ခဏာတွေကတော့ သူ့ရဲ့ပင်ကိုယ်အလင်းရောင်ကြောင့် အရောင်တလက်လက် တောက်ပနေတဲ့လို့ ထင်ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအရောင်တောက်ရတာက အပြင်က အလင်းရောင်က စိန်ကိုဖြတ်သွားတဲ့အခါ အခြားဘက်ကို ချက်ခြင်းအလင်းမရောက်သွားဘဲ စိန်ထဲမှာ နည်းနည်းစီ အလင်းယိုင်သွားပြီးနောက်မှ အပြင်ပြန်ထွက်သွားတာဖြစ်ပါတယ်။
စိန်အတွင်းမှာ ခိုအောင်းနေတဲ့ အလင်းရောင်က စိန်ကို အရောင်တဖျတ်ဖျတ်တောက်ပြီး လင်းလက်စေခဲ့တာ ဖြစ်ပါတယ်။
စိန်ကိုစပြီးတွေ့ရှိခဲ့တဲ့နှစ်ကို တော့အတိအကျမသိပေမယ့် စပြီးသုံးစွဲခဲ့တဲ့နေရာကတော့ အိန္ဒိယပြည်နယ်၊ ရိုလ်ကွန်ဒါအရပ်မှာဖြစ်ပြီး ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၈၀၀ ခန့်ကလို့ယူဆရပါတယ်။
၁၈ရာစုမှာတော့ အိန္ဒိယပြည်နယ်မှာ စိန်တွင်းတွေကုန်ခမ်းသွားပြီး ဘရာဇီးနိုင်ငံမှာတွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်း ဘရာဇီးနိုင်ငံက စိန်တွင်းတွေကုန်သွားပြီး ကမ္ဘာပေါ်မှာရှိတဲ့ စိန်တွေရဲ့ ၉၀ ရာခိုင်နှုန်းက အာဖရိက တောင်ပိုင်း က ရရှိတာဖြစ်ပါတယ်။
Ref : Wikipedia