ကြောင်လေးတွမ်နဲ့ ကြွက်လေး ဂျယ်ရီဆိုတာ

Words
91
Reading
1 min
9y
Listen to this post
~1 min

6f3.png

မတည့်အတူနေ ကြောင်နဲ့ကြွက် Tom & Jerry ဇာတ်ကားကို ဆိုရင်ကလေးဘဝတုန်းက စွဲလမ်းနှစ်သက်စွာ ကြည့်ရှုခဲ့ရတဲ့ ကာတွန်းစီးရီးလေးတစ်ခုဖြစ်ပါတယ်။

တစ်ကောင်နဲ့တစ်ကောင်အနိုင်မခံ အရှုံးမပေးစိတ်နဲ့ ယှဉ်ပြိုင်နေကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးကိုလည်း မျက်လုံးထဲမှာစွဲနေကြဦးမှာပါ။

Tom & Jerry ကာတွန်းကားတွေထဲက စိတ်ဝင်စားစရာ အချက်တွေကို ပြောပြလိုက်ပါတယ်။

1027753-tom-and-jerry-blamed-mid-east-violence.jpg

(၁) အရင်တုန်းက ကြောင်နဲ့ကြွက်ရဲ့နာမည်ကို Jasper ( ဂျက်စပါ) နဲ့ Jinx (ဂျင်းစ်) ဆိုပြီးအမည်ပေးခဲ့တာ ဖြစ်ပါတယ်။

(၂) ကာတွန်းဇာတ်ကောင် ဖန်တီးသူ ဂျွန်ကာလ် ကနေမှ Tom နဲ့ Jerry ဆိုပြီးအမည်ပေးဖို့ တောင်းဆိုရာကနေ တွမ်နဲ့ဂျယ်ရီဆိုပြီး အမည်ပေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

(၃) Tom & Jerry ကိုဖန်တီးသူတွေဖြစ်ကြတဲ့ ဝီလီလျံဟာနာ နဲ့ ဂျိုးဆပ်ဘာဘရာတို့ဟာဆိုရင် ကာတွန်းဇာတ် ကောင်တွေကို ၁၉၄၀ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

(၄) ကာတွန်းနဲ့ပတ်သက်တဲ့ အော်စကာဆု ခုနှစ်ဆုတိတိရရှိ ပိုင်ဆိုင်ခဲ့ပါတယ်။

(၅) ကြောင်နဲ့ကြွက်ဟာ ခဏခဏ ရန်ဖြစ်ပြီး မတည့်တဲ့ပုံစံ ဖန်တီးထားပေမယ့်လည်း သွေးထွက်သံယို ဖြစ်တဲ့ပုံစံတွေတော့ မပါဝင်ပါဘူး။

(၆) ဒီကာတွန်းကားမှာပါတဲ့ အခြားဇာတ်ကောင်တွေက စကားပြောပေမယ့် ကြောင်နဲ့ကြွက်ကတော့ စကားပြောတာ ရှားပါးတယ်။

(၇) ၁၉၄၀ ကနေ ၁၉၅၅၈ ခုနှစ်အတွင်း ကာတွန်းစီးရီးပေါင်း ၁၁၄ခုအထိပါဝင်ခဲ့ပါတယ်။

Ref: TINA

ကြောင်လေးတွမ်နဲ့ ကြွက်လေး ဂျယ်ရီဆိုတာ | Ecency