ဇာတ်ကားအမည်ကတော့ Incredibles 2 ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂ဝဝ၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Incredibles ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ Bob လို့ခေါ်တဲ့ Mr.Incredible တို့ မိသားစုရဲ့ မိသားစုနေထိုင်မှုပုံစံနဲ့ လူသားကမ္ဘာပေါ်စွန့်စားကယ်တင်ပုံတွေကို အခြေပြု ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကမ္ဘာမြေကိုဖျက်ဆီးဖို့ ကြိုးစားသူတွေ လက်ထဲကနေ ကမ္ဘာမြေကို ကယ်တင်ဖို့ Bob တို့ မိသားစု ကြိုးစားကြတာဖြစ်ပါတယ်။
Incredible မိသားစုဟာ Disney ရဲ့ အောင်မြင်ကျော်ကြားတဲ့ ကာရိုက်တာတစ်ခုလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ပုံဖော်တင်ဆက်ထားသူကတော့ အမေရိကန် ဒါရိုက်တာ Brad Bird ဖြစ်ပြီး Holly Hunter၊ Craig T.Nelson၊ Sarah Vowell၊ Huck Milner၊ Samuel L.Jackson စတဲ့ အနုပညာရှင်တွေက အသံနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Helen Parr နဲ့ Bob Parr တို့အဖြစ်ကိုတော့ Holly Hunter နဲ့ Craig T.Nelson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ရှေ့လအတွင်း ရုံတင်ပြသဖို့ စီစဉ်ထားပြီး ဇာတ်ကားကြာမြင့်ချိန်ကတော့ ၂ နာရခန့်ရှိပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ပဲ ပုံဖော်တင်ဆက်ထားတာဖြစ်ပါတယ်။ Incredibles ဇာတ်ကားတိုင်း လူကြိုက်များတဲ့အတွက် အခုကားကိုလည်း စိတ်ဝင်တစားကြည့်ရှုသူများပြားဦးမှာဖြစ်ပါတယ်။ အမေရိကန်နဲ့ အပြိုင်ပြည်တွင်းမှာလည်း ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref : KHANT HEIN THU