အံ့သြဖွယ် ရေအောက်ဟိုတယ်များ

Words
68
Reading
1 min
8y
Listen to this post
~1 min

Screenshot_20180504_083831.jpg

ပင်လယ်ပြင်မျက်နှာပြင်အထက်မှာ အိပ်စက်အနားယူရတာက ဘာပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပေမယ့် ရေအောက်ထဲမှာ အပန်းဖြေအနားယူရမယ့်အရသာဟာ တမူထူးခြားစေမှာ အမှန်ပါပဲ။ပရိတ်သတ်ကြီး အံ့အားသင့်စေမယ့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ရေအောက်ဟိုတယ် အချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

(၁) Atlantis, The Palm

Lost-Chambers-Suite-Dubai-Atlantis-The-Palm-Dubai-Prestigious-Venues.jpg

ဒီဟိုတယ်ဟာဆိုရင်တော့ ဇိမ်ခံဟိုတယ်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှာ တည်ရှိပါတယ်။ ကျွန်းပေါ်မှာတည်ဆောက်ထားတဲ့ အပန်းဖြေဟိုတယ်တစ်ခုဖြစ်ပါတယ်။ ရေအောက်မှာ တည်းခိုနိုင်တဲ့အခန်းတွေပါဝင်ပြီး ငါးမန်းအပါအဝင်ရေသတ္တဝါတွေအများကြီးကို တွေ့မြင်နိုင်တဲ့ ရေအောက် ရှုခင်းတွေပါ ပြုလုပ်ထားတာဖြစ်ပါတယ်။

(၂) Manta Resort

themantaresort4.jpg

ဒီဟိုတယ်ကတော့ ပန်ဘာကျွန်းမှာတည်ဆောက်ထားတာဖြစ်ပြီး တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိတာ ဖြစ်ပါတယ်။ ရေအောက်မြေနှာပြင်ကို ကြည့်ရှုခံစားနိုင်တဲ့ အခန်းတွေလည်းပါဝင်ပါတယ်။ အခန်းတစ်ခုမှာ အလွှာသုံးခုပါရှိပြီး လှေဆင်းတဲ့ကုန်းပတ်ဖြစ်မှာရေချိုးခန်းနဲ့ဧည့်ခန်းပါဝင်ပြီး အပေါ်ဆုံးထပ်ကတော့ နေ့ခင်းဘက်နားနေဖို့နဲ့ ညဘက်ကြယ်တွေမြင်ရတဲ့ လသာဆောင်လိုဖြစ်ပါတယ်။ ပင်လယ်အောက်ခြေက အထပ်မှာဆိုရင်တော့ အဏ္ဏဝါပြင်ကိုခံစားနိုင်တဲ့အခန်းပါဝင်ပါတယ်။

(၃) Utter Inn

d595f5461d78b90bdf2547f5836da426-Hotell-Utter-Inn-Pia-Nordlander-001.jpg

ဒါကတော့ဆွီဒင်နိုင်ငံမှာတည်ရှိတဲ့ရေအောက်အပန်းဖြေအခန်းတွေပါဝင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ရေပြင်အထက်မှာတော့ ဆွီဒင်ရိုးရာအိမ်လေးတွေပုံစံဖြစ်ပြီး ရေအောက်မှာတော့ အဏ္ဏဝါအလှကို ခံစားနိုင်တဲ့ ရေအောက်ပြတင်းပေါက်တွေပါဝင်တဲ့ အခန်းတွေပါဝင်ပါတယ်။ ကြည်လင်တဲ့အင်းရေပြင်မှာ ရေကူးနိုင်ပြီး ရေအောက်ကမ္ဘာရဲ့ အလှအပတွေကို ရင်သပ်ရှုမောဖွယ်မြင်တွေ့ခံစားနိုင်ပါတယ်။

Ref : TINA

အံ့သြဖွယ် ရေအောက်ဟိုတယ်များ | Ecency