အနာဂတ်မှာပြုလုပ်ပေးမယ့် အာကာသခရီးစဉ်များကိုလိုက်ပါချင်သူများအတွက် ကြိုတင်စာရင်းပေးသွင်းမှုများကို ပြုလုပ်ထားကြပါတယ်။
အခုတော့ အဲဒီအာကာသခရီးသွားများတည်းခိုနိုင်မယ့် အာကာသဟိုတယ်ကို 2022 ခုနှစ်မှာဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ Aurora Station အမည်ရအာကာသဟိုတယ် ဖြစ်ပါတယ်။ အဲဒီဟိုတယ်ကိုဟူစတွန်အခြေစိုက် Orion Span က တည်ဆောက်မှာ ဖြစ်ပါတယ်။ အာကာသယာဉ်စီးနင်းခ၊ တည်းခိုခအပါအ၀င် ခရီးစရိတ်စုစုပေါင်းမှာလူတစ်ဦးလျှင် ဒေါ်လာ 9.5 သန်းကျသင့်ပါတယ်။ ဟိုတယ်မှာတစ်ညတည်းခိုခွင့်ဟာလူတစ်ဦးလျှင် ဒေါ်လာ 791,666 ကျသင့်မှာ ဖြစ်ပါတယ်။
ယခုကတည်းကအွန်လိုင်းကနေ ကြိုတင်ပေးသွင်းငွေ ဒေါ်လာ 80,000 ဖြင့် စာရင်းသွင်းထားနိုင်ပါပြီ။ ဟိုတယ်ဆိုပေမယ့် အရွယ်အစားသိပ်မကြီးဘဲ 35 x 14 ပေသာရှိပါတယ်။ ၀န်ထမ်းနှစ်ဦးနဲ့ ဧည့်သည်လေးဦးတည်းခိုနိုင်ပြီး 12 ရက်ကြာ ဂြိုဟ်ကိုလည်ပတ်နိုင်မယ့်ဝန်ဆောင်မှုလည်း ပါရှိပါတယ်။ ဧည့်သည်များကိုအာကာသခရီးစဉ် မစတင်ခင်မှာသုံးလကြာလေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ဆွဲငင်အားမဲ့ပတ်ဝန်းကျင်၊ ကမ္ဘာကိုလှည့်ပတ်မှု၊ အခြေခံအာကာသခရီးရဲ့ သိမှတ်ဖွယ်ရာများကိုအစောပိုင်းမှာအွန်လိုင်းကနေသင်ကြားပေးမှာ ဖြစ်ပါတယ်။
Ref :NetGuide Journal