Infinity War

zayyarwin(48)
Published in
#msu
Words
60
Reading
1 min
Listen
Play
8y

download.jpeg

Infinity War

ဘယ်​​တော့မှ မပြီးဆုံးနိုင်​​သော
ဘဝတစ်​ခုရဲ့ ရန်​ဖြစ်​ခြင်း​တွေကို
(ဒီလိုဖြစ်​လာမှန်းမထင်​ထားဘူး)
တည်​​ဆောက်​လိုက်​မိတယ်

တစ်​ခါတစ်​ခါငြိမ်းချမ်း​ရေးယူပြီး
ဒီစစ်​ကပီးမယ်​လို့ထင်​ထားတာ
တဖြည်းဖြည်း သိလာရတယ်
တိုက်​ပွဲ​တွေက ရှိ​နေအုန်းမှာဘဲ
ဒီ ကိုယ်​ခန္ဓာ နှင့်​ အသက်​ရှိ​နေသမျှ

အမုန်းတရား​တွေကို ပါးစပ်​က​နေ
ဗုန်းကြဲသလို​ပြော
သံ​ယောဇဉ်​နဲ့ အချစ်​ဆိုတာ
လုံးပါးပါးပြီး ကျဆုံးသွားခဲ့ကြပါပြီ

ပေါက်​ကွဲမှု့​တွေနဲ့ မ​ကျေနပ်​မှု့
မာန်​မာန​တွေက အနိုင်​ယူပြီး
နှုးညံ့သိမ်​​မွေ့​သော ​နေ့ရက်
ကြည်​နူးစရာ အိမ်​မက်
နယ်​​မြေအားလုံး
သိမ်းပိုက်​သွားခဲ့ကြပြီ

စစ်​ပွဲ​တွေမဖြစ်​ချင်​ဘူး
ရှောင်​ရှား​နေခဲ့တာ
နောက်​ပိုင်း​တော့
စစ်​ မဖြစ်​ဖြစ်​​အောင်
ဖန်​တီးဖို့ whisky ​နဲ့
ရဲရဲကြီး တိုက်​ပွဲ​တွေဝင်​တတ်​လာပီ

တိုက်​​နေရအုန်းမှာဘဲ
ရှိ​နေအုန်းမှာဘဲ
ဖြစ်​​နေအုန်းမှာဘဲ
အမုန်းတရား​တွေ ရင်​ထဲမှာ
ပြန့်​ကျဲ​နေသမျှ
နာကြည်းမှု့​တွေ ​ခေါင်းထဲမှာ
ပြန်​​တွေး​နေသမျှ
ဖြစ်​လာအုန်းမှာဘဲ
ဒီစစ်​...

Author zayyarwin@zayyarwin
Msu 034

115.jpg

IMG-0a0f639b84659bec0de708c5466e33f4-V.jpg

Infinity War | Ecency