ရယ်​ချင်​ပတ်

Words
96
Reading
1 min
9y
Listen to this post
~1 min

နိုင်ငံခြားမှာ အလုပ်လုပ်တဲ့လူတွေကို
ပြည်ပမှာ ကျွန်ခံနေတယ်ဆိုပြီး ရင့်ရင့်သီးသီးသုံးတာတွေ မြင်ရ ကြားရတော့ ရယ်ချင်ပက်ကျိ ဖြစ်မိတယ်။

အဖြစ်အပျက်တွေဟာ ရေနဲ့တူတယ်။
ခံယူစိတ်ဟာ ခွက်နဲ့တူတယ်။
ရေကတော့ ဒီရေပဲ.... ခံယူတဲ့ခွက်က သန့်ရှင်းနေရင်
သန့်ရှင်းတဲ့ ရေဖြစ်မယ်။
ခံယူတဲ့ခွက်က ညစ်ပတ်နေရင် ညစ်ပတ်တဲ့ ရေဖြစ်မယ်။

နိုင်ငံခြားမှာ အလုပ်သွားလုပ်ရတာချင်းတော့ တူရင်တူမှာပေါ့။
ဒါပေမယ့် ကိုယ်က သူဌေးချေးအိုးသိမ်း သူဌေးဖင်ဆေးပေးရတဲ့ အလုပ်လောက် လုပ်ရပြီး ကျွန်စိတ်ဝင်နေရင်တော့ မပြောတတ်ဘူးလေ။
လူတကာကို ကိုယ့်လို ကျွန်ခံနေရတယ် ထင်ရင်ထင်မှာပေါ့။

ပြည်ပမှာ အိမ်ဖော်လုပ်တဲ့လူတိုင်းကို မပြောပါဘူး။
အိမ်ဖော်ပဲလုပ်လုပ် အိမ်သာပဲဆေးဆေး
ငါတို့က နင်တို့ကို လုပ်အားရောင်းတာ
ကျွန်ခံတာ မဟုတ်ဘူး ဆိုတဲ့ သခင်စိတ်ရှိတဲ့ လူက
သခင်ပဲ။ ကျွန်မဟုတ်ဘူး။

ကိုယ်က နိုင်ငံခြားမှာ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်
ငါတို့က နင်တို့ကို ပညာရောင်းတာ လုပ်အားရောင်းတာ
နင်တို့နိုင်ငံက အတွေ့အကြုံတွေ သင်ခန်းစာတွေနဲ့
ငါတို့ဘဝကို တည်ဆောက်နေတာဆိုတဲ့
ပြည်ပရောက် သခင်တွေ ရိုက်သတ်လို့တောင်မကုန်ဘူး။

နိုင်ငံခြားသားမြင်တာနဲ့ သခင်ကြီးပြေးခေါ်ချင်တဲ့စိတ်က အင်္ဂလိပ်ခေတ်ကတည်းက မပျောက်သေးတာလား မှတ်ရ။
နိုင်ငံခြားသားတွေကို လက်ညှိုးထိုးပြန်ခိုင်းလို့ရတဲ့
ကိုယ့်နိုင်ငံသားတွေကို ပတ်ဝန်းကျင်အဆင့်အတန်း သိပ်ကွာလွန်းလို့ မမြင်ဖူးသေးတာလားတော့ မပြောတတ်ဘူး။

တန်ရာတန်ကြေး လုပ်အားခယူ အလုပ်လုပ်တာကို
ကျွန်ခံတာလို့ တွေးနေရင်တော့
ခံယူတဲ့ ကိုယ့်စိတ်ဓါတ်ကိုက ကျွန်စိတ်ပေါက်နေမှန်း လူသိတာပေါ့လေ။

လူကျွန်ဖြစ်ရင် လွတ်ဖို့လွယ်သေးတယ်
စိတ်ကျွန်ဖြစ်ရင် လွတ်လမ်းမရှိဘူးရယ် ။

ရယ်​ချင်​ပတ်​ | Ecency