တွေးမိတွေးရာ

Words
102
Reading
1 min
Listen
Play
9y

ညက တော်တော်နဲ့ မအိပ်ဖြစ်ဘဲ
နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ် ဖတ်ဖြစ်တယ်။
image
စစ်ကြောရေး ငရဲခန်းတွေ၊
ယုံကြည်ချက် အကျဉ်းသား ၅ညတွေအပေါ် နှိပ်ကွပ်မှုတွေ၊
ထောင်တွင်းက ကြီးနိုင်ငယ်ညှင်း ရက်စက်မှုတွေ၊
စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ
အမျိုးမျိုးအဖုံဖုံကို စိတ်မချမ်းသာစရာ ဖတ်ရတယ်။

ဒါဟာ လူမဆန်မှုတွေကြား မသေဘဲကျန်နေခဲ့သူတွေဖြစ်လို့ ရေးသားခွင့်ရနေတာ။
လူမသိသူမသိ တိတ်တဆိတ် မထင်မရှားကျဆုံးခဲ့ရတဲ့ တိုက်ပွဲဝင်တွေအများကြီး ရှိခဲ့မှာပဲ။
ဇာတ်နာအောင် ပိုရေးထားတယ်ပဲထား၊
အဲ့တစ်ဝက်လောက် ခံစားရမယ်ဆိုရင်တောင် သေပစ်လိုက်ဖို့ လုံလောက်နေပြီ။
သမိုင်းဆိုတာ လိမ်လို့ မရဘူး။
image
ကျွန်တော်တို့ ဒီနေ့ ခုလို ပြောလိုဆိုလို့ရနေတာ
နိုင်ငံရေးကို ကိုယ်နဲ့မဆိုင်သလို နေလို့ရနေတာဟာ
နိုင်ငံရေးကို ကိုယ့်အရေးလို သဘောထားခဲ့တဲ့လူတွေကြောင့်ပဲ။
ကျုပ်ကတော့ ခံယူချက်ပြတ်သား မယိမ်းယိုင်တဲ့ နိုင်ငံရေးသမားတိုင်းကို လေးစားတယ်။

ကိုယ်သာ သူတို့နေရာမှာဆိုရင်ရောလို့
တွေးမိရင် ကြက်သီးမွှေးညှင်းတွေ ထလာမိတယ်။
နေဖို့ထက် သေဖို့ဟာ ပိုလွယ်နေတဲ့အချိန်မှာ လေးဘက်လေးတန်ကို အုတ်နံရံကို ခေါင်းနဲ့တိုက် သေပစ်လိုက်ခြင်းဟာ အသက်သာဆုံးထွက်ပေါက် ဖြစ်မယ်လို့တောင် တွေးမိတယ်။
ကိုယ် ပျော့ညံ့တာ သေချာလေ သူတို့ကို လေးစားမိတယ်။
image
နေ့ခင်းပိုင်းက ဖေ့စ်ဘုတ်က အကိုတစ်ယောက်ပြောတဲ့ ဖေ့စ်ဘုတ်မှာ နိုင်ငံရေးရေးသူတွေကို ဆွဲစိမယ်ဆိုတဲ့သတင်းရယ် ဒီစာအုပ်တွေရယ်ကို စိတ်စွဲပြီး အိမ်မက်ဆိုးတွေတောင် မက်မိတယ်။

ကျွန်တော်သိပ်ကြောက်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်တွေ ဆက်မကြောက်ရအောင် တတ်နိုင်တာထက် ပိုလုပ်ဖို့ တာဝန်ရှိတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ Freedom from Fear စာအုပ်လေး ပြန်ရှာဖတ်ပြီး အားမွေးရဦးမယ်။

Zawphyowai

Msc 082

တွေးမိတွေးရာ | Ecency