အတွေးစ အမြင်များ

Words
548
Reading
3 min
9y
Listen to this post
~4 min

မနေ့ည က Hollywood ရုပ်ရှင်မင်းသား brad pittရဲ့
War Machine ဆိုတဲ့ကား လေး ကြည့်ုဖြစ်တယ်။
အမေရိကန် တို့ အာဖဂန် က မဆုတ်ခင် ၂ နှစ်လောက်က အခြေအနေ ကို ရိုက်ထားတဲ့ ကားပေါ့။
အမေရိကန် တို့ အာဖဂန်မှာ သောင်းကြမ်းသူ တွေ ကို ဘယ်လိုမှ မထိမ်းနိုင်တဲ့အခြေအနေ လို့ သုံးသပ်မိတော့ တစ်ချို့ကလဲ စစ်ရှုံးပြီလို့ မြင် နေ ကြတယ်။
အာ့အချိန် မှာ အီရတ် မှာ ဆဒမ် စစ်တပ်ကို နှိမ်နင်း ရာ မှာ နာမည်ငြီး 4 star General ကို အာဖဂန်ကို ပြောင်းရွှေ့ တာဝန် ပေး ပြီး ဘယ်လို စီမန် ခန့်ခွဲ တယ် ဆို တာ ကို အပေါ် ယံ ရိုက်ပြထားတဲ့ ကားပါ။ image
4 star general အဖြစ် သရုပ်ဆောင်သွားတဲ့ Brad Pitt က တော့ နာမည်ကြီး ဆိုတဲ့ အတိုင်း ပင်ကိုယ်ရုပ်ပြောက်အောင် သရုပ်ဆောင်သွားတယ် ။ စစ်ပွဲတွေရဲ့မတူညီတဲ့အမြင်တွေကို သေချာရိုက်ပြထာတယ် ။

သူတို့အာဖဂန် ကို တိုက် တဲ့ရည်ရွယ်ချက်က အယ်လ်ခိုင်ဒါး ကို အပြတ်ရှင်းဖို့ ။
ဒါပေမယ့် တကယ့် အခြေအနေ မှာ ရင်ဆိုင်ရနေတာက
ကိုယ့်တိုင်းပြည်ကို နိုင်ငံ ခြားသားသိမ်းထားလို့ ရရာ
လက်နက် ဆွဲကိုင်ပြီး တော်လှန် (ပုန်ကန်)ကြတဲ့ တိုင်းရင်းသားအများစု ။
ဒီလို အခြေအနေမျိုးမှာ ဘယ်သူက ရန်သူ ဘယ်သူက အရပ်သားခွဲမရတဲ့ အဖြစ် ။
တနည်းအားဖြင့် Insurgency လို့ ခေါ်တဲ့ သောင်းကြမ်းသူတွေ ကို နှိမ်နင်း ဖို့ General ရဲ့ နယ်လှည့် တွေဆုံ လေ့လာ ပြီး management လုပ်ရတာတွေကို ရိုက်ပြထားတာပါ။ စိတ်ဓါတ် ခိုင်မာတဲ့ Well trained 4 star general ကြီးတောင် သောင်းကြမ်းသူတွေရဲ့ စိတ်ဓါတ်ခိုင်မာမှုကို လက်လျော့ချင်မိတဲ့ပုံကိုတွေ့ရတယ်။
ကျန်တာတော့ ဆက်သာကြည့်ကြပါ ..ကျနော့်အတွက်တော့ အတွေးတော်တော် ရတဲ့ကားလေဗျ။
image
ဘာလို့ သောင်းကြမ်းသူတွေ တနေ့တခြားပိုပို တိုးလာတာလဲ?? စိတ်ဓါတ်တွေ အာ့လောက်ပြင်းလာရတာလဲ??

ဒီကားထဲမှာ General ပြောတဲ့ counter-insurgency အခြေအနေ မှာ 10-2=20 ရတယ် ဆိုတော့ နဲနဲ နားရှုပ်သွားတယ် ။
ပြီးမှ သူ ရှင်းပြတာ က နှိမ်နင်း ခံရတဲ့ သူ ၂ ယောက်ထဲ က တစ်ယောက်စီမှာ အရင်းနှီးဆုံးမိတ်ဆွေ ညီအကို မိသားစုအခင်ဆုံးသူငယ်ချင်း ၆ ယောက် ရှိတယ်ဆိုကြပါဆို့ ။
အာ့ သူ ၁၂ က ပါ နဂိုစိတ်ဓါတ် အခံ နည်းနည်း ရယ် လက်စားချေ ဖို့ဘမုန်းတီးသွားတဲ့ စိတ်ဓါတ်ရယ်ပေါင်းမိပြီး ဆုံးဖြတ်ချက် အခိုင်အမာ ချမိသွားကြရော။
ကျန် ၈ ယောက်နဲ့ပေါင်းပြီး ၂၀ ဖြစ်သွားပါလေရဲ့။
သူ အဓိက ဆိုလို ချင်တာက သောင်းကြမ်းသူတွေကို နှိမ်နှင်းလေ ပိုတိုးလေ ဆို တာ ဖြစ်ဟန်ရှိတယ်။

အဲ့ဒီ မှာ ကျတော် တွေးမိတာ ယနေ့ ကမ္ဘာပေါ်မှာ ရွံစရာ အကောင်းဆုံး Isis လိုအဖွဲ့တွေ က terrorismဝါဒဖြန့် လူ စုရာမှာ ဒီအချက်ကို အဓိက ထားပြီး ကမ္ဘာ့ ညာဏ်ကြီးရှင်တွေ က အသုံးချနေတယ်လို့မြင်မိတယ် ။ ကေဒါပိုင်း က လူ ၅၀ လာက် စ ပြီး brain washed လုပ် မွေးထုတ် ဖောက်ခွဲ အကြမ်းဖက်ခိုင်း။ ပြီးတော့ ၁၀ ယောက်လောက်ကို ပြန်သုတ်သင်။ အာ့ ၁၀ ယောက် ရဲ့ အမျိုး ၆၀ လောက်က ဆင်ခြင်မှု မဲ့ စွာ member ဖြစ်သွား ပေါင်း ၁၀၀ ဖြစ် အာ့လိုမျိုး ဂျာအေးသူ့အမေ ရိုက်နဲ့ တစ်စ တစ် စပြန့်ပွားလာတာ အခု ဆို မြန်မာ အနောက်ပိုင်း ။ ဖိလစ်ပိုင် ။ယိုးဒယားအထိ တောင် ရောက်နေပြီလားပေါ့။
image
တကယ်တော့ အာ့ လို အဖွဲ့ ထဲမှာ ရောက်နေသူ တော်တော် များ များ က ဘာသာရေး အသိအမြင် ပညာရေး အသိအမြင် နိမ့်ပါး တဲ့ သူ ပိုများပါတယ် ။ သူတို့ က brain washed လုပ်ရလွယ်တာ ကိုး ။ပညာတတ်တွေ လဲ ပါပါတယ် လို့ ထောက်ပြနိုင်ပါတယ် ။ ပါပါတယ် ရာခိုင်နှုန်း အနည်း ပါ။ ထို သူတွေကတော့ အခုနကပြောသလို မိမိတို့ ချစ်ရတဲ့ အသိုင်းအဝိုင်းထဲ က တစ်ခုခု စတေးခဲ့ လိုက်ရလို့ လက်စားချေချင်လို့ ပါလာတာ ဖြစ်ဖို့ များပါတယ် ။ လက်သည်းစိတ်တော့ လက်ထိတ်နာတဲ့သဘော။ဒီနေရာ မှာ ပညာဆိုတာ အတန်းပညာ ကို ပြောနေခြင်းမဟုတ် ။ ဆင်ခြင် တုန်း တရား လော က အသိပညာ ကို ပြော ခြင်တာပါ။ Isis က ဝါဒ ဖြန်တာ မြို့စွန် မြို့ဖျား ဝေးလံတဲ့ဒေသ က လူတွေ များပါတယ် ။
Isis က သူတို့ လူတွေ ကို ဘယ်လို ဝါဒမှိုင်း စိတ်အခြေခံ တွေပေးလဲ ဆိုတာ လေ့လာမိသလောက် ပြောရ ရင် မူဆလင် ဖြစ် ရတဲ့ ကမ္ဘာ မှာ အကြမ်းဖတ်သမား ဆို ပြီး အနှိမ်ခံ ရကြောင်း တစ်နေ့မှာ အခြေမှုန်းခံရမည် ဆို ပြီးအစပျိုးပါလေတဲ့ ။

တကယ်တော့ အာ့လို တွေ စတာ တာဝန်ရှိတာကFBI နဲ့ CIA ဗျ။
9/11 ဖြစ်ရပ်ဆိုးကြီး ပြီး တော့ American နိုင်ငံသား အပြစ်မဲ့Muslim 1200 ကျော်ကို သံသယ မှု နဲ့ ဖမ်းပြီး ညှင်းပန်းနှိပ်ဆက် စစ်ဆေး ပါတယ် ။ ကျနော်တို့ တစ်ခါမှ မတွေးဖူးတဲ စစ်ဆေးနည်းမျိုး စုံကို သုံးပြီး လုပ်လိုက်တာ ပြန်ထွက်လာသူတွေ က စိတ်ပိုင်းဆိုင်ရာ ပြန်မထူထောင်နိုင်လောက်အောင် ဘဝမှာ အခက်အခဲ တွေ နဲ့ ကြုံရပါတယ် ။
အိုဘားမာတက်လာတော့မှ ပြန်လွတ်သူတွေတောင်များပါတယ်။
သူတို့ထဲမှာ စော န က General ပြော တဲ့ 10-2= 20 တွေဘယ်နှစ်ယောက်လောက် ပါသွားမလဲ။
ကမ္ဘာ့ ဉာဏ်ကြီးရှင်တွေနဲ့ ဖွဲထားတဲ့ CIA က ရလဒ်ကို မတွေးနိုင်တာ လား ။
သိရက်နဲ့ ရည်ရွယ်ချက်ရှိရှိ ၁၀-၂= ၂၀ တွေ မွေး လိုက်တာလား ။

ယနေ့ကျတော်တို့ မြန်မာ နိုင်ငံမှာ ရခိုင်တိုင်းရင်းသားတွေ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုတွေ ကို counter-insurgency လုပ်ရာမှာ တွင် ၁၀-၂=၂၀ တွေ မဖြစ် ရအောင် ဆင်ခြင် ဖို့ရာတွင် နှိမ်နှင်းသူတို့ ပါးပါး နပ်နပ်ကိုင်တွယ် ရန် ဘာသာ တရား အတွက်တိုက်နေခြင်း မဟုတ်ကြောင်း လူမျိုးကြောင့် တိုက်ခြင်းမဟုတ်ကြောင်း သူတို့ သည် အနှိမ်ခံ မဟုတ်ကြောင်း တရားဥပဒေအရ နိုင်ငံသားဖြစ်ပြီး သူများသည် နိုင်းငံသားတို့ ၏ အခွင့်အရေး တရားဥပဒေအရ အကာအကွယ်ပေးမည်ဖြစ်ကြောင် ရှေးဦးစွာ ပညာပေး အသိပေးပြီး မိမိတို့ တိုက်နေ သည်မှာ အကြမ်းဖက်မှု လုပ်ရပ်နှင့် အကြမ်းဖက်သမားများဖြစ်ကြောင်း ခိုးဝင်များကို မူ တရားဥပဒေအရပြန်ပို့ အရေးယူမည်သာ ဖြစ်ကြောင်း ကြေငြာချက်ထုတ် အပြတ်ချေမှုန်း ပါ က ၁၀-၂=၂၀ တွေ ဖြစ်လာရန် အခွင့်အရေး နည်းသွားနိုင်ပြီး ကမ္ဘာ အလယ်တွင် ပါ အမြင်တင့် လက်မထောင်နိုင်သည်ဟု တွေးမိကြောင်း။.....

သို့မဟုတ် ပါက အနောက်ပိုင်းသား ဘင်္ဂလီတို့ ရဲ့လူဦးရေ အခြေအနေအရ10-2= 100ဖြစ်သွားခဲ့ရင် 😱😱😱😱

အတွေး တစ်စ သာဖြစ်ပါတယ် ။
သင်တို့အမြင်များကို ဆွေးနွေးနိုင်ပါတယ်။

Zawphyowai

Msc 082

အတွေးစ အမြင်များ | Ecency