အဖွဲ့အစည်း

Words
99
Reading
1 min
Listen
Play
9y


အဖွဲ့အစည်းဆိုတာဘာလဲဗျ
မသိလို့မေးကြည့်တာပါ
ကျွန်တော်အဖွဲ့အစည်းတော်တော်များများကိုလေ့လာကြည့်မိတယ်ဗျ
့လေ့လာတာပြောတာပါ
ထိခိုက်ရန်မမရည်ရွယ်ပါဘူး
အမှားပါရင်ခွင့်လွှတ်ကျပါ
အဖွဲ့အစည်းတစ်ခုကိုလေ့လာကြည့်တာ
ငါဆိုတာတွေအတော်များနေတယ်
ငါပြောတာအမှန် ငါလုပ်တာကောင်းတယ်
ငါစကားကိုပဲနားထောင်
ငါပြောသလိုလုပ် ဘာမှပြန်မပြောနဲ့
အဲဒီလိုအဖွဲ့အစည်းတွေတော်တော်များတယ်
် အဖွဲ့အစည်းတစ်ခုမှအဓိကအရေးကြီးတာက
ခေါင်းဆောင်အရည်အချင်းကောင်းမှ
စည်းလုံးမှုရှိမှ အဲဒီအဖွဲ့အစည်းကအောင်မြင်နိုင်မှာပါ
အဖွဲ့အစည်းတစ်ခုမှာငါသမားတွေများလာရင်တော့ သေချာနေပါပြီ အဲဒီအဖွဲ့အစည်း ပြိုကွဲမှုမဖြစ်ရင်တောင် မအောင်မြင်ဖို့ကသေချာသလောက်ပါ
ဥပမာ အဖွဲ့အစည်းတစ်ခု အဖွဲ့ဝင်တစ်ဦးက မတော်တဆ အမှားတစ်ခုကျူးလွန်မိပြီဆိုပါတော့
အမှားလုပ်မိတဲ့ အဖွဲ့ဝင်လေးရဲ့ ခေါင်းဆောင်က အဲဒီအဖွဲ့အဝင်လေးကို ခင်ဗျားတော်တော်အသုံးမကျတာပဲ
ခင်ဗျားလုပ်လိုက်ရင်အမှားတွေချည်းပဲ အစသဖြင့်ဘာမှမစဉ်ချင်ပဲပြောဆိုလိုက်တယ်
အခြားအဖွဲ့အစည်းတစ်ခုမှာလည်း အပေါ်ကပြောခဲ့သလိုပဲ အဖွဲ့ဝင်လေးတစ်ဦးအမှားတစ်ခုလုပ်လိုက်မိတယ်
ထိုအခါမှာတော့ အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်းလေးကို ဒီကိစ္စဘယ်လိုဖြစ်တာလဲ
ပြဿနာအရင်းအမြစ်ကို သေချာမေးမြန်းပြီးမှ ဆုံးဖြတ်လိုက်တယ်
ကျွန်တော်ကတော့ ဒုတိယ အဖွဲ့အစည်းက ခေါင်းဆောင်ကမှ ခေါင်းဆောင်ကောင်းပီသတယ်လို့ ကျွန်တော်ထင်တယ်
ခင်ဗျားတို့ကရော ဘယ်လိုအဖွဲ့ခေါင်းဆောင်မျိုးလိုချင်သလဲ 1 or 2
စည်းလုံးမှု
စည်းလုံးမှုဆိုတာ ပါးစပ်ကပဲ အသံကောင်းဟစ်နေလို့ မရပါဘူး
အဖွဲ့အစည်းစိတ်ဓါတ်ရှိမှ စည်းလုံးမှုရှိကြမှာ
အဲလိုအဖွဲ့အစည်း စိတ်ဓါတ်ရှိဖို့ဆိုတာကလည်း မလွယ်ကူပါဘူး
အဖွဲ့အစည်းတိုင်းမှာလည်း အဖွဲ့အစည်းစိတ်ဓါတ်လူတိုင်းမှာ မရှိကြပါဘူး
အဖွဲ့အစည်း စိတ်ဓါတ်မရှိကြတဲ့ အဖွဲ့ဝင်တွေကို အဖွဲ့အစည်းစိတ်ဓါတ် ရှိလာအောင် လုပ်ဖို့ဆိုတာ အဲဒီအဖွဲ့အစည်းမှာရှိတဲ့ ခေါင်းဆောင်အရည်အချင်းနဲ့ စိတ်ဓါတ်ရှိတဲ့ အဖွဲ့ဝင်တွေအပေါ်မှာ မူတည်ပါတယ်
အဲဒါမှလည်း အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမှာပါ
အောင်မြင်နေကြတဲ့ အဖွဲ့အစည်းတော်တော်များများက ခေါင်းဆောင်ကောင်းနဲ့စည်းလုံးမှု တွေရှိကြလို့ပဲကျွန်တော်မြင်ပါတယ်
အားလုံးရဲ့ အမြင်လေးကိုလည်း comမှာရေးပေးကြပါလိုမေတ္တာရပ်ခံပါတယ်
အမှားများပါရင် ခွင့်လွှတ်ပေးပါရန် တောင်းပန် ပါတယ်ခင်ဗျာ
writing zawmyotun@zawmyotun
MSC 250

အဖွဲ့အစည်း | Ecency