တိုးတက်​​စေချင်​တာ

zawmyo(50)
Published in
#myanmar
Words
67
Reading
1 min
Listen
Play
8y

မြန်​မာနိုင်​ငံကြီး ဒီထက်​တိုးတက်​ရင်​သိပ်​​ကောင်းမယ်​။အဖက်​ဖက်​က အားနည်းချက်​​တွေ ရှိ​နေ​တော့ သူ့များနိုင်​ငံ​တွေနဲ့ ယှဉ်​ဖို့ မလွယ်​ကူနိုင်​။ ကိုယ့်​နိုင်​ငံမှာ ဘယ်​သူ​တွေ တာဝန်​ရှိသလဲ​တော့ ​သေချာမသိ။

သိတာတစ်​ခု​တော့ ​ပြောပြချင်​တယ်​။ အခုလို တိုးတက်​​နေတဲ့​ခေတ်​ကြီးမှာ မျက်​လုံးနဲ့ကြည့်​ပြီးမှ ယုံလို့မရသလို မဖြစ်​နိုင်​ဘူးဆိုတာလဲ ​ပြောလို့ မရသလိုဖြစ်​​နေပါပြီ။

နည်းပညာ ​တွေက ​ကြောက်​စရာ​ကောင်း​အောင်​ကို တိုးတက်​လာပါပြီ။ ဘယ်​​လောက်​ပဲ တိုးတက်​​နေပါ​စေ မြန်​မာနိုင်​ငံက​တော့ သူတို့ရဲ့ ​အောက်​မှာပဲ ရှိမြဲ ရှိစမြဲပါ​လေ။

အဲ့ဒီ​တော့ ​ခေတ်​သက်​စ လူငယ်​​တွေမှာ ပိုပြီး တာဝန်​ရှိသလို ဘုမသိ ဘ မသိခဲ့တဲ့ လူကြီး​တွေကလဲ လူငယ်​​တွေကို တွန်းအား​ပေးဖို့လိုပါလိမ့်​မယ်​။ "ငါ့​ခေတ်​​တော့ ဒါမျိုးမရှိဘူး ဒါ​တွေ မလုပ်​တတ်​ဘူး မလုပ်​ရဲဘူး"ဆိုပြီး အ​တွေး​တွေဝင်​ပြီး လူငယ်​​တွေကို​တော့ မနှိပ်​စက်​လိုက်​ပါနဲ့ဗျာ။

အခုဆိုရင်​လဲ မြန်​မာလူငယ်​​တွေ တတ်​နိုင်​သမျှ ကြိုးစား​နေကျပါပြီ။ထောက်​ပံ့​ပေးမှု့​တွေ​တော့ အားနည်း​တော့ ​မျှော်​မှန်းသလို​တော့ ဖြစ်​မလာဘူး​ပေါ့ဗျာ။ တစ်​ချိန်​မှာ​တော့ တိုးတက်​တဲ့မြန်​မာနိုင်​ငံဖြစ်​လာမယ်​လို့​တော့​မျှော်​လင့်​မိပါတယ်​။

သို့​ပေမယ့်​ အချိန်​​နောက်​မကျဖို့လဲ ဆု​တောင်းမိပါ​သေးတယ်​ခင်​ဗျာ။

zawmyo@zawmyoFB_IMG_1521019276157.jpg

Credit photo from google

တိုးတက်​​စေချင်​တာ | Ecency