အိမ်ပတ်ဝန်းကျင်သာယာလှ
တောင်တန်းကြီးက ကဗျာဆန်ပါ့
လယ်ကွင်းပြင်အလှကြည်နူးရ
တို့အိမ်လေးက ယိုင်နန
လေတိုက်လိုက်တိုင်းလန်လန်ကျ
တိုင်ကိုးလုံးနဲ့ကျားကန်ရ
အိမ်ထရံကာ ဆန်ခါပေါက်
လေဝင်လေထွက် အရမ်းကိုနှောက်
မိုးရောက်ရင်လည်း သိပ်ပျော်ရ
အိမ်နောက်ဘက်က စမ်းရေကျ
တို့အိမ်ကလေး တို့ချစ်ရ.....